Chapter 20:အရိပ်အယောင်

9.9K 2.1K 158
                                    

Sorry for the long wait🤧
《UNICODE》

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ
ဒုတိယမင်းသား-မုထျန်းကျောင်/ကွေ့ဖေးရဲ့သားတော်

လီယွီသူ့ခြေထောက်နဲ့ခြေချောင်းတွေက ပျော့ညံ့ပြီးခိုင်မာမှုမရှိသေးတာကိုတွေ့လိုက်ရတယ် ။ သူငါးတစ်ကောင်အဖြစ် အကြာကြီးနေခဲ့ရပြီး ရေပဲကူးနေရလို့ဖြစ်နိုင်တယ် ။ အစတုန်းကတော့ သူဖြေးဖြေးလေးနဲ့ လမ်းစလျှောက်ခဲ့တာမှာ ဒယီးဒယိုင်ဖြစ်နေခဲ့ပေမယ့် ဒီပျော့ပျောင်းနေသလိုခံစားချက်က ခဏပဲကြာတာဖြစ်လို့ လမ်းမှန်မှန်ပြန်လျှောက်နိုင်ခဲ့တယ် ။

သူဝတ်လို့ရမယ့် ဖိနပ်အရွယ်အစားမရှိတာကြောင့် ခြေဗလာနဲ့လမ်းလျှောက်နေရတယ် ။ ကံကောင်းလို့ ရာသီဥတုက သိပ်မအေးလွန်းတာကြောင့် သူ့ခြေဖဝါးတွေက အအေးဓာတ်ကိုမခံစားရဘူး ။ ကျင်ဝမ့်အိမ်တော်က ကြမ်းပြင်တွေကို လုံးဝပြောင်သလင်းခါနေအောင် ရှင်းလင်းသန့်စင်ထားတယ် ။ သူ့အာရုံက ခြေဖဝါးတွေပေါ်ကိုပဲ စိုက်ရောက်နေမိတယ် ။ ကျောက်လိုဏ်ဂူထဲက ထွက်လာပြီးနောက်မှာ သူအကြာကြီးလျှောက်လာတာတောင် လမ်းမှာဘာအခက်အခဲမှ မတွေ့ရဘူး ။

သူ့ကိုယ်ပေါ်က အဝတ်အစားရယ် ဖိနပ်မပါတာရယ်ကပဲ အတော်ဆိုးဆိုးရွားရွားဖြစ်နေစေတယ် ။ ဒီလိုပုံဖြစ်နေလို့လည်း လူအများကြီးက လီယွီကိုတွေ့ပေမယ့်လည်း သူ့ကိုလာမေးခွန်းမထုတ်ရဲဘူး ဖြစ်နေတယ် ။

ဒီနေ့က ကျင်ဝမ်ပွဲတော်ကျင်းပတဲ့နေ့ ။ အိမ်တော်မှာ ဧည့်သည်တွေအများကြီးနဲ့ ပြည့်နေတယ် ။ အားလုံးကလည်း မင်းသားတွေနဲ့ ရာထူးကြီးကြီးမားမားရှိတဲ့ မင်းမျိးနွယ်တွေချည်းပဲ ။ အပြင်ဘက်မှာလည်း အစောင့်တွေနဲ့ပြည့်နေပြီးတော့ အိမ်တော်ထဲကိုဝင်ချင်ရင် ဖိတ်စာပါလာမှဝင်လာလို့ရတယ် ။ ဒါကြောင့်မလို့ အိမ်တော်ထဲက လူတွေအားလုံးက အဆင့်အတန်းမြင့်မားတယ်လို့ သတ်မှတ်ပြီးသားဖြစ်လို့ ကျင်ဝမ်ကျင်းပတဲ့ပွဲကို ဘယ်မိသားစုကသခင်လေးက ဒီပုံစံနဲ့ပွဲကိုလာရဲတာဟာ စိတ်အခြေနေကောင်းပုံမရဘူးလို့ ထင်မှတ်သွားတာကြောင့် လီယွီနားကိုဘယ်သူမှမကပ်တာဖြစ်တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now