Chapter 40(Part 3)

9.5K 2.1K 117
                                    

《UNICODE》
လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

မုထျန်းကျောင်/အန်းနယ်စား-ဒုတိယမင်းသား/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်(အန်း=ဘွဲ့နာမည်)ချိုဖင်ရဲ့သားတော်

ချိုရှီ/ချိုဖင်- ဧကရာဇ်၏​တော်​ဝင်ကိုယ်လုပ်တော်မိဖုရားငယ်(အရင်ကွေ့ဖေးဟောင်း၊ယခု နှစ်ဆင့်နိမ့်ကျသွား၍"ဖင်"ဖြစ်သွား)

လော်ကုန်းကုန်း/လော်ယွေ့စိန်း- ကုန်းကုန်းအစေခံတွေအားလုံးရဲ့အကြီးအကဲ၊ ဧကရာဇ်ရဲ့ဘေးနားစောင့်ကိုယ်ပိုင်အစေခံ

အန်းနယ်စားက နေရာတကာမှာ အော်ဟစ်အကူအညီတောင်းနေတုန်းမှာ ကျင်ဝမ်က ငါးခေါင်းအုံးကို အမြန်ပြန်ဆွဲယူလိုက်ပြီး ကောင်းကောင်းမွန်မွန် ပြန်သိမ်းထားလိုက်တယ် ။ ပြီးမှ ဖန်ပုလင်းကိုကိုင်ကာ ခေါင်မိုးပေါ်ကခုန်ဆင်းလိုက်ပြီး ညင်ညင်သာသာပဲ အောက်ပြန်ရောက်သွားတယ် ။

" အရှင့်သား ! " ဝမ်ရှီက ပြေးလာခဲ့တယ် ။ သူက ကျင်ဝမ်ကို အောက်ကနေ ကူညီပေးဖို့ တာဝန်ရှိတာဆိုတော့ ။

အခုဆို အန်းနယ်စားက သူ့အင်အားနဲ့ လွှမ်းမိုးချုပ်ကိုင်ခွင့်တွေအားလုံးကို ဆုံးရှုံးသွားခဲ့ရပြီ ။ ဒီတော့ အခုက သူကျင်အိမ်တော်မှာ အကြွေးတင်နေခဲ့တာကို ပြန်ဆပ်ရမယ့်အချိန်ပဲ ။

ပထမဆုံးကျင်ဝမ်က အန်းနယ်စားကို အရမ်းကြောက်လန့်နေအောင် ခြောက်လိုက်တယ် ။ သူအမျိုးသမီးလုပ်ကြံသူကို သတ်လိုက်တုန်းက ရှောင်ယွီဖော်ပြခဲ့တဲ့ အကြောက်တရားကို သူခုထိမှတ်မိနေတုန်းပဲ ။ အဲ့ဒီအတွေ့အကြံကနေမှ ကျင်ဝမ်သင်ခန်းစာ ရလိုက်တယ် ။ အရမ်းရက်စက်တာတွေကို ရှောင်ယွီမြင်အောင်ပြဖို့ မလိုအပ်ဘူးလို့ပေါ့ ။ အသေးစားလက်စားပြန်ချေမှုအနေနဲ့ အန်းနယ်စားကြောက်လန့်သွားတဲ့ပုံကိုပဲ ရှောင်ယွီကို မြင်ခွင့်ပေးလိုက်တယ် ။

နောက်ပြီးတော့မှ ကျင်ဝမ် စိတ်မဝင်စားတော့သလို ဝမ်ရှီကို လက်နဲ့အချက်ပြလိုက်တယ် : သူထွက်သွားတာနဲ့ သေချာရှင်းရှင်းလင်းလင်း လုပ်လိုက်တော့

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now