🤟31

29.4K 1.9K 117
                                    

နွေးလိုက်တာ....ဒီလိုမျိုးနွေးထွေးမှုမျိုး
မရခဲ့တာဘယ်နှနှစ်များကြာခဲ့ပြီလဲ
ပိုပိုမက်မောလာတာကြောင့်ထပ်ထပ်တိုး
ဝင်နေမိသည်။အသိကပ်သွားသောအချိန်
တွင်သူ့မျက်လုံးတွေဆက်ခနဲပွင့်သွားသည်။
ငါဘယ်ရောက်နေတာလဲ...?????

မျက်စိရှေ့တည့်တည့်ကလည်တိုင်ဖြူဖြူ
နှင့်အသက်ရူနေသောရင်ဘက်တစုံ။
"အမယ်လေး.....!!!"
သူအလန့်တကြားရုန်းထွက်ကာကိုယ်ပေါ်တွင်
ရှိနေသောညဝတ်အကျီပွပွကြီးကိုကြည့်ရင်း
မယုံကြည်နိုင်။
ဆိုဖာပေါ်တွင်ချထားပေးသောအဝတ်အစား
တွေအားကောက်လိုက်ရင်းမြန်မြန်လဲကာ
အိမ်ပြန်ရန်ဆုံးဖြတ်လိုက်သည်။
ဒီအိမ်တော်ကြီးသည်သူ့အတွက်ကောင်း
သောနေရာမျိုးမဟုတ်ခဲ့။တစက္ကန့်တောင်
မနေချင်ပါ။ရေချိုးခန်းထဲပြေးဝင်ကာ
အကျီမြန်မြန်လဲလိုက်ပြီးအသက်ရူမှန်မှန်
အိပ်မောကျသောJungkookမျက်နှာချောချော
အားမြင်ယောင်မိတော့အလွဲလွဲအချော်ချော်ဖြစ်
ရပြန်သည်။အကျီလဲပြီးပြန်ထွက်လာသောအခါ
ခုတင်ခေါင်းရင်းအားမှီကာထိုင်နေသော
Jungkookသည်သူ့အားမျက်နှာသေဖြင့်
ကြည့်နေသည်။
"ဘယ်လဲ...."
"အိမ်ပြန်မလို့...ညကကိစ္စအတွက်တောင်းပန်
တယ်...ငါစိတ်လွတ်သွားလို့..."
"မပြန်ရဘူး..."
"ဘာဆိုင်လို့လာတားနေတာလဲ..."
"နေမကောင်းသေးဘူးလေ...ကျတော်
စိတ်မချဘူး....."
"အဆန်းပါလား...စိတ်ချပါ..
ငါ့ကိုဂရုစိုက်မဲ့သူတွေတပုံကြီးရှိတယ်
မင်းတယောက်ဂရုမစိုက်တာနဲ့သေမသွားဘူး"
စီးလာခဲ့သောဖိနပ်အားကြိုးချည်နေသောHyung
သည်အရင်လိုလေသံတွေအတိုင်း....။
ကြည့်နေရင်ငိုချင်လာသောစိတ်...
အားနာလာသောစိတ်...
တောင်းပန်ချင်သောစိတ်သည်
ဘယ်မာနတရားကမှတား၍မရတော့။
.........။
"CEO Jiminကိုလက်ထပ်ပါလား..."
"ဘာ..."
Hyung ကောင်းကောင်းအိပ်ပျော်သွားခဲ့
သောညဉ့်နက်နက်အချ်န်တွင်Hoseokသည်
သူ့အားလာတွေ့ခဲ့သည်။
ခြံဝန်းထဲရှိခုံတန်းတခုတွင်ထိုင်ရင်းစကား
ပြောရန်တောင်းဆိုခဲ့တာကြောင့်နားထောင်
ပေးခဲ့သည်။
"မင်းရူးနေပီလား Hoseokငါ့ကိုထပ်သတ်
အုန်းမလို့လား....သူသိပ်အန္တရာယ်များ
တာမင်းမသိတာလည်းမဟုတ်ဘဲနဲ့..."
"သူMinYoongiနဲ့လက်မထပ်ဖြစ်ပါဘူး
ဒါကိုCEOလည်းသ်မယ်ထင်ပါတယ်"
"အဲ့တာဘာဖြစ်လဲ...သူလုပ်ခဲ့တာတွေကို
ငါဘယ်လိုနားလည်ရမလဲဆိုတာငါခုထိ
မသိသေးဘူး လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းက
ရွေးချယ်စရာမရှိလို့ဆိုရင်နားလည်ပေးလို့ရပေမယ့်"

ParkJimin ကိုချစ်တယ်....Where stories live. Discover now