☁️17

15.4K 1.7K 23
                                    

နှစ်ပတ်မျှအကြာဆေးရုံတွင်နေခဲ့ပြီးနောက်တွေးထား
သည့်အတိုင်းသူJeonစံအိမ်တော်ကြီးပေါ်သို့ခြေစချခဲ့
သည်။အိမ်ထဲမပြောနှင့်အိမ်ရိပ်တောင်နင်းဖို့မတန်ဘူးဟု
လက်ညိုးငေါက်ငေါက်ထိုးခဲ့စဉ်ကငိုကြွေးကာအိမ်ပြန်ခဲ့
ဖူးသည်။ငယ်ရွယ်သေးတဲ့နှလုံးသားသည်ထိုနေ့မှက
အိမ်ရှေ့သို့ပင်ဖြတ်မသွားတော့။ဘယ်တော့မှဒီအိမ်ကြီး
နှင့်ရေစက်မဆုံရစေရန်ဓာတ်ပုံမြင်လျှင်တောင်
မကြည့်ဘဲမျက်ကွယ်ပြုခဲ့သည်။
Riကိုတယောက်ထဲမထားခဲ့ရန်Namjoon Hyungက
တောင်းပန်သော်လည်း ခေါင်းမာခဲ့သူသည်
"အန်တီကြီးရှိတာပဲ ပီးတော့Hyungလည်းရှိတယ်
ကျတော်အိမ်မှာနေတုန်းကလည်းလျှောက်ပဲသွားနေတာ
ဘာမှမထူးဘူး...."
အတ္တနှင့်အနိုင်လိုချင်စိတ်သည်ပြင်းပြင်းပြပြထိုကောင်
လေးတကိုယ်လုံးစီးဆင်းနေပုံ။MinYoongi ၏
ရှင်းပြပေးမှုတွေသည်လည်းဟာသပြက်လုံးများအဖြစ်
ပြောင်းလဲကာ
"ကားထဲကကျတော့်ကိုခင်ဗျားအရင်တွေ့ခဲ့တာဆိုဒါဆို
ကျတော့်နာကျည်းမှုကိုခန့်မှန်းမိလောက်မှာပါ...."
ချစ်နေမိသောသူကတပါးသူအိမ်သွားနေကာအတူတူရှိ
နေမည့်အရေးအားYoongiတားခွင့်လည်းမရ..
စည်းအထပ်ထပ်နှင့်ကန့်သတ်ထားလျက်....။
သူတို့ကချစ်သူတွေ..ခုအတူတူမရှိလည်း နောင်အနာဂါတ်
မှာတလျှောက်လုံးအတူတူရှိသွားကြမှာ..မင်းဘာဖြစ်
နေတာလဲMinYoongi.....။
အီတလီမှအမှတ်တမဲ့ကောင်လေးသည်မိုးရေထဲထီးမ
ဆောင်းဘဲပြေးလွှားမိသည်အထိသူ့အားသွေးရူးသွေးတန်းခံစားချက်မျိုးကိုပေးစွမ်းနိုင်ခဲ့သည်။
.......
"ဘီယာသောက်ဖို့ကိုငါဒီလောက်ခေါ်နေရတာမဟုတ်သေး
ဘူးကွာ...ငါလည်းကားမောင်းဖို့အဆင်မပြေသေးလို့
မင်းတို့ကို ပင့်မနေရတာ...အရေးကြုံမှမင်းတို့စိတ်ဓာတ်
အမှန်တွေကိုသိတော့တယ်"
"ဘာ...ဒီအိမ်ကဘာဖြစ်နေလို့လဲ...မလာရဲရအောင်
ရွှေချထားလို့လား....အိမ်ကြီးအိမ်ကောင်းမို့ဘီယာ
မသောက်ရဲဘူးဆိုသေလိုက်ကြ..."
"JeonJungkook ကိုဘာမှဂရုစိုက်နေစရာမလိုဘူး...
အိမ်မှာလည်းမရှိဘူး...အလုပ်မှာ..."
ခြံထဲရှိရေကူးကန်ပြာပြာဘေးတွင်နေကာမျက်မှန်အဝါ
ရောင်ဖြင့်မျက်မှောင်ကျုံ့ရင်းဖုန်းပြောနေပုံသည်
မနက်ခင်းနှင့်အပြိုင်လန်းလန်းဆန်းဆန်း...။
သစ်သားခုံပေါ်တွင်လှဲနေရင်းခါးတွင်တပတ်တထည်သာ
ပတ်ထားပြီး NMဆိုသောတက်တူးသည်ခါးထက်တွင်
ထင်းခနဲ..။ရေကူးကန်ရှိရက်နဲ့ရေမကူးနိုင်ခြင်းကိုလည်း
ကျေနပ်မနေ..။ခပ်လှမ်းလှမ်းမှအိမ်တော်ထိန်းဆိုသူသည်
တချိန်လုံးလိုက်ကြည့်နေကာJeonJungkook အား
သံတော်ဦးလှမ်းလှမ်းတင်နေသောပုံ။
စရောက်သောနေ့တွင်ကြိုဆိုခဲ့ကြသလောက်...ရက်တို့
အနည်းငယ်ကုန်လွန်သည့်အခါသူ့အားရှောင်ဖယ်လာကြ
သည်။
"လာလိုက်ကြကွာ...ငါပျင်းလို့သေတော့မယ်..."
"အကုန်တာဝန်ယူတယ်..."
"အိုကေ...မြန်မြန်လာကြငါစောင့်နေမယ်..."
ဖုန်းချလိုက်ကာဘီယာသောက်ရန်အစီအစဉ်အားစတင်
ရန်အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။စူးစူးစမ်းစမ်းမျက်လုံး
တွေအားမျက်ကွယ်ပြုလျက်အဝတ်အစားဝတ်ရန်
လှေကားထစ်တွေအတိုင်းတက်သွားခဲ့သောသူသည်
တအိမ်လုံးအားပြုံးပြသွားသေးသည်။...
လှောင်ပြုံးတွေဖြစ်နေသည်ကလွဲ၍။
အိမ်ကိုစရောက်တော့Jungkookနှင့်တခန်းထဲအတူတူနေ
ခဲ့ကာနှစ်ရက်လောက်အကြာနောက်တခန်းစီစဉ်ပေးရန်
တောင်းဆိုခဲ့သည်။
"မောင်...Hyungကိုဘာများအတင်းအကျပ်လုပ်လို့လဲ"ဟု
တအံ့တဩမေးလာသူကို "မနေတတ်လို့"ဟုသာခပ်ရှင်း
ရှင်းဆိုရင်းသူJungkook အခန်းကျယ်ကြီးထဲကထွက်လာ
ခဲ့သည်။ခေါင်းမာပြီးရင်ကော့လျက်ခြေချခဲ့သော
အိမ်ကြီးတွင်သူJungkook နှင့်ချစ်ကြည်နူးမနေချင်...။
ညီမလေးကိုထားခဲ့ရသောစိတ်ကလေးကလည်းတခါတလေခေါင်းထဲတိုးဝင်လာတိုင်းမှားသွားပြီလာဟုသံသယ
ဝင်ဝင်လာတတ်သည်။Jungkookအမေနှင့်ထိပ်တိုက်တွေ့
ရန်မျှော်လင့်ခဲ့သော်လည်းမသိသေး၍ဘဲလားမသိ...
မျက်စိရှေ့သို့ပေါ်မလာသေးပါ..။
"Jimin...."
အဝတ်အစားလဲပီးနောက်သောက်ဖို့စားဖို့စားပွဲခုံရှည်ကြီး
တွင်စီစဉ်နေသူအနားအိမ်တော်ထိန်းရောက်လာခဲ့သည်။
"အင်း..."
"အရက်သောက်ကြမလို့လား..."
"ဟုတ်တယ်...ကျတော့်သူငယ်ချင်းတွေလည်းခေါ်ထား
တယ်..လာရင်တံခါးသေချာဖွင့်ပေးလိုက်အုန်း"
"သခင်လေးက အိမ်မှာဝိုင်းဖွဲ့အရက်သောက်တာမျိုးကို
မကြိုက်ဘူး Jimin..."
"ဝိုင်ပုလင်းတွေကျ ဂိုထောင်လိုက်ထားသောက်နေပြီး
ဘာတွေအပိုလုပ်ပြန်ပြီလဲ..."
"ဝိုင်သောက်တယ်ဆိုရင်တောင်သူဌေးကတော်ရှိမှအပြင်
မှခဏသောက်ပီးအခန်းထဲမှာသောက်တာများတယ်
ဒီလိုမျိုး အိမ်လည်ကောင်မှာအရက်ဝိုင်းထောင်တာမျိူး
သူလက်ခံမှာမဟုတ်ဘူး..."
"ကျတော်လက်ခံတယ် ကျတော်လက်ခံရင်သူလက်ခံလိမ့်
မယ်"
"Jiminရောက်နေတာ Jeonစံအိမ်တော်ပါ...."
"အဲ့တော့.."
"အိမ်တော်ရဲ့စည်းကမ်းတွေကိုလိုက်နာပေးပါ.."
"ဒီအိမ်တော်ပိုင်ရှင်ကိုတောင်စည်းကမ်းချက်ထုတ်ပေး
နိုင်တဲ့ငါ့အတွက် ဒီစကားပြောတာသိပ်ရီရတယ်မထင်
ဘူးလား...."
"ဟော...လာကြပီထင်တယ်..."
ရောက်လာခဲ့သောအပေါင်းအသင်းတစုအားအိမ်ရှေ့
အထိသွားကြိုကာအိမ်တော်ထိန်းကြီးအားတွန်းတိုက်
ထွက်သွားခဲ့သောသူ..။သက်ပြင်းတချက်ချရုံကလွဲရင်
ဘာမှမတတ်နိုင်ခဲ့။
.......................။
"ထမင်းပြင်ပေး..."
ကားပေါ်မှဆင်းဆင်းချင်းထမင်းစားရန်တန်းပြောလာသောCEOသည်ဗိုက်ဆာလာဟန်ရှိသည်။စာရွက်စာတန်း
တွေအားကမ်းပေးရင်းအိမ်ထဲသို့ခပ်သုပ်သုပ်ဝင်သွား
သည်။
တဟစ်ဟစ်ရီသံသေးသေးလေးသည်နေ့ခင်းကြောင်
တောင်မူးနေမှန်းသိသာကာသူ့ခြေလှမ်းတွေတန့်သွား
သည်။ထမင်းစားခန်းကျယ်ကြီးထဲဝင်သွားလိုက်သော်
အခါ ဘီယာဗူးခွံတွေပြန့်ကျဲလျက်ရှိသောကြမ်းပြင်နှင့်
စားပွဲပေါ်မှအရက်ပုလင်းတချို့ကြောင့်လက်သီးက
ဆုပ်မိလျက်သား။ထိပ်ဆုံးခုံတွင်ထိုင်နေသောလူသား
သည်သူ့အားမြင်သော်အခါ..
"စောလှချည်လား...Jeon....လာပါအုန်း....လွမ်းနေတာ"
သူ့အပေါင်းအသင်းများသည်မျက်နှာသေဖြင့်CEO
Jeonအားမြင်လိုက်ရသောိအခါအမူးပြေသွားသလိုပင်
အသီးသီးနူတ်ဆက်ရင်းထပြေးသွားကြသည်
"ဘာလုပ်နေတာလဲ....."
"သောက်နေတာလေ ပျင်းလို့..."
"အော်.....!"
"ထမင်းနဲ့ဟင်းနဲ့ထည့်ပီးငါ့အခန်းထဲလာပို့ပေးပါ...ထမင်း
စားပွဲကထမင်းစားလို့ရမယ်လို့မထင်တော့ဘူး"
ထိုမျှသာပြောရင်းထမင်းစားခန်းအားကျောခိုင်းလ်ုက်
သောJungkookသည်ဆံပင်တွေအားသပ်တင်ကာ
အသက်ဝဝရှုရင်းအပေါ်ထပ်သို့တက်သွားခဲ့သည်။
"မင်းက ငါအရက်သောက်နေလို့ထမင်းတောင်အတူတွဲ
မစားနိုင်တာလား ရွံလို့လားJeonJungkook...."
ထမင်းစားခန်းဆီမှဒေါသမာန်အပြည့်ထွက်လာလေသော
အသံသည်တအိမ်လုံးသို့ရိုက်ခတ်သွားခဲ့သည်။
လှေကားထစ်များသို့တက်လက်စခြေလှမ်းတွေရပ်ပစ်ကာ
ပြန်ဆင်းလာခဲ့တော့သည်။အရောင်တလဲ့လဲ့အရက်ခွက်
အားကိုင်ကာသောက်တော့မည့်ဆဲဆဲလူရဲ့လက်တွေအား
ဖြတ်ရိုက်ချလိုက်တော့ နာသွားသည့်အသံလေးသည်
ထင်ထင်ရှားရှား။
"ဒေါသတွေထွက်အောင်လာလာမစနဲ့...ခင်ဗျားအရက်
သောက်လို့မရသေးဘူးလို့ဆရာဝန်တွေပြောထားတာ
ဦးနှောက်မရှိလို့မှတ်မထားနိုင်ဘူး...ကျတော့်ကြောင့်ဆို
တဲ့ယူကျုံးမရမှုကြောင့်ခင်ဗျားမျက်နှာလေးမဲ့သွားရင်
တောင်ဆောက်တည်ရာမရခဲ့တာ ခင်ဗျားကစိတ်ထင်
သလိုလိုနေနေတယ် အစုတ်အပြတ်တွေအိမ်ပေါ်ခေါ်ပီး
ပွဲခံနေတာ စရိုက်ပေါ့ Parkjiminရယ် စရိုက်ပေါ့
ခင်ဗျားမလို့..တခြားလူသာဆို လည်လှီးပီးပီ...
ခုကြည့်နေတဲ့အကြည့်နဲ့အပြုအမူကိုပြင် ကျတော့်အိမ်
ပေါ်မှာ စိတ်ထင်သလိုမူးရူးပျော်ပါးနေလို့မရဘူး
ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အတူတူနေဖို့ထက်
ဒုက္ခပေးဖို့ကိုရွေးချယ်ပီး ကျတော့်ဆီလာခဲ့တာ ကျတော်
ခင်ဗျားအချစ်ကို မရွံရတော့ဘူးလား.."
မျက်နှာပေါ်သို့ရောက်လာသောအရက်များသည်ရှပ်အကျီ
အဖြူအထိစီးဆင်းကာခါးသက်လွန်းလှသည်။
"မင်းကိုငါမုန်းတာအဲ့တာတွေ...မင်းကပါးစပ်လေးနဲ့ချစ်
ပြတတ်ပြီးမင်းပုံစံခွက်ထဲကနေငါကျော်လွန်ရင်
ငါ့ကိုအစုတ်အပြတ်ကောင်လိုငါ့အသားတွေပဲ့ကျမတတ်
စော်ကားတယ် ငါ့စိတ်ချမ်းသာမှု ငါ့ပျော်ရွှင်မှုထက်
မင်းအိမ်ရဲ့စည်းမျဉ်းတွေကပိုအရေးပါတယ်
မင်းမျက်နှာဖုံးကွာကွာကျတဲ့အချိန်တွေကသိပ်ကြောက်
စရာကောင်းတယ်"
"အဲ့တာကြောင့်မျက်နှာကိုအရက်နဲ့ပက်တာလား...
ကျတော့်အိမ်မှာ ကျတော့်အလုပ်သမားတွေရှေ့မှာလေ"
"ငါဂရုမစိုက်ဘူး...."
"......"
စားပွဲပေါ်တွင်ရှိနေသောခွက်အလွတ်ထဲအရက်တို့လောင်း
ထည့်ကာသောက်နေသောသခင်လေးဆီသို့ပြေးလာသော
အိမ်တော််ထိန်းကြီးသည်အပြင်းအထန်တားနေခဲ့သည်။
တခွက်လုံးသောက်ပီးသည့်နောက်ဘာစကားမှထပ်မပြော
တော့ဘဲအပေါ်ထပ်သို့တက်သွားခဲ့သောသူသည်
တချက်မျှယိုင်သွားကာမြင်ကွင်းမှပျောက်ကွယ်သွား
တော့သည်။
.........။
"Min....ဒီနှစ်အရမ်းအေးတယ်နော် အချိန်အခါမဟုတ်
လည်းမိုးတွေရွာတတ်သေးတယ်"
"ရာသီဥတုကိုတောင်သတိမထားမိပါဘူးဗျာ..."
ပြသနာတခုခုရှိနေပုံရသောMinသည်ကလေးကစားကွင်း
တခုသို့သူ့အားဖုန်းဆက်ကာလှမ်းခေါ်ခဲ့သည်။
ငိုထားပုံရသောမျက်လုံးတို့သည်အရင်လိုတော့တောက်ပ
မနေ။
"Jungkookအိမ်မှာအဆင်ပြေရဲ့လား..ကိုယ်ကလေ
မင်းခပ်ဝေးဝေးမှာနေတာတောင်အန္တရာယ်ကြုံရတာ
ခုလိုနီးနီးလေးသွားနေတော့ ပိုဆိုးသွားမာသိပ်စိုး
ရိမ်နေတာ..."
"မစိုးရိမ်ပါနဲ့"
အက်ကွဲနေသောအသံလေးသည်ခပ်တိုးတိုးလေး..။
လက်ချောင်းအားလုံးလိုလိုတွင်စွပ်ထားသော
လက်စွပ်တွေအားဟိုဟိုဒီဒီပြောင်းဝတ်နေရင်း
အာရုံတွေသည်စုစည်း၍မရသောပုံ...။
"သူ့ကိုအရမ်းချစ်တာပဲလား..Min"
လက်စွပ်တွေပေါ်တွင်ရှိနေသောအာရုံတို့နှင့်လှုပ်ရှားမှု
တို့သည်တိခနဲရပ်ကာသူ့အားစိုက်ကြည့်လာခဲ့သည်
ယုံကြည်ရမလားဟုမေးနေသောမျက်လုံးတွေ...။
Jungkookနှင့်ပတ်သတ်ပြီးရင်ဖွင့်ချင်တယ်ဆိုသော
မျက်လုံးတွေသူနားလည်နေတာတော့အခက်သားရယ်။
"အင်း...ချစ်တာပေါ့..ကျတော့်အချစ်ဦးပဲ...သူ့ကိုခုလို
အေးနေတဲ့အချိန်လေးမှာစတွေ့ခဲ့တာနှာခေါင်းလေးတွေ
ကနီရဲလို့ ချစ်စရာကောင်းတဲ့ကလေးလေးပါ..."
Minသည်ကောင်းကင်ကြီးအားမော့ကြည့်ရင်းထိုစကားကို
ဆိုသည်။
"သူ့အမေက သိပ်ရက်စက်တယ်လေ..ကျတော့်ကိုစတွေ့
ထဲကအပင်ဖျက်ပိုးမွှားလိုကြည့်ခဲ့တာ..ကျတော်က
နိုင်ငံခြားမှာပညာလာသင်တဲ့Jungkookလို့ပဲသိခဲ့တာလေ
Jeon လုပ်ငန်းစုရဲ့ဆက်ခံသူလို့သိလာရတော့ကျတော်နဲ့
တော်တော်အလှမ်းကွာနေခဲ့တာကိုနားလည်လို့ရပ်တန့်ပစ်
ဖို့ကြိုးစားခဲ့ပေမယ့် "မောင်ကလေ.."လို့သူပြောပြော
လိုက်ရင် လမ်းတွေပျောက်ရရော..ခုလည်းကြည့်
ကျတော်သူ့အိမ်အထိ ကပ်ပါးကောင်လိုကပ်တွယ်နေတာ"
စကားဆုံးတော့Yoongi Hyung အားကြည့်မိလိုက်
တော့ဆွေးဆွေးမြေ့မြေ့စိုက်ကြည့်နေသောမျက်လုံး
လေးတွေ။ကောင်းကင်ပေါ်သို့အကြည့်ကိုမြန်မြန်ပြန်ပို့မိ
သည်။
"ကျတော့်ကိုအဲ့လိုမကြည့်ပါနဲ့"
"Sorry...!Min"
"အရင်ကဗျာ....တခုခုဆိုအိပ်ဆေးတွေသောက်အိပ်ပစ်
လိုက်တာမျိုး လက်တွေကိုဓားနဲ့လှီးတာမျိုး
အော်ဟစ်ငိုလိုက်တာမျိုးက ထွက်ပေါက်လို့ထင်ခဲ့ပေ
မယ့် ခုလိုပြောပြစရာမိတ်ဆွေတစ်ယောက်ရှိတာမျိုးက
သိပ်အဆင်ပြေတာပဲ ခင်ဗျားကအနည်းဆုံးတော့
ကျတော့်ဘဝကိုမဝေဖန်ဘူးလေ..."
"ကိုယ့်အတွက်မင်းကအမြဲအမှန်တရားပါMin..."
"ကျတော့်ကို လာအီတဲ့သူတွေထဲတော့ ခင်ဗျားကအလန်း
ဆုံးပဲ..."
"ကိုယ်မင်းကိုမအီခဲ့ဖူးဘူး....တကယ်အပိုင်လိုချင်လို့
အနားကပ်ခဲ့တာကြီးပဲ...မင်းအထင်လွဲနေသေးတယ်
"ဒါဆိုကျတော်တစ်သက်လုံးအထင်လွဲနေပါရစေ..."
Minသည်ခြေထောက်လေးနှင့်အရှိန်ယူကာဒန်းအား
လွှဲနေခဲ့သည်။အရက်နံ့နှင့်ရေမွှေးနံ့ရောနေသောကိုယ်လုံး
ငယ်၏အနံ့သည်တိမ်မူးဖွယ်ရာအတိ။
"ကဗျာတပုဒ်လောက်ရွတ်ပြပါလား"
"ကဗျာတွေကိုစိတ်ဝင်စားနေပီလား...."
"ခင်ဗျားကလည်း...ခင်ဗျားကပုံတွေဆွဲစာတွေရေးလို့
ကျတော်ကတောင်းဆိုကြည့်တာပါ..."
"နောက်မှပေါ့...မင်းအတွက်ကဗျာတပုဒ်လက်ဆောင်ပေး
ပါ့မယ်..."
ပြန်ပြောမည့်ဆဲဆဲဖုန်းသံကြောင့်စကားတို့အဆက်ပြတ်
ခဲ့ရကာMinကတုန်လှုပ်သွားသည့်ပုံ။
"ကျတော့်ကိုပြန်လိုက်ပို့ပေးပါလား...အရေးကြီးနေလို့..."
"အင်းအင်းလာလေ..."
အမြန်ဆုံးမောင်းကာJeonအိမ်တော်ကြီးရှေ့ရောက်သည်
နှင့်Minသည်သူ့အားနူတ်ပင်မဆက်နိုင်ဘဲအိမ်ထဲသို့
ပြေးဝင်သွားခဲ့သည်။ကျောပြင်သေးသေးလေးအားငေး
လျက်ပင် မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိကြည့်
နေမိသည်။
......
အခန်းထဲပြေးဝင်လာသည်နှင့်စုရုံးရောက်ရှိနေသောအိမ်
အကူကောင်မလေးတွေသည်ပြားပန်းခတ်နေလျက်။
သန့်စင်ခန်းဆီသို့ပြေးသွားလိုက်သည်အခါငိုတော့မလို
မျက်နှာနှင့်အိမ်တော်ထိန်းကြီးနှင့်အရုပ်ကျိုးပြတ်အန်
နေသောJungkookအားတွေ့လိုက်ရသည်။တကိုယ်လုံး
စိုရွှဲနေသောချွေးများသည်ရေချိုးထားသလိုပင်။
"Jeon...!Jeon...!ရရဲ့လား Hyung ကိုကြည့်ပါအုန်း.."
အိမ်သာထဲခေါင်းစိုက်နေသောသူအားရင်ခွင်ထဲအပြေး
ထည့်ရင်းမေးနေသော်လည်း
"နာတယ် ဟူသောစကားလေးနှစ်လုံးသာပြန်ကြားရသည်။
"အစားတွေအချိိန်မှန်မစားတော့သူ့အစာအိမ်ကခဏခဏ
ထိထားတယ် အစာမရှိဘဲအရက်ပြင်းတွေသောက်တော့
ဘယ်ခံနိုင်ပါ့မလဲ...."
"ဆရာဝန်ခေါ်ထားတယ်မလား..." "လာနေပါပီ..."
နာကျင်လွန်း၍သူ့လက်တွေအားအားကိုးတကြီးဆုပ်ကိုင်
လာသူ၏မျက်နှာလေးသည်နှလုံးသားအားဓားနဲ့အကြိမ်
ကြိမ်ထိုးနေသလို။အရိုက်ခံတုန်းကတောင်ဒီလောက်
မနာကျင်ခဲ့။အရွဲ့တိုက်တတ်တာသူလို့အားလုံးကထင်ကြ
ပေမယ့် ဒီလူအရွဲ့တိုက်လျှင်သူ့ထက်အဆတရာဆိုး
ကြောင်းဘယ်သူမှနားလည်ကြတာမဟုတ်။
"အိပ်ယာပေါ်သွားလှဲနေမလား...."
"အန်ချင်တယ်.." ပြောပြောဆိုဆိုထပ်အန်နေသောကျော
ပြင်အားနှိပ်ပေးရင်းသန့်စင်ပေးကာအိပ်ယာပေါ်သို့
ချော့ခေါ်လာခဲ့သည်။
"ဒီမှာအန်ချင်လည်းအန်ချလိုက် ဘာမှမဖြစ်ဘူး...
ဟိုမှာအရမ်းအေးနေလို့ အအေးထပ်ပတ်မှာစိုးလို့..."
"အင်း..."
"ဆန်ပြုတ်ပျော့ပျော့ပြုတ်လာခဲ့ပေး..."
"ဟုတ်ကဲ့အကိုလေး"
"သွားကြတော့အကုန်..ငါကြည့်ပေးလို့ရတယ်.."
ကောင်မလေးတွေကချက်ချင်းထွက်သွားကြသော်
လည်းအိမ်တော်ထိန်းကြီးစိတ်မချနိုင်။ခပ်စူးစူးတချက်
စိုက်ကြည့်မှထွက်ခွါသွားတော့သည်။
"Hyung အကျီတွေလဲပေးမယ်...အကုန်ညစ်ပတ်နေပီ"
အကျီကြယ်သီးတွေအားတလုံးချင်းဖြုတ်နေရင်းအခန်း
ကိုလည်းတချက်စစ်ဆေးလိုက်ရသေးသည်။တယောက်
ယောက်ရှိနေပြီးJungkookအားကြည့်နေတာမျိုးကိုသူ
လုံးဝမကြိုက်။မမြင်အပ်မြင်အပ်အကုန်သူနဲ့သာဆိုင်
သည်ဟူ၍သတ်မှတ်ထားတာကြောင့်ဘောင်းဘီတိုဝတ်
ရင်တောင်သူပြင်းပြင်းထန်ထန်ပြောဆိုတားမြစ်တတ်
သည်။ပေါ့ပေါ့ပါးပါးလေးလဲပေးပြီးသော်အခါJungkook
သည်အကုန်ပြန်အန်လိုက်၍လားမသိငြိမ်သွားခဲ့သည်။
"သိပ်မနာတော့ဘူးမလား..."
"နောက်တခါ..သူစိမ်းယောကျ်ားတွေနဲ့အရက်မသောက်ပါ
နဲ့...."
"CEOကြီးရယ်...ကလေးဆန်လိုက်တာကွာ..."
"ကျတော့်အူတွေပြတ်ထွက်တော့မလိုပဲ..."
"မင်းသွားသောက်တာကို..."
"မဟုတ်ဘူး....ခင်ဗျားကိုအိမ်ရှေ့ကနေလာခေါ်သွားတဲ့
MinYoongiကားကြောင့်...ဒီအခြေအနေအထိမဖြစ်
ဖြစ်အောင်သောက်လိုက်တာ...ခင်ဗျားနောင်တမရသွား
ဘူးလား..."
"Jungkook....."
"ကျတော့်အိမ်မှာနေနေပီးအဲ့လိုထွက်ထွက်မသွားနဲ့လေဗျာ"
ပိုးပိုးပေါက်ပေါက်ကျလာသောမျက်ရည်များဖြင့်ထို
လူသားအားရင်ခွင်ထဲဆွဲဖက်ထားမိခဲ့သည်။
ရှိူက်ကြီးတငင်ငင်ငိုနေသူ၏မျက်ရည်များသည်အကျီ
ရင်ဘက်တွေရွှဲစိုသွားတဲ့အထိ။
"ဒါငိုစရာလား...မင်းနဲ့ရန်ဖြစ်လို့ငါသွားရင်ဖွင်ရုံမင်း
Hoseokကိုပြောပြောပြသလိုပဲလေ..."
"Jeonမငိုနဲ့တော့လို့Hyungပြောနေတယ်လေ"
"နာလို့...ဘာတွေကနာမှန်းမသိနာနေလို့..."
နှဖူးပြေပြေလေးအားထိကပ်ပြီးအချိန်ကြာကြာနမ်းမိရင်း
အငိုတိတ်စေရန်နည်းလမ်းမျိုးစုံသုံးနေခဲ့ရသည်။
ငယ်ပါသေးတယ်ဒါကိုNamjoon Hyungကခုထိလက်မခံ
နိုင်သေးဘူး။ထမင်းစားခန်းထဲမှCEOJeonအားပြန်ရှာ
ဖွေသော်လည်းမရတော့ ရင်ခွင်ထဲအတင်းဝင်တိုးကာ
တအီအီငိုနေသော Jeonသေးသေးလေးသာရှိနေခဲ့သည်။

ParkJimin ကိုချစ်တယ်....Onde as histórias ganham vida. Descobre agora