Chapter 45

10K 2.1K 121
                                    

《UNICODE》

လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

မုထျန်းကျောင်/အန်းနယ်စား-ဒုတိယမင်းသား/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်(အန်း=ဘွဲ့နာမည်)ချိုဖင်ရဲ့သားတော်

တတိယမင်းသား-မုထျန်းမင်

ဆဌမမင်းသား- မုထျန်းရှောင်

လော်ကုန်းကုန်း/လော်ယွေ့စိန်း- ကုန်းကုန်းအစေခံတွေအားလုံးရဲ့အကြီးအကဲ၊ ဧကရာဇ်ရဲ့ဘေးနားစောင့်ကိုယ်ပိုင်အစေခံ

ချန်းဖေး -တတိယမင်းသားရဲ့မိခင်/တော်ဝင်ဒုတိယအဆင့်မိဖုရားလတ်(ချိုဖင်ထက်တဆင့်ကြီးပြီးကွေ့ဖေးအောက်တဆင့်နိမ့်)

ကျင်ဝမ်က ဒဏ်ရာရသွားခဲ့တာကြောင့် ဆေးကုသမှုခံယူကာ လီယွီရဲ့ဒူးပေါ်မှာ ခေါင်းတင်လဲပြီးသွားတာနဲ့ အိပ်ပျော်သွားတော့တယ် ။

လီယွီ အာဏာရှင်ရဲ့ မနာလိုလောက်စရာကောင်းပြီး အရမ်းကိုချောမောနေတဲ့မျက်နှာလေးရဲ့ မြင်ကွင်းအပြည့်အဝကို ခံစားကြည့်ရှုနေတယ် ။ သို့ပေမယ့် သူ့ခြေထောက်နဲ့ နောက်ကျောကတော့ ခေါင်းအုံးတစ်ခုအဖြစ်နဲ့ အကြာကြီးမနေနိုင်ဘူး ဆိုပေမယ်လည်း နောက်ဆုံးမှ အိပ်ပျော်သွားခဲ့တဲ့လူကို နိုးမိမှာကြောက်လို့ လီယွီမလှုပ်ရှားရဲခဲ့ဘူး ။

ဒါ့အပြင် ပင်ပန်းတာက သိပ်ပြဿနာမဟုတ်သေးဘူး ။ သူ့တွက်ချက်မှုအရဆို သူလူအသွင်ပြောင်းချိန်က ပြီးဆုံးဖို့ နီးကပ်လာခဲ့ပြီ ။ အခုချိန် ခုတင်ပေါ်မှာတင် ငါးအဖြစ်ပြောင်းတာကို တိုက်ရိုက်ပြသမိသွားသလို ဖြစ်သွားခဲ့ရင် -- လီယွီ ရုတ်တရက် အတွေးပေါက်သွားခဲ့တယ် ။ ကျင်ဝမ်က သူ့ကိုခေါင်းအုံးအဖြစ်အသုံးပြုနေတုန်း သူကငါးအသွင်ပြန်ပြောင်းခဲ့မယ်ဆိုရင် ကျင်ဝမ်က သူ့ကိုဖိမိမှာမဟုတ်ဘူးလား ? ဖိမိလို့ သူပြားချပ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ......

လီယွီ ခေါင်းကိုအမြန်ခါရမ်းလိုက်တယ် ။ အသွင်မပြောင်းခင် သူထွက်သွားနိုင်ဖို့ လိုတယ်။ ဒါပေမယ့် ကျင်ဝမ်က အိပ်နေတုန်းရယ် .......

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now