Chapter 3:အချစ်တော်ငါးလေး

15K 2.2K 54
                                    

《UNICODE》

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

Trans Note: Li Yu​ Systemနဲ့​​တွေးတာပြောတာကိုမျဥ်း​စောင်းနဲ့ပဲပြထားပါတယ်system​ပြောတာကို​တော့boldနဲ့ပြထားပါတယ်🤗

တစ်ခဏလောက့် Li Yuသူ့ကိုယ်သူ မြင်ယောင်မြင်မှားဖြစ်နေတယ်လို့ ထင်မိတယ် ။

စောင့်ပြီးရင်းစောင့်ဆိုင်းနေပေမယ့် သူထင်ထားသလို လူအဖြစ်ပြန်ပြောင်းဖို့ အရိပ်တောင်မမြင်ဘူး ။

လူအဖြစ် မပြောင်းရုံမက ဘယ်ကနေရောက်လာမှန်းမသိတဲ့ ဘာကြီး....ချစ်စရာအိမ်မွေးတိရစ္ဆာန်စနစ်ဆိုပြီး Systemစကားပြောသလိုလိုကြီးက ထွက်လာသေးတယ် ။

Li Yu Systemဆိုတဲ့နာမည်ကို တွေးမိတာနဲ့ မျက်လုံးတွေအရောင်လက်သွားပြီးတော့ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေတဲ့ စကားလုံးကြီးနှစ်လုံးက သူစိတ်ထဲမှာချက်ချင်းပေါ်လာတယ် ။

အဲ့ဒီအချိန်မှာပဲ ခုနကအချက်ပြသံပေးလိုက်တဲ့ သူ့ရဲ့Systemဆီက အလိုအလျောက်ပြောလိုက်သံကို ကြားရတယ် " Host ကျေးဇူးပြုပြီး အဓိကတာဝန်ကိုလုပ်ဆောင်မှာလား အရန်တာဝန်ကိုလုပ်ဆောင်မှာလား ရွေးပေးပါ "

Li Yu မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်၊ ကြည့်ရတာ သူမတော်တဆ Systemတစ်ခုရသွားတာနဲ့ တူတယ် ။

ဒီSystemကသူ့ကို hostလို့ခေါ်တယ် အဲ့တော့ သူ့ရဲ့ရွှေရောင်လက်ချောင်းပဲ ဖြစ်ရမယ် ၊ ထင်တဲ့အတိုင်းပဲ သူဒီလိုအလကားနေရင်း ငါးအဖြစ်ပြောင်းသွားတာတော့ မဟုတ်ပါဘူးလို့ ၊ သူအခုငါးအဖြစ်ပဲရှိနေပေမယ့် ပြန်မပြောင်းနိုင်သေးပေမယ့် ဒီလိုရွှေလက်ချောင်းနဲ့တော့ Systemရဲ့ညွှန်ကြားချက်တွေနဲ့တော့ လူအဖြစ်ပြောင်းနိုင်ကောင်းပြောင်းနိုင်မှာပါ ။

(Tras Note: ရွှေလက်ချောင်းက သူ့ကိုအကူအညီပေးမယ့် ကောင်းတဲ့အရာတွေပေးမယ့််သူပေါ့အဲ့လိုမျိုးကိုပြောတာပါ🤔)

ပထမအစကကြားလိုက်တဲ့ Systemသတိ‌ပေးချက် သူအဓိကတာဝန်ရဲ့ပထမအဆင့်ကိုပြီးမြောက်သွားပြီ ဆိုတာကို ပြန်စဥ်းစားမိတယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now