Chapter 26(Part 2)

9.7K 2.2K 169
                                    

《UNICODE》
Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

ရှုန်ဖုန်း-ယဲ့ချင်းဟွမ်ရဲ့​ခွေးနက်ကြီး

အခန်းရှေ့ကို ကျင်ဝမ်ပြန်လာခဲ့ပြီး တံခါးကို အရှိန်နဲ့တွန်းဖွင့်လိုက်တယ် ။ အခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး ။

လူငယ်လေးက အမြဲထွက်ပြေးနေကြဆိုတာ သူသိတယ် ၊ ခြေရာလက်ရာတွေနဲ့ သံသယရှိဖွယ်အရာတွေကို တစ်ခါတလေရှင်းလင်းသွားတက်ပေမယ့် အမြဲတမ်းတစ်ခုနှစ်ခုကတော့ ကျန်ကျန်နေခဲ့တယ် ။

အရင်အခါတွေ လူငယ်လေးက သူ့အခန်းထဲကို ဘယ်နှစ်ကြိမ်မှန်းမသိ ဝင်ထွက်နေတာနဲ့ပဲ သူဝမ်ရှီကို ပြတင်းပေါက်ကို တိတ်တဆိတ် ပိတ်ထားဖို့စေခိုင်းခဲ့တယ် ။ ပြတင်းပေါက်က ဖွင့်လို့မရတော့ဘူး ၊ အနည်းဆုံးတော့ သူပြတင်းပေါက်ကနေ ထွက်ပြေးလို့မရတော့ဘူးပေါ့ ။

ကျင်ဝမ် ပုံမှန်တိုင်းပဲ သူ့ငါးကို အရင်လှမ်းကြည့်လိုက်တယ် ။ ငါးက ကန်ထဲမှာ ဖြေးဖြေးလေးရေကူးနေတယ် ။

ဒီတစ်ကြိမ် သူကိုယ်တိုင် သဲလွန်စရှာဖို့ ကျင်ဝမ်ဆုံးဖြတ်လိုက်ပြီး ပထမဆုံးအခန်းထဲ ပတ်ကြည့်လိုက်တော့ ဘာထူးခြားမှုမှမတွေ့ရဘူး ။ သူ့အတွင်းဝတ်အင်္ကျီနဲ့ ဘောင်းဘီက တစ်ခေါက်က လွင့်ပစ်ခံခဲ့ရ တစ်ခေါက်က ဝတ်ပြီးသားအဝတ်တွေထဲ ရောထည်ခံခဲ့ရကာ ခဏခဏအခိုးခံနေရလို့ ကျင်ဝမ်သူ့အင်္ကျီတွေကို အရင်ရှာဖွေကြည့်မှ ရမယ်ဆိုပြီးတော့ ဗီရိုကိုဖွင့်လိုက်တယ် ။

သူ့နောက်က အကြည့်တစ်စုံကို သူသတိမထားမိခဲ့ဘူး ။ အခန်းထဲကို ဝင်လာတည်းက သူ့နောက်မှာရှိနေတဲ့ မျက်လုံးတစ်စုံကိုပေါ့

သလင်းကျောက်ငါးကန်ထဲမှာ ငါးကြင်းလေးက ရင်တထိတ်ထိတ်နဲ့ ကန်နံရံကို ကပ်တွယ်နေတယ် ။ နေရာကနေမရွေ့ရဲဘဲ ကျင်ဝမ်အခန်းထဲပတ်ကြည့်နေတာကို စောင့်ကြည့်နေတယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now