💚11

18.8K 1.8K 7
                                    

"အချိန်ယူခဲ့ပြီး ကျတော်တို့နှစ်ယောက်သေသေချာချာ
လည်းလေ့လာခဲ့ပြီးပါပြီ သူငယ်ချင်းလိုအတူတူအချိန်
အကြာကြီးရှိခဲ့ရလို့လားမသိဘူး ကျတော်တို့အိမ်ထောင်
ဘက်အဖြစ်ပေါင်းဖက်ဖို့ကမဖြစ်နိုင်ပါဘူး ကျတော်
ထယ့်ကိုငြင်းတာမဟုတ်သလို ထယ်ကလည်းကျတော့်
ကိုငြင်းတာမဟုတ်ရပါဘူးအစထဲကမဖြစ်နိုင်ခဲ့တာပါလူကြီးတွေကို ပွင့်လင်းလိုက်ရတဲ့အတွက်လည်းအားနာရပါတယ်"
ချက်ချင်းဆိုသလိုလက်အားဆွဲကိုင်ကာဖျစ်ညစ်လိုက်
သောမာမီသည်စားပွဲရှည်ကြီးအကာအကွယ်ဖြင့်
နာအောင်ကိုသက်သက်မဲ့လုပ်သည်။လက်တွေကိုပြန်ရုန်း
ထွက်ကာMr Kimကို တည်ငြိမ်စွာရင်ဆိုင်တော့
MrKimက ထယ်ယောင်းအားတချက်ကြည့်ကာ
"ထယ်ယောင်း က ငြင်းခိုင်းပြန်တာလား...."
ဒီကိစ္စစတင်တော့ ပထမဆုံးခါးခါးသီးသီးထငြင်းခဲ့ရတာ
ထယ်ယောင်းမလို့ အားလုံးသိထားသည့်သဘောတရား
က ထယ်ယောင်းကရှောင်ဖယ်နေခြင်း။
"မဟုတ်ပါဘူး...အန်လ်ကယ် ကျတော်တို့နှစ်ယောက်လုံး
ငြင်းတာပါ..."
"Jungkook.....!"
မာမီ၏အံတင်းတင်းကြိတ်ခေါ်သံသည်ဒေါသဘယ်လောက်ထွက်နေပြီလဲဆိုတာခန့်မှန်းလို့ရနေသည်။
"အန်လ်ကယ်တို့အနေနဲ့ ထယ်ယောင်းရော မင်းရောကို
လွတ်လပ်ခွင့်အပြည့်ပေးထားခဲ့တယ်လက်မခံနိုင်စရာ
ကိစ္စရပ်တွေကိုတောင်အန်လ်ကယ်တို့မိသားစုကမသိ
ချင်ယောင်ဆောင်ပေးခဲ့တယ် လက်ထပ်ပွဲကလူနှစ်
ယောက်ပေါင်းဖက်ဖို့ပဲသီးသန့်မဟုတ်ဘူး Jungkook
အန်လ်ကယ်တို့အိမ်တော်တွေရဲ့ဂုဏ်သိက္ခာ
စီးပွါးရေးပေါင်းစပ်မှုတွေ ကတိကဝတ်တွေ မင်းလည်း
ကလေးမှမဟုတ်တော့တာလုပ်ငန်းတစ်ခုလုံးကိုတောင်ဦးဆောင်နေပြီပဲလေ ဘယ်ဟာ ဘဝလဲဆိုတာသိမှာပါ"
"ကျတော့်ဘဝက ဘယ်အရာလဲဆိုတာကျတော်သိပါ
တယ် အန်လ်ကယ်....အိမ်တော်နှစ်ခုပေါင်းမှအဆင်ပြေ
မဲ့ဘဝမျိုးတွေလည်းမဟုတ်ပါဘူး ထယ် အချိန်တွေကုန်
မှာစိုးရိမ်တာပါ"
"သား....Jungkookie...."
မာမီသည်မျက်လုံးတွေထဲအထိပေါက်ထွက်မတတ်
တချက်မျှကြည့်လိုက်ကာအပြုံးများဝေဆာစွာဖြင့်
"တရုတ်ကရုံးမှာပြသနာတခုရှိနေတော့ ဂျွန်လေးစိတ်
ရှုပ်နေတယ်နဲ့တူပါတယ် Kimရယ်...အချိန်တွေအများကြီး
ရှိပါသေးတယ် ထယ်လေး ဘွဲ့ယူပီးတဲ့အချိန်ကျမှဆို
လည်းအဆင်ပြေတာပဲလေ...."
"မတိုက်တွန်းပါဘူး Mrs Jeon....ငယ်သံယောဇဉ်ရော
သင့်တော်မယ်ထင်လို့စီစဉ်ခဲ့တာ မဖြစ်နိုင်ဘူးဆိုလည်း
ကျတော်တို့ဘက်က ဘာမှမဖြစ်ပါဘူး
ကျတော့်ကိုခွင့်ပြုပါအုန်း"
ထယ်ယောင်းအဖေသည်ပြတ်သားတတ်သောစီးပွါးရေး
သမားပီပီအချိန်ပိုမရှိသောပုံစံမျိုးဖြင့်စကားဝိုင်းမှ
ပထမဆုံးထသွားခဲ့သည်။Kimကတော်ကတော့နွေးထွေး
သောစိတ်ရင်းရှိသူပီပီ သေသေချာချာနူတ်ဆက်ရင်း
ထယ်ယောင်းကိုခေါ်ကာပြန်သွားသည်။ခေါင်းငုံ့နေရာမှ
ပြန်မမော့လာသောထယ်ယောင်းသည်ငုံလျက်ပင်ခွေးညို
ညိုလေးအားချီလျက်အမေလက်ဆွဲခေါ်ရာနောက်ပါသွား
ခဲ့သည်။
မျက်နှာပေါ်သို့ရုတ်တရက်ရောက်ရှိလာသောဝိုင်နီနီတွေ
မာမီ ဝိုင်ခွက်ဖြင့်ပက်လိုက်ခြင်း။အကျီအဖြူပေါ်သို့
ဟိုတကွက်ဒီတကွက်စွန်းထင်းသွားသောဝိုင်တွေအား
တစ်သျူးဖြင့်သုတ်ကာ ဘာစကားတခွန်းမှမဆိုဘဲ
ထိုအခန်းထဲမှထွက်လာခဲ့သည်။ဘယ်အချိန်ထဲကပြန်
ရောက်နေမှန်းမသိသောHoseokသည်သူ့က်ုတွေ့တွေ့ချင်း
အကျီတထည်ချက်ချင်းလာခြုံပေးကာကိုယ်ရံတော်
များခြံရံလျက်ကားဆီသို့။
"သေချာလိုက်ပို့ပေးခဲ့လား"
"စိတ်ချပါ..."
"ငါ့ကိုစိတ်ဆိုးနေတဲ့ပုံတော့မပေါက်ဘူးမလား"
"မဆိုးဘူးထင်တာပဲ ကားပေါ်ရောက်ထဲကအိပ်နေပြီး
အိမ်ပြန်ရောက်တော့လည်းအခန်းထဲတန်းဝင်သွားတယ်"
"သူ့ကိုစောင့်ကြည့်ပေးပါ..MinYoongi နဲ့ထပ်မတွေ့အောင်
MinYoongi ကလူကောင်းမလို့ သူမက်မောသွားမှာ
ငါသိပ်စိုးရိမ်တာပဲ အရင်ကလူဆိုးတွေတုန်းကငါဒီလောက်စိတ်မပူဘူး Hoseok"
"Jiminက CEOကိုပဲစိတ်ထဲအမြဲရှိတာပါ"
"ထင်ရတာပါပဲကွာ...."
"CEO...."
"အင်း...."
"လက်ထပ်ပွဲကိစ္စဘယ်လိုဖြစ်သွားပြီလဲ...."
"ငြင်းပီးပီ...ထယ်ယောင်းနဲ့ငါကညှိနှိုင်းလို့ဟိုအရင်ထဲက
ရခဲ့ပေမယ့် သူ့အဖေနဲ့ ငါ့အမေက ဘာတွေဖြစ်ချင်နေကြ
လဲမသိပါဘူးကွာ...ဒီနေ့တော့ထယ်ယောင်းအဖေစိတ်ဆိုး
သွားပုံပဲ...."
"ထယ်ယောင်းရော..အဆင်ပြေရဲ့လား..."
"မပြေစရာဘာရှိလို့လဲ...."
Hoseokကားမောင်းနေသောအရှိန်မသိမသာမြန်သွား
သည်ကိုတော့ CEO Jeonတစ်ယောင်သတိမထားမိခဲ့ပါ
မျက်လုံးအစုံအားမှိတ်ထားခဲ့ရင်းခဏတာအိပ်ပျော်သွား
စေရန်ကြိုးစားလိုက်သည်။ဘာတွေကပင်ပန်းမှန်းမသိ
ဘာတွေကခက်ခဲနေမှန်းမသိ...။Msgဝင်လာသံကြောင့်
ဖုန်းကိုကြည့်လိုက်တော့...
"ငါ့ဟန်းချ်န်း ခုလာပေး......"
ပြုံးမိလိုက်သည်။Hyung သည်ဘယ်လိုတွက်တွက်အဖြေ
မထွက်သည့်ပုစ္ဆာတစ်ပုဒ်။အဘယ်ကြောင့်ဆိုသော်
မေးခွန်းမှားနေသောကြောင့်ဖြစ်သည်။Hosekအား
ကားလမ်းကြောင်းပြောင်းခိုင်းလိုက်ပီးHyungတိုက်ခန်း
ဆီသို့သာဦးတည်ခဲ့သည်။
လာစေချင်တာပဲ...တွေ့ချင်နေလို့ လို့ပြောလို့ရပါ
တယ် ကလေးရယ်....မာနတွေကြီးပြလိုက်ပုံများ..။
.........။
"Minဘာလို့ပြန်သွားတာလဲ ကိုယ်စောင့်နေတာ..ခုအိမ်ပြန်
ရောက်သွားပီလား...."
"နေသိပ်မကောင်းချင်လို့ပြန်သွားလိုက်တာ ခင်ဗျားကို
ပြောဖို့နည်းနည်းမေ့သွားလို့..."
"နှစ်ယောက်ထဲလာတာလေကွာ..မေ့ကျန်ခဲ့စရာလား"
"ကျတော်ပျင်းလာတာလည်းပါလို့...."
"အော် Minရယ်..."
"ခင်ဗျား ဘယ်နေ့ပြန်မှာလဲ ပြန်တဲ့နေ့ကျကျတော်ပြန်
လိုက်ပို့ပေးပါ့မယ်...."
"ကိုယ်နေအုန်းမှာ....."
"ဟင်...ဟိုမှာအလုပ်တွေနဲ့ကို ဘာလို့ဖို့လဲဒီမှာ..."
"Min ရှိနေတယ်လေ..."
"ကျတော့်ကိုအီစီကလီလုပ်ချင်ရုံနဲ့တော့နေမနေပါနဲ့
ပြန်စရာရှိတာပြန် လုပ်စရာရှိတာပြန်လုပ်နေပါ"
"အီစီကလီလုပ်တယ်ဆိုတာကို ကိုယ်မသိဘူး Min...
Minကိုဘယ်သူမှန်းဘယ်ကမှန်းဘယ်လိုလူမျိုးလဲဆို
တာတောင်သေချာမသိဘဲ Minရှိတဲ့နေရာကို ကိုယ်
ရောက်အောင်လာခဲ့တဲ့သူပါ ထယ်ယောင်းမွေးနေ့မရှိခဲ့ရင်
တောင်ကိုယ်လာဖို့သေသေချာချာဆုံးဖြတ်ထားခဲ့တာ"
"ခုကျတော်က ဘာလဲဆိုတာသိသွားပြီမလား...အဲ့တာ
ကြောင့်ပြန်တော့လို့ပြောနေတာ...."
"မသိဘူး...ကိုယ်သိတာတော့ အီတလီမြို့လည်ကောင်က
အရက်ဆိုင်မှာမူးနေတဲ့ ကောင်ဆိုးလေးပဲ...."
Hyungတိုက်ခန်းဆီရောက်တော့တိတ်တိတ်ဆိတ်ဆိတ်
အခန်းထဲမှဖုန်းပြောသံသဲ့သဲ့ကြားတာကြောင့်လျှောက်
လာခဲ့ပြီးအခန်းတံခါးအားဟကြည့်တော့သဘက်တထည်
ထဲခါးတွင်ပက်ကာဆေးလိပ်ဖွာရင်းဖုန်းပြောနေသောသူ
ရေချိုးပီးခါစမို့ရေစိုဆံပင်ရွှေညိုရောင်တို့မျက်နှာပေါ်
တွင်ရေစက်ကလေးခိုသီးအားယိမ်းထိုးနေလျက်။
အခန်းထဲသို့လျှောက်ဝင်လာလိုက်တော့သူ့ကိုမြင်တာနှင့်
Hyungကဖုန်းကိုချလိုက်သည်။ဖုန်းကိုအိပ်ယာပေါ်ပစ်
တင်ကာအကျီလဲမလို့ထင်သည်ဗီရိုတွေဖွင့်ကာမွှေနှောက်
နေပြန်သည်။အကျီရှာနေသောကိုယ်လုံးသေးသေးလေး
အားရင်ခွင်ထဲသိမ်းကျုံးဖက်ထားလိုက်ပီးခေါင်းလျှော်
ရည်နံ့မွှေးမွှေးကိုနမ်းရှိူက်ရင်း
"မောင်ငြင်းခဲ့ပီးပီ ကလေး.....ဒီကိစ္စကြောင့်အစိုင်အခဲ
တွေဖြစ်နေတယ်ဆို ဖြေလျှော့လိုက်တော့...."
ဖျက်ခနဲမော့ကြည့်လာသောမျက်လုံးလှလှလေးတွေသည်
အကြိမ်ကြိမ်ခုန်ဆင်းချင်စရာထောက်ချောက်ငယ်။
"မင်းကိုငါဘာအစိုင်အခဲမှာမထားပါဘူး မင်းလက်ထပ်တဲ့
ကိစ္စနဲ့ပတ်သတ်ပြီးငါ့ဘက်ကခံစားချက်ကတခုပဲရှိတယ်
မင်းရွေးချယ်တဲ့အရာတစ်ခုအပေါ်မှာငါလက်ခံနိုင်အောင်
ကြိုးစားပေးဖို့ပဲ..."
"Hyungကိုပဲရွေးချယ်စေချင်တာ မောင်သိတာပေါ့ကွာ
Hyungကကိုယ့်ကိုကိုယ် လိမ်နေတော့ မောင်ကပဲ
လုပ်စရာရှိတာလုပ်ရတော့တာပေါ့"
Hoodieအဖြူရောင်အားဆွဲထုတ်ရင်းဝတ်နေသောHyung
သည်သူ့ကိုဘာမှပြန်မပြောတော့။
"ဘောင်းဘီမဝတ်နဲ့တော့ ...အကျီကအကုန်လုံနေပြီ"
"မင်းSizeတွေပဲငါ့ကိုဝယ်ဝယ်ပေးတာကို ကြီးမှာပေါ့"
သူ့ရှေ့သို့နောက်ထပ်ရောက်လာသောHoodieအဖြူလေး
တထည်။သူကြောင်ကြည့်နေတော့
"အကျီတွေပေကျံလာတယ်မလား ရေချိုးပြီးလဲလိုက်လေ
အိပ်ရအောင် ငါပင်ပန်းနေပြီ"
"မောင် အေး တယ်..ချ်ုးရမှာလည်းပျင်းနေပြီ..."
"ရေနွေးလုပ်ပေးမယ်.လေ ပီးရင်နွားနို့ပူပူလေးသောက်
လိုက်"
"အဒေါ်ကြီးကိုနိုးမနေပါနဲ့တော့ ဒီအချိန်ကြီးမှ..."
"ဘယ်တုန်းကမင်းကိစ္စတွေကိုငါတခြားသူကိုခိုင်းဖူးလို့လဲ
သွားရေချ်ုးတော့..."
ယုန်သွားလေးတွေပေါ်သည်အထိသဘောကျစွာရီမော
နေသောJungkookသည်မြန်မြန်ဆန်ဆန်ပဲသူ့အား
ကောက်ချီလိုက်ချေပြီ။မျက်နှာတစ်ခုလုံးအနှံ့တရှုံရှုံ့နမ်း
ရင်းအပြင်ဘက်သို့ချီလာရင်းဝရံတာဘောင်ပေါ်တွင်
တင်လိုက်သည်။
"တအားကိုချစ်တာသိလား ParkJimin Shi"
ခေါင်းညိတ်ပြကာပြုတ်ကျမှာစိုး၍ထင်သည်ဝိုင်တွေစွန်း
သောသူ့အကျီစအားလက်သေးသေးလေးတွေဖြင့်ကျစ်
ကျစ်ပါအောင်ကိုင်ထားသည်။
"ဒီကမ္ဘာပေါ်မှာ ကလေးကို မောင့်ထက်ချစ်နိုင်မဲ့သူမရှိဘူး
ဆိုတာကို နားလည်ထားရမယ်...တချို့အရာတွေကို
သည်းခံလိုက်ပီး မောင့်လက်ကိုဆွဲကိုင်ထားဖို့ပဲကြိုးစား
ရမယ်"
"အင်း...."
"အင်း ထဲမှာ...မကျေမနပ်သံတွေအများကြီးကြားနေရ
တယ် မောင့်ကလေးလေးရေ...."
"ဘာလဲ....ငါက...."
ရင်ခွင်ကျယ်ကြီးထဲသို့အရုပ်လေးတရုပ်လို့ပြန်ပါသွား
ပြန်တာကြောင့်စကားဆက်ခွင့်မရတော့။December
ညတို့သည်ခုလိုကျတော့လည်းတယောက်ထဲမဟုတ်
တော့။အေးစက်မနေတော့ဘဲရုန်းမထွက်ချင်တော့တဲ့
နူးညံ့မှုပေါင်းများစွာဖြင့်လှလိုက်သည့်ဖြစ်ချင်း...။
"ကျေးဇူးတင်ပါတယ်....Jungkook...."

ParkJimin ကိုချစ်တယ်....Where stories live. Discover now