25

2.1K 258 2
                                    

တံခါးဖွင့်သံတိုးတိုးကိုတော့ကြားလိုက်သည်။
ထို့နောက်ခြေသံသဲ့သဲ့...။
သူ၏အာရုံတခုလုံးသည်ချက်ချင်းဆိုသလို
နိုးကြားသွားသည်။ ဒီခြေသံဟာ.....
သူသတိရပီးငါးရက်မြောက်နေ့....။
အနားသို့နီးစပ်လာတိုင်းလေထဲတွင်လွင့်လွင့်
ပါလာသောရေမွှေးနံ့သင်းသင်း..။

နောက်ဆုံးတော့ အသည်းနှလုံးမဲ့သူသည်
သူ့ဆီသို့ရောက်လာခဲ့ပြီ...။
"Jeon..."
ထိုအသံငယ်သည်သူ့ဘဝတခုလုံးအားဇောက်ထိုး
မိုးမျှော်ဖြစ်သွားစေခဲ့သောအသံ..။
ချိုချိုအီအီအသံ စွဲစွဲငင်ငင်အသံ
ဘဝထက်တောင်ပိုချစ်ပေးခဲ့ရသောအသံ။
အပြစ်တခုမှမတင်ရက်လေသောအသံ။
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့သိသိ
သာသာပိန်သွားပါသောသူသည်
မတ်တပ်တောင်မနည်းရပ်နေရသောပုံ။
အများကြီးဖိအားတွေပေးခဲ့ကြတယ်နဲ့
တူပါတယ်....လွန်လွန်ကြူးကြူးတွေ
အပြောခံထိထားပုံသောပင်ပန်းခြင်းတွေ
Hungမျက်လုံးတွေမှာအပြည့်ပင်။
"ဘယ်တော့မှမလာတော့ဘူးထင်နေတာ..."
အိပ်ယာပေါ်မှသူထတော့ကူညီပေးသော
Hyung၏မျက်နှာလှလှလေးအားအငမ်း
မရငေးနေလိုက်သည်။ခေါင်းအုံးတလုံး
အားခါးနောက်သို့ထားကာသေချာပြင်ဆင်နေ
သောHyungသည်အပိုးကျိုးကျိုး
လူဆိုးငယ်လေးလို။မျက်လုံးတွေထဲ
အထိထိုးဖောက်ကြည့်လျက်ငြိမ်သက်နေပြီးမှ
ခေါင်းလေးငုံ့ဝင်သွားပုံသည်ထူးထူးဆန်းဆန်း။
"တောင်းပန်ပါတယ်"
အက်ကွဲစွာထွက်ပေါ်လာသောအသံ
ငယ်သည်အဓိပ္ပာယ်ပေါင်းများစွာပျော်
ဝင်နေခဲ့သည်။
"....."

"ကိုယ်မောင်နဲ့စသိထဲကမောင့်အပေါ်
ဇွတ်တရွတ်ဆန်ခဲ့ပါတယ် အရာအားလုံး
အတွက်တောင်းပန်ပါတယ် မောင့်
ခြေထောက်တွေအတွက် မောင့်ဝေဒနာ
တွေအတွက်ရော ခွင့်လွှတ်ပါလို့
ကိုယ်မတောင်းဆိုပါဘူး
ဒါပေမယ့်တောင်းပန်တာကိုလက်ခံပေးပါ"
"မှားမှန်းတော့သိသားပဲ....."
Jeonသည်ရှည်လာပီဖြစ်သောဆံပင်နက်နက်တွေ
ကြားထဲမှဆွေးမြေ့စွာကြည့်လျက်ဆိုသည်။
သူ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး
နူတ်ခမ်းတွေဆီသို့သယ်ဆောင်သွား
ခြင်းကြောင့်ရဲခနဲဖြစ်သွားသော
ပါးနှစ်ဖက်သည်အလိုက်မသိခဲ့။

ParkJimin ကိုချစ်တယ်....Onde as histórias ganham vida. Descobre agora