☁️15

15.7K 1.7K 17
                                    

ဆေးရုံရှေ့သို့ကားတစီးထိုးရပ်လာကာအထဲမှလူအား
ခပ်ဖွဖွပွေ့ချီနေသောနောက်ထပ်လူတစ်ယောက်။
အန္တရာယ်တခုခုကြုံရမည်ဆိုး၍အကြမ်းပတမ်းချီပြေး
လိုက်ချင်သော်လည်း လက်ထဲမှလူသားငယ်လေးသည်
ပဲ့ကြွေသွားတော့မည့်အတိုင်း။မျက်နှာတခုလုံးတွင်ဖုံး
လွှမ်းနေသောသွေးတွေအားဆက်မမြင်ရက်...
တကိုယ်လုံးစုတ်ပြတ်သတ်ကာအသက်မျှင်းမျှင်းလေး
ရှုနေပုံသည်ရင်ကိုစက္ကန့်နဲ့အမျှထိုးခွဲချသည်။
နေတောင်မထွက်သေးသော်လည်းမနက်စောစောအချိန်တွင်တောင်ဆေးရုံထဲတွင်ပြားပန်းခတ်နေလျက်။
သူပွေ့ချီကာပြေးဝင်လာတော့ သူနာပြုမလေးတွေသည်
လိုအပ်သည်များကိုယူကာအရေးပေါ်အခန်းထဲသို့
ခေါ်ဆောင်သွားကြသည်။
"ကယ်ပေးပါ.....သူဘာမှမဖြစ်နိုင်ဘူးမလား သူ့ကိုကူညီ
ပေးပါ...."
ဘေးနားမှပြေးလိုက်ရင်းသတိမကပ်သောလူသားငယ်
၏လက်သေးသေးလေးအားဆုပ်ကိုင်ကာအားကိုးတကြီး
မေးနေသောYoongiသည်တခြားဘာကိုမှမမြင်တော့သည့်
ပုံ။
"မစိုးရိမ်ပါနဲ့ ကျမတို့အကောင်းဆုံးလုပ်ပေးပါ့မယ်
အပြင်မှာပဲစောင့်နေပေးပါရှင်..."
အရေးပေါ်ခန်းပိတ်သွားသည်နှင့်အခန်းနံရံအားမှီချကာ
ပစ်စလတ်ခတ်ထိုင်ချမိသည်။ဖုန်းရတာနဲ့မြန်မြန်ဆန်
ဆန်ရှာလိုက်ရမှာ ချီတုံချတုံတွေဖြစ်ခဲ့လို့Minကိုအရမ်း
နောက်ကျပီးမှတွေ့ခဲ့ရတာ။စတွေ့တုန်းကပုံစံငယ်သည်
မျက်လုံးထဲဝင်လာလေတိုင်းရင်ကျိုးရသည်။
ကလေးမလေးတစ်ယောက်အားလက်ဆွဲရင်းဆေးရုံထဲ
သို့အပြေးတပိုင်းဝင်လာသူတစ်ယောက်သည်လည်း
ရင်ထဲမီးလောင်နေလျက်။ဖြတ်သွားဖြတ်လာတယောက်
သည်Jiminကားနံပါတ်မှန်းသိ၍ကားနားကပ်ကာစပ်စု
ရာမှလဲပြိုနေသူအားတွေ့လိုက်ရတာကြောင့်အရေးပေါ်
ခေါ်ဖို့ထက် ဓာတ်ပုံအရင်ရိုက်ကာInternet ပေါ်တင်ခဲ့ပြီးပြီ။တယောက်တပေါက်ပြောကြရင်းခုချိန်ထိပွက်လော
ရိုက်နေလျက်ရှိသည်။အရေးပေါ်ခန်းရှေ့ခေါင်းငိုက်စိုက်
ထိုင်နေသူဆီပြေးသွားကာ
"အခြေအနေကောင်းရဲ့လား..ကျတော်နောက်ကျသွား
တယ်ဗျာ သူအဆင်ပြေရဲ့လား..."
"ပြေမှာပါ...."
"Jimin ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ခင်ဗျားသာမြန်မြန်သွားမခေါ်ရင်...."
"ကျတော်ကိုယ်တိုင်လည်းနောက်ကျသွားတာပါ..."
Jimmie၏ဘာဘာညာညာအနှောင်အဖွဲ့တွေထဲကလူတစ်
ယောက်သည်မမျှော်လင့်ဘဲJiminအပေါ်လွန်လွန်ကျူးကျူးစိုးရိမ်နေပုံအားNamjoon သတိထားမိသည်။
Jiminအားတွေ့ဆုံရန်အီတလီကနေတောင်လာရောက်
ခဲ့သောနာမည်ကြီးအနုပညာရှင်ဖြစ်ကြောင်းJiminက
ကြက်ကြော်စားရင်းဟာသလိုလိုဂုဏ်ယူဖွယ်ရာလိုလို
ပြောခဲ့ဖူးသည်။အချိန်တန်လျှငိအိမ်ပြန်မည်ထင်ခဲ့ပါသော်
လည်းဝမ်းနည်းစရာကောင်းစွာသူမရုန်းထွက်နိုင်သည့်ပုံ။
"အနှိပ်စက်ခံရတဲ့ပုံပဲ...လက်ချောင်းလေးတွေကအစ
အကောင်းအတိုင်းရှိမနေဘူးဗျာ...."
မျက်လုံးထဲဝင်လာသည်ကJungkookအမေ....။
MinYoongi ကဘာမှမသိသေးသောသူမလို့ဝမ်းနည်းပူ
ဆွေးရုံအပြင်ဘာမှထပ်မရှိပေမယ့်သူကတော့နာကျင်မှု
နှင့်ဒေါသကိုပါထပ်မံဖြည့်စွက်သည်။အတိုင်းအတာ
တွေအားလုံးကိုထပိခါထပိခါကျော်လွန်နေတော့တာပဲ။
"ခုံတန်းမှာထိုင်ပါလား ခင်ဗျား..."
MinYoongi အားတွဲခေါ်ကာခုံတန်းပေါ်တွင်ထိုင်စေခဲ့
သည်။ထိုင်ထိုင်ချင်းလက်ထဲသို့ရောက်လာသောLollipop
လေးတခု။
"စားလိုက်ပါ...ကိုကိုကနေကောင်းသွားမှာပါ ခဏခဏ
ဒဏ်ရာတွေရပီး ကောင်းသွားတာပါပဲ ....မငိုပါနဲ့
ဦးလေးကြီး..."
"ကျေးဇူးတင်ပါတယ် ကလေး..."
"အဒေါ်ကြီးကသူ့အိမ်ပြန်သွားလို့ကလေးကိုခေါ်လာရတာ
ကျတော်လည်းမခေါ်လာချင်ပါဘူး..."
"ခင်ဗျားပြန်ရင်ပြန်ပါလား ကျတော်စောင့်ပေးလို့ရပါ
တယ် ခင်ဗျားတကိုယ်လုံးသွေးတွေကြီးပဲ..."
KimNamJoon၏စကားအားချက်ချင်းငြင်းလိုက်မိသည်
အထိအထဲမှကောင်လေးအပေါ်စိတ်မချမှုများတကယ်
ကိုလွန်ကဲနေခဲ့ပါသည်။
"ရတယ်...ရပါတယ် ကျတော်စောင့်နေမယ်..အတူတူ
စောင့်တာပေါ့..."
ခေါင်းညိတ်ကာRIအားပေါင်ပေါ်တင်လိုက်သောKim
Namjoonသည်ဘာမှဆက်မပြောတော့။မနက်စောစော
ပြေးလာရသောကလေးငယ်အားချီပိုး၍ကော်ရစ်တာ
တလျှောက်လမ်းလျှောက်ရင်းချော့သိပ်နေသောသူနှင့်
ခုံတန်းပေါ်တွင်ခေါင်းငိုက်စိုက်ကျတာဘာသာတရား
မရှိပေမယ့် တလောကလုံးကဘုရားတွေအားလုံးအား
တိုင်တည်ကာဆုတောင်းနေသောသူတို့သည်.....။
........................................။
"CEO .....!"
Labtopအားတချက်ချက်နှိပ်ရင်းအာရုံစိုက်နေသော
CEOအားဖုန်းScreenပေါ်ကသတင်းတခုအားစိတ်မ
ကောင်းစွာပြလိုက်ရသည်။ခေတ္တမှင်သက်သွားကာ
လှုပ်ရှားမှုအားလုံးရပ်သွားသောCEOသည်သူ့အား
ပြန်ကြည့်လာခဲ့သည်။
"ကျတော်တို့ပြန်ကြရအောင်CEO...."
ဖုန်းသံကအသံသေးသေးလေးသည်နားထဲသို့ဆိုက်ဆိုက်
မြိုက်မြိုက်ဝင်လာသော်အခါဗလာဖြစ်သွားလေသောစိတ်။အားကိုးစေချင်တယ်ဟုခဏခဏပြောခဲ့ပြီး
အရေးကြုံလာသည့်အခါသူသည်အောင်အောင်မြင်မြင်
ပင်လုံးဝဂရုမစိုက်ခဲ့။မတ်တပ်ထရပ်လိုက်တော့ဒူးတွေ
ကျိုးကျ၍Hoseokကထိန်းထားပေးခဲ့သည်။
ကျလာသောမျက်ရည်များသည်မငိုဘဲ...။
ပြိုင်ကားနီနီလေးထဲမှမျက်နှာလေးပင်မမှတ်မိနိုင်အောင်
သွေးချင်းချင်းရဲနေသောHyungကိုမကြည့်ရဲတော့။
ဖုန်းအားတစစီဖြစ်အောင်ကိုင်ပေါက်လိုက်ကာ
ချက်ချင်းသွားရန်ပြေးထွက်သွားမိသည်။
Hoseokသည်အခြေအနေသိရရန်အဆက်အသွယ်ပေါင်း
စုံဖြင့်ကြိုးစားလိုက်ပြီး သတိမရသေးပေမယ့်မစိုးရိမ်ရ
တော့ဘူးဟုသိလိုက်ရတာကြောင့်သက်ပြင်းချကာ
စိတ်နှင့်လူမကပ်တော့သောCEOအားဖြည်းဖြည်းချင်း
ပြောပြနေသည်။လေယာဉ်ကွင်းသို့ချက်ချင်းမောင်းကာ
ဆိုးလ်သို့အမြန်ဆုံးရောက်ရန်သာအရေးကြီးဆုံးဖြစ်နေ
သည်။
"ရန်ဖြစ်တယ်လို့ကြားတယ် သူ့ကိုဝိုင်းရိုက်သွားကြပုံပဲ
ညကModelကောင်မလေးတယောက်နဲ့တွဲပြီးထွက်သွား
တာတွေ့လိုက်တယ်တဲ့...."
"မာမီ့ လူတွေအကုန်လုံးကိုဘာလုပ်နေသလဲစုံစမ်း...
ငါဒီတခါတော့ အကုန်လုံးကိုသဂြိုလ်မယ်...."
"ဆရာကတော် ကိုရီးယားမှာမရှိဘူး CEO"
"ငါ့အမေက ကိုရီးယားမှာမရှိရင်ဘာမှမလုပ်တတ်တော့
ဘူးလား..."
လက်သီးတဖက်အားကျစ်ကျစ်ပါအောင်ဆုပ်ရင်းအသက်
ပြင်းပြင်းရှုနေသောJungkookသည်သူ့အားပြာကျမတတ်
ကြည့်လာတာကြောင့်ဟုတ်ကဲ့ဟုသာပြောပြီးအလုပ်စလုပ်
ခဲ့ရသည်။
အချိန်နာရီတချို့အားJungkookခက်ခက်ခဲခဲဖြတ်ကျော်
ခဲ့ပြီးသည့်နောက်အောင်မြင်စွာဆေးရုံရှေ့သို့ရောက်ရှိ
ခဲ့သည်။စိတ်ပူခြင်း စိုးရိမ်ခြင်း ယူကျုံးမရခြင်း
ဆိုးဝါးလှသောခံစားချက်များဖြင့်အော်သာငိုလိုက်ချင်
သည်။အခန်းနံပါတ်အားစုံစမ်းကာအပြေးတပိုင်း။
တောင်းပန်ပါတယ်ဟုတဖွဖွဆိုရင်းParkJiminဟူသော
အခန်းရှေ့အရောက်တွင်တံခါးLockအားခပ်ဖွဖွဖွင့်လိုက်
သည်။ရင်ထဲတော့ပူခနဲ...ပူတာထက်မောပန်းသွားရသော
မြင်ကွင်း...။
Hyungလက်ကလေးတွေကိုနူးနူးညံ့ညံ့ကိုင်ရင်းသန့်
စင်ပေးနေသောMinYoongiနှင့်....အခန်းထောင့်ကဆိုဖာပေါ်တွင်အိပ်ပျော်နေသောKimNamJoon...။
သေချာပေါက်KimNamjoonတော့ရှိလိမ့်မယ်ထင်ခဲ့သော်
လည်းMinYoongiကိုတော့ဖြင့်လုံးဝမမျှော်လင့်ထားခဲ့ပါ။
ဒီလိုမျိုး Hyungအားထိကိုင်နေလိမ့်မည်ဆိုတာကတော့
ဝေလာဝေးပေါ့...။
တံခါးဖွင့်သံကြောင့်လှည့်ကြည့်လာသောMinYoongi သည်သူ့အားအေးစက်စက်ပင်ကြည့်ကာ
"ရောက်လာပီလား...."
သူဖြေးဖြေးချင်းပင်ဝင်လာကာ
"ခင်ဗျားကဘယ်လိုလုပ်....."
"အင်း အခြေအနေကအဲ့လိုပဲဖြစ်သွားတယ် မင်းလာပီဆို
တော့ငါပြန်တော့မယ် သေချာဂရုစိုက်လိုက်ပါ"
လက်ထဲသို့ထည့်ပေးလာသောအဝတ်စနွေးနွေးတခု..။
"ခင်ဗျားက မပြန်သေးတာလား...."
"ပြန်မလို့လေ..သူပျောက်သွားလို့လိုက်ရှာရင်းလေယာဉ်
လည်းမမှီတော့တာ...ငါသာလေယာဉ်ပေါ်တက်သွား
ရင်သေသွားမှာသေချာတယ်"
Jungkook၏မျက်လုံးများသည်တွေခနဲပိုက်တန်းပေါင်း
များစွာစက်ကရိယာပေါင်းစုံဖြင့်အိပ်ပျော်နေသော
လူသားငယ်အားကြည့်ရင်း
"ကျေးဇူးပါ...ကျတော်ရဲ့ပေါ့ဆမှုတွေကြောင့်ဖြစ်သွားခဲ့
ရတာပါ..."
"အပြစ်မတင်ပါနဲ့...ကိုယ့်ကိုကိုယ် ငါသွားတော့မယ်
သူမင်းကိုစောင့်နေရှာမှာ..."
MinYoongiထွက်သွားပြီးတဲ့နောက်အိပ်ပျော်နေသော
KimNamJoonအားတချက်မျှကြည့်ရင်းနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေပုံရတာသေချာသော်အခါခြစ်ရာသွေးထွက်
ရာတို့ဖြင့်ပွစာကျဲနေသောလက်ကလေးအားရင်ဘက်ထဲ
ထည့်ကာချုံးပွဲချငိုမိတော့သည်။
"မောင် ဘယ်တုန်းကမှမကာကွယ်နိုင်ခဲ့ဘူး...ကလေးတော့အရမ်းအရမ်းကိုမုန်းနေတာမှာပဲ...ကလေးအတွက်
ကလေးစိတ်ကြိုက်ဘဝတခုကိုဖန်တီးပေးဖို့တခုလေးမှ
မလွဲရအောင်မောင်သွားမိခဲ့တာပါ..ချစ်တာကိုမောင်ကလေးကိုသိပ်ချစ်တာကိုသက်သေပြဖို့ကြိုးစားရင်းနဲ့ပဲ
ကလေး မုန်းတီးသွားမဲ့ကိစ္စတွေပဲဖြစ်ဖြစ်သွားရတယ်
ဒီမျက်နှာလေးကိုမှကွာ......"
ရှိုက်ကြီးတငင်ငင်ငိုကြွေးနေသောJungkookသည်
CEOဆိုသောဂုဏ်ပုဒ်တွေ လုပ်ငန်းရှင်ဟူသော
သတ်မှတ်ချက်တွေကိုဖယ်ပစ်လိုက်ပါကJiminအား
ရူးရူးမူးမူးလိုက်ကာ အဆင့်အတန်းကွာခြားမှု
ပတ်ဝန်းကျင်းကွဲပြားခြားနားမှု စရိုက်မတူညီမှုတွေအား
တခုတလေတောင်ဂရုမစိုက်ခဲ့ပဲ
တယောက်ထဲသောသွေးသားမိခင်ဖြစ်သူအားခြေစုံကန်
ရင်းငယ်ရွယ်လှသောအသက်နှစ်ဆယ်ကျော်ကျော်တွင်
ဘက်ပေါင်းစုံကပြသနာများအားရင်ဆိုင်ခဲ့ရသော
သာမာန်ကောင်လေးတစ်ယောက်ပဲမလား..။
Jungkookအငိုမရပ်မချင်းNamjoonဆက်အိပ်ပေးခဲ့သည်။ခရီးလမ်းတလျှောက်ဘယ်လောက်မြိုသိပ်ထား
ခဲ့သလဲမသိ။ရှုပ်ပွပွဆံပင်တွေသည်အရင်လိုနက်မှောင်
သပ်ရပ်မနေခဲ့ပါ..။
"နိုးလာရင်သေအောင်သာရိုက်ပါ....အသက်ထွက်အောင်
သာရိုက်ပလိုက် ပါ မောင့်ကလေးလေးရယ်..."
..........။
စာသင်ခန်းထဲကအနောက်တိုင်းမျက်လုံးပြာပြာကောင်
ငယ်လေးတွေကြားထက်ထက်မြက်မြက်အနက်ရောင်
မျက်လုံးဝိုင်းတွေနှင့်ကိုရီးယားကောင်လေးအားသူနေ့
တိုင်းလာလာခိုးကြည့်မိသည်။
ထိုကောင်လေးကလှမ်းကြည့်လျှင်ပြုံးပြပြီးတခါတရံ
မျက်လုံးလေးတဖက်အားမှိတ်ပြကာအထာလည်းပေး
ခဲ့သည်။
လူဆိုးတွေလို အပေအတေတွေလို အုပ်စုလိုက်လျှောက်
သွားပျော်ပါးတတ်သောသူတို့ကိုကောင်ငယ်လေးက
သဘောကျပုံမရ ..။ကျောင်းသားလည်းမဟုတ်ဘဲ
ပေစောင်စောင်ဖြင့်အခန်းရှေ့လာလာကြည့်တတ်သော
သူ့ကိုလည်းစူးခနဲပြန်ပြန်ကြည့်တတ်သည်။
တရက်တော့ စိတ်ရှည်လာပုံမရ..။
အတန်းထဲမှထွက်လာကာသူ့လက်အားဆွဲရင်းတိတ်ဆိတ်
သောအနုပညာခန်းထဲ ရှိစန္တရားပေါ်ချီတင်လိုက်ပီး
အနမ်းအရှည်ကြီးတခုကိုကောင်ငယ်လေးဘက်ကစတင်
ခဲ့တော့သည်။
ထိုကောင်လေးသည်ဘယ်သူမှန်းမသိ....
ထိုကောင်လေးဘယ်အိမ်ကမှန်းမသိ....
ထိုကောင်လေးဘယ်မြို့ကလည်းမသိ....
ယုန်ငယ်လေးလိုချစ်စရာကောင်းလွန်းတာပဲသိခဲ့သည်။
စကားတခွန်းမျှမပြောဖူးဘဲ နမ်းလိုက်သောအနမ်းသည်
ထူးဆန်းစွာပင်ရင်းနှီးနေလျက်။
အချိန်တိုင်Jeonအနမ်းတွေအားပိုင်ဆိုင်ချင်သောစိတ်
သည် ဘဝတခုလုံးအားလောင်မြိုက်ခဲ့ရသည်ဆိုသော်..။
အိမ်မက်လေးသည်ချိုမြိန်ချက်...။နိုးမသွားအောင်ဆက်
မက်နေရမည်။
"မင်းကိုချစ်မိလို့ တကိုယ်လုံးကျိုးပဲ့ပျက်ဆီးခဲ့တာတောင်
ကိုယ်ကမင်းနူတ်ခမ်းကိုရူးရူးမိုက်မိုက်နမ်းရမဲ့အိမ်မက်
တွေကိုပဲရွေးမက်တတ်တဲ့သူပါ Jeon....."
"Hyungအိမ်မက်တွေမက်နေတယ်ထင်တယ်.....
လက်ကလေးတွေနွေးနေတာပဲ...."
မျက်ခုံးတန်းလေးတွေ နှာတံစင်းစင်းလေးတွေ
မျက်ခွံအိအိလေးတွေ မျက်တောင်စင်းစင်းလေးတွေ
ဆန်မုန့်လေးလိုပျော့အိအိပါးဖောင်းဖောင်းလေးတွေ
ခပ်စူစူနူတ်ခမ်းလေးအပါအဝင် အရာခပ်သိမ်းအား
ခပ်ဖွဖွနမ်းမိနေသည်။ နမ်းလို့လည်းဘယ်တုန်းကမှမဝနိုင်
နမ်းလို့လည်းပီးသွားသည်ဟုဘယ်တုန်းကမှမထင်...
"နိုးလာပီး....မောင့်ကိုသောင်းကျန်းပါတော့ကလေးလေးရယ်...."

ParkJimin ကိုချစ်တယ်....Where stories live. Discover now