🤟Ending🤟

35.8K 2.4K 303
                                    

"ဆူပုပ်မနေနဲ့လေ...ကလေးရာ...
လူတွေဝိုင်းကြည့်နေကြပီ.."
လေယာဉ်ပေါ်တွင်ကျွေးသမျှ
ပင်ငြင်းကာမျက်နှာလှလှလေးသည်
တချိန်လုံးတင်းမာနေလျက်...။
Jungkook ကြီးကတော့ကလေး
ပေါက်စလေးအားချော့မြူနေသလို
တဖွဖွဖြောင့်ချက်ပေးနေသည်။

October 13လိုနေ့ရက်မျိုးမှာ
သူငယ်ချင်းတွေအားလုံးနှင့်ချိန်းဆို
ပီးပါတီအကြီးကြီးလုပ်ကာမူးရူးကွဲပြဲ
ရန်အစီအစဉ်တွေကချခဲ့ပီးပီ..။
ဘော်ဒါတွေအားလုံးနဲ့
ထိုနေ့တွင်လုံးဝပလပ်ကျွတ်ရန်
သူကြိုတွေးပြီးတစိမ့်စိမ့်ပျော်နေတာအမှန်။
လုပ်စရာရှိတာများကြိုတင်လုပ်ရင်း
ဒီနှစ်မွေးနေ့ကိုတော့အကြီးအကျယ်
ဒိတ်ဒိတ်ကျဲကျင်းပသွားရန်
သေချာစီစဉ်ပြီးမှ ဂျပန်ရုံးခွဲတွင်
ပြသနာအကြီးအကျယ်တက်၍
အရေးပေါ်သွားရမည်တဲ့။

မနက်ဖြန်မွေးနေ့အားသူဘယ်လို
လုပ်ရတော့မလဲ...။မလိုက်ဘူးဟု
အသေအကြေငြင်းသော်လည်း
JeonJungkook သည်တချို့နေရာတွေမှာသာ
ရှုံးချင်ယောင်ဆောင်ထားသူ...
တည်တည်ငြိမ်ငြိမ်နှင့်ပြတ်ပြတ်သားသား
လိုက်ကိုလိုက်ရမည် လုံးဝစိတ်မချဘူးဟု
ဆိုလာသော်အခါ သူမလွန်ဆန်နိုင်ခဲ့။
မွေးနေ့တွင် ဒီအဖျက်သမားယောကျ်ားနဲ့က
လည်းအတူတူကလည်းရှိချင်သေးသည်။

ဂျပန်ကပြန်လာလျှင်မွေးနေ့Partyအား
အကြီးအကျယ်ပြန်လုပ်ပေးကာ
မိုးကောင်းကင်ဒူးဖြင့်တိုက်မည်
ကြယ်တွေခူးဆွတ်ပေးမည်
ဆိုးလ်မြို့ကြီးအားဝယ်ပေးမည်
ကလေးသည်သာ အရေးကြီးဆုံး...
ကလေးသာဘဝ ....
JeonJungkook ၏လေတိုက်မှုများ
အားအသဲတယားယားဖြင့်နားထောင်ရင်း
ထမထိုးမိရန်စိတ်တင်းထားခဲ့ရသည်။

"ငါHotelရောက်တာနဲ့တန်းအိပ်မှာ
မနက်ဖြန်တနေကုန်လည်းအိပ်မှာ
ငါ့ကိုလာမနှိုးနဲ့...."
"ခေါင်းတွေကိုက်တော့မှာပဲ
အကြာကြီးစိတ်ကောက်ပီး
အိပ်တော့မယ်ဆိုရင်မောင်
ဆရာဝန်တစ်ယောက်ယောက်တော့
ခုထဲကစီစဉ်ထားမှ...."
"အပိုတွေ အပိုတွေ...ငါလုပ်ချင်တာဆို
တခါမှမလုပ်ရဘူး..တသက်လုံး
မင်းစိတ်သဘောကြီးပဲ
မင်းကဦးဆောင်ရတယ်ဆိုပီး
ငါ့ကိုအနိုင်ယူချင်တာ..."
"ကလေးဦးဆောင်ချင်လည်းရပါတယ်
မောင်က ပိုတောင်ကြိုက်သေး..."
"ငါအိပ်ယာပေါ်ကိစ္စကိုပြောနေတာ
မဟုတ်ဘူး အချိန်ပြည့်ဒါပဲတွေးနေ..."
"မောင်က ဘယ်တုန်းကမှ
ဦးမဆောင်ခဲ့ပါဘူးကွာ....
ခုကလည်းအရမ်းပြသနာဖြစ်သွားလို့
Hoseokကလည်းဟန်းနီးမွန်းနေတာ
ပြန်မလာတော့ဘူး
တခါထဲတအိုးတအိမ်ထူထောင်နေပီလား
တောင်မသိဘူးလေ...မောင်မှ
မလုပ်ရင်ဘယ်သူလုပ်မှာလဲ
ကလေးလေးရယ်...တချို့ကိစ္စတွေကို
ကလေးကနားလည်ရမယ်လေ..."
"ဒါဆိုလည်းငါ့ကိုထားခဲ့ပေါ့..
ငါ့ဟာငါပျော်မှာပေါ့..."
"မောင်ကလေးမရှိဘဲတညတောင်
မအိပ်နိုင်ဘူး...တညတောင်မဟုတ်ပါဘူး
ခဏလေးတောင်အဝေးကြီးမှာလား
ဆိုတဲ့ကွာခြားမှုမျိုးထပ်မတွေးချင်တာ
မောင်တို့ဝေးခဲ့ရဖူးတယ်လေ..
ကလေးလေးမကြောက်ဖူးလား"
ဘာမှမပြောတော့ဘဲတဖက်လှည့်ကာ
အိပ်ချင်ယောင်ဆောင်သွားသော
Hyungသည်ချက်ချင်းဆိုသလို
ဆိတ်ငြိမ်သွားတော့သည်။
သူသိတာပေါ့...
Hyungရဲ့မဝေးရဲတော့သည်ဖြစ်တည်မှု
တွေကို....။

ParkJimin ကိုချစ်တယ်....Where stories live. Discover now