Chapter 37(Part 2)

9.7K 2.1K 58
                                    

《UNICODE》
လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

မုထျန်းကျောင်/အန်းနယ်စား-ဒုတိယမင်းသား/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်(အန်း=ဘွဲ့နာမည်)ချိုဖင်ရဲ့သားတော်

ချိုရှီ/ချိုဖင်- ဧကရာဇ်၏​တော်​ဝင်ကိုယ်လုပ်တော်မိဖုရားငယ်(အရင်ကွေ့ဖေးဟောင်း၊ယခု နှစ်ဆင့်နိမ့်ကျသွား၍"ဖင်"ဖြစ်သွား)

တတိယမင်းသား-မုထျန်းမင်

ဆဌမမင်းသား- မုထျန်းရှောင်

လော်ကုန်းကုန်း/လော်ယွေ့စိန်း- ကုန်းကုန်းအစေခံတွေအားလုံးရဲ့အကြီးအကဲ၊ ဧကရာဇ်ရဲ့ဘေးနားစောင့်ကိုယ်ပိုင်အစေခံ

ချန်းဖေး -တတိယမင်းသားရဲ့မိခင်/တော်ဝင်ဒုတိယအဆင့်မိဖုရားလတ်(ချိုဖင်ထက်တဆင့်ကြီးပြီးကွေ့ဖေးအောက်တဆင့်နိမ့်)

ဘေးနားမှာရှိနေတဲ့ မိဖုရားတွေအားလုံးက တစ်ယောက်ရဲ့ကိုယ်ဟန်အနေထား မျက်နှာထားကို ကြည့်ပြီးတော့ ဘယ်သူက ဘာအတွေးတွေရှိနေလဲကို ရိပ်စားခန့်မှန်းနိုင်စွမ်းတွေရှိကြလို့ အခုချိန်မှာ ဧကရာဇ်က ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်တွေဝင်နေတယ်ဆိုတာကို သတိပြုမိကြတယ် ။ နောက်က နှုတ်ဆက်တုံပြန့်စကားပြောတာကလွဲလို့ ဘယ်သူကမှ စကားတစ်လုံးတောင် ဖွင့်ဟမပြောရဲကြဘူး ။ အန်းနယ်စားက သူ့ဟန်ချက်ကိုပြန်ရဖို့ ထပ်ပြီးကြိုးစားနေတာကို တတိယမင်းသားက ဘာမှမလုပ်ဘဲ ဒီတိုင်းကြည့်နေဖို့ကို လက်မခံနိုင်ဘူးဖြစ်နေတယ် ။ အကြိမ်ပေါင်းမနည်း ပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောမယ်ကြံတိုင်း ဆဌမမင်းသားက တိတ်တဆိတ် ဖျောင်းဖျနေတာကြောင့် ပြောမယ့်စကားတွေကို ရပ်တန့်လိုက်ရတယ် ။

ဒီအချိန်မှာ ဧကရာဇ်ရဲ့ နှလုံးသားက ချိုရှီနဲ့ အန်းနယ်စားရဲ့ကောင်းချက်တွေကိုပဲ ပြန်သတိရနေတယ် ။ တစ်ယောက်ယောက်က သူတို့နှစ်ယောက်ရဲ့ မကောင်းကြောင်းကို တိုက်ရိုက်သွားပြောလိုက်ရင် ဧကရာဇ်ကို မပျော်မရွှင်ဖြစ်အောင်ပဲ လုပ်မိလိမ့်မယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now