Chapter 44(Part 2)

9.1K 2.1K 209
                                    

《UNICODE》

လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

တော်ဝင်သမားတော်တွေအသုံးပြုတဲ့ လိမ်းဆေးမှာ အကိုက်အခဲ​ပျောက်​စေတဲ့ အစွမ်းသတ္တိပါဝင်နေတယ် ။ ဒါ​ကြောင့်အချိန်ခဏလောက်အထိ ကျင်ဝမ်နာကျင်တယ်လို့ မခံစားမိဘူး ဆိုပေမယ့် ရှောင်ယွီရဲ့စိုးရိမ်မှုအပြည့်နဲ့ မျက်လုံးတွေကိုတွေ့လိုက်ရတော့ ကျင်ဝမ်ခဏလောက်တွန့်ဆုတ်သွားပြီး အလိုအလျောက်ခေါင်းညိတ်မိသွားတယ် ။

ကျင်ဝမ် တွေးနေခဲ့တာက : သူနာကျင်နေတယ်ဆိုရင် ဝမ်ရှီလိုပဲ ရှောင်ယွီကလည်း သူ့အတွက် ဒဏ်ရာကို ကိုယ်တိုင်လေမှုတ်ပေးမှာလား ?

ဝမ်ရှီလေမှုတ်ပေးဖို့ မလိုအပ်ပေမယ့် ရှောင်ယွီကမှုတ်ပေးမယ်ဆိုရင်တော့ ဒါကိုထည့်စဉ်းစားလို့ရပါတယ် ။

ဒါကြောင့် ရှောင်ယွီမေးမြန်းလာမှာကို ကျင်ဝမ်စောင့်နေခဲ့တယ် ။ သို့ပေမယ့် လီယွီကဒီအကြောင်းကို လုံးဝမစဉ်းစားမိဘူး ။ ကျင်ဝမ်နာကျင်နေတုန်းပဲဆိုလို့ လီယွီမတ်တပ်ရပ်လိုက်ကာ အချိုမုန့်တွေပါတဲ့ ကျောက်စိမ်းသေတ္တာလေးကို ပြေးဆွဲယူလိုက်တယ် ။ ပြီးမှ အနားကိုယူလာခဲ့ကာ အထဲက မက်မွန်ပွင့်ကိတ်အနည်းငယ်ကို ဆွဲထုတ်လာတယ် ။

" အရှင့်သားက နာကျင်နေသေးတယ်ဆိုရင် ချိုတဲ့တစ်ခုခုကိုစားပါလား၊ မုန့်ကောင်းကောင်းနဲ့ဆို အရှင့်ရဲ့ဒဏ်ရာက သိပ်မနာကျင်လောက်တော့ပါဘူး " ငါးကြင်းမိစ္ဆာက မျက်နှာပေါ်မှာ အပြုံးတစ်ခုကို အတင်းလုပ်ယူရင်းပြောတယ် ။

ကျင်ဝမ် : " ......... "

ကျင်ဝမ် ချောင်းအနည်းငယ်ဆိုးပြလိုက်တယ် ။ မှုတ်မပေးပေမယ့် မုန့်ကျွေးတာဆိုလည်း အဆင်ပြေပါတယ်။ သို့ပေမယ့် သူ့ညာလက်က ဒဏ်ရာရနေတော့ လှုပ်ရှားရတာ အဆင်မပြေဖြစ်နေတယ် ။

နောက်ဆုံးတော့ လီယွီနားလည်သွားပြီး ပြောလိုက်တယ် : " ကျွန်တော် အရှင့်ကိုကူညီပါရစေ "

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now