"Jungkook ဘယ်လဲ........"
စတော်ဘယ်ရီခြင်းတခုဖြင့်အိမ်တော်ထဲသို့ပြေးဝင်လာ
သောအညိုရောင်အနွေးထည်အကျီဖြင့်ကောင်လေးကို
မြင်သော်လည်းအရေးကြီးသောParkJiminဆိုသည့်
သက်ရှိအရာကြောင့်တွန်းတိုက်ကာထွက်သွားရသည်။
ပြန်လည်းမဖြေမိ နူတ်လည်းမဆက်မိ။သို့သော်ထိုအညို
ရောင်ကောင်လေးကစိတ်ကွက်သွားလိမ့်မည်ဟုမထင်ပါ
စိတ်မဖြောင့်၍တချက်ပြန်ကြည့်ချိန်တွင်စတော်ဘယ်ရီ
ခြင်းတွေသာအာရုံအပြည့်။လမ်းကြုံ၍မေးလိုက်ပုံထက်
ဘာမှမပို..။"ထယ်လေးပါလား....မနက်အစောကြီးအိမ်လည်လာတာ
ပေါ့...."အိမ်တော်ထိန်းကြီးကိုမြင်သည်နှင့်သွားတန်းလေးညီ
နေအောင်ပြုံးကာစတော်ဘယ်ရီခြင်းငယ်အားပေးလိုက်
သည်။"Jungkookဘယ်သွားတာလဲ..
ထယ်ကသူ့အတွက်ယူလာတာအလောတကြီးထွက်သွားလို့.....""ပြသနာတခုခုရှိပုံပဲ ထယ်လေးရဲ့ ညထဲကအဆင်မပြေ
တာကြည့်ရတာ ရန်ဖြစ်ကြပြန်ပီနဲ့တူတယ်....""ဟို ပန်းရောင်ကောင်လေးနဲ့လား....."
"သခင်လေးရန်ဖြစ်စရာကဘယ်သူရှိသေးလို့လဲထိုးတာ
ကြိတ်တာတော့မကြားမိဘူး ပန်းရောင်လေးကညထဲက
ပြန်သွားတာ....""အော်.....စိတ်ကောက်သွားတယ်နဲ့တူတယ်....."
"ဖြစ်နိုင်တယ် သူတို့ကအမြဲတမ်းစိတ်ကောက်နေကြတာ"
Taehyungလည်းအမြဲစိတ်ကောက်ချင်သား.....။
အတွေးတခုခေါင်းထဲရောက်လာတော့ခွီးခနဲရီချလိုက်မိ
သည်။ဟိုကစကားပြောဖို့မပြောနဲ့တွန်းတိုက်ထွက်သွား
တာကိုဒီကစိတ်ကောက်ချင်နေတာအရမ်းများဟာသ
ဆန်လွန်းသွားသလားတော့မသိအိမ်တော်ထိန်းကြီးကို
ထိုအတွေးအားပြောပြလိုက်တော့စတော်ဘယ်ရီ
Milkshakeချက်ချင်းလုပ်ပေးမည်ဟုဆိုကာမီးဖိုခန်းထဲ
သို့ခေါ်သွားခဲ့သည်။"ထယ်လေး.....သခင်လေးကိုစောင့်သွားလိုက်နော်
အတူတူညစာစားသွား...."စကားပြန်မရတော့Milkshake ကိုသာစိတ်ဝင်တစားမသောက်ဖူးသည့်အတိုင်းလုသောက်နေသောချစ်စရာ
ကောင်းလွန်းသောဝက်ဝံပေါက်လေးလိုကောင်လေးအား
ငေးကြည့်မိကာသက်ပြင်းတချက်တော့ချမိခဲ့ပါသည်။