Chapter 5:အပွတ်သပ်ခံရတဲ့ငါး​လေး

12K 2.1K 60
                                    

《UNICODE》
Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ- ကျင်ဝမ်ရဲ့အ​စေခံ

ကျင်ဝမ်က ငါးလေးကို အာရုံစိုက်စောင့်ကြည့်နေတုန်းပဲ ။ ဝမ်ရှီက မျှော်လင့်ချက်အပြည့်နဲ့မျက်လုံးတွေနဲ့ ကျင်ဝမ်ကိုကြည့်ပြီး ဝါးဘူးနှစ်ခုလုံးကို ကမ်းပေးလာတယ် ။

Mu Tian Chi : " ........... "

ဝမ်ရှီ ကျင်ဝမ်အနားမှာ‌ နေတာလာခဲ့တာလည်း နှစ်ပေါင်းအတော်ကြာပြီဆိုတော့ သူ့အရှင်ရဲ့ဆန္ဒကို မသိမသာနဲ့ ဘယ်လိုဖြည့်ဆည်းပေးရမှာလဲ ကောင်းကောင်းသိလို့ လေးလေးစားစားနဲ့ပြုံးပြီးတော့ ပြောလိုက်တယ် " အရှင့်သား ဒီအစေခံအိုကြီးမှာ တခြားလုပ်စရာလေးရှိသေးပါတယ်၊ ဒါပေမယ့် ဒီငါးလေးကိုအစာကျွေးလို့ မပြီးသေးဘူးဆိုတော့ အရှင့်သားကဒီအစေခံအိုကြီးကိုကူညီပြီး ကျွေးပေးလို့ရမလား ? "

Mu Tian Chi နည်းနည်းစိတ်လှုပ်ရှားသွားတယ် ။

ဝမ်ရှီက သူ့လက်ထဲကို ဘူးတွေတွန်းထည့်ပေးလာပြီးတော့ အလေးအနက်ပြောတယ် " ငါးစာကနှစ်မျိုးရှိပါတယ် အရှင့်သား ကျေးဇူးပြုပြီးတော့ကြည့်ပေးပါ ၊ အနီရောင်က ငါးနဲ့အသားအရသာဖြစ်ပြီးတော့ အစိမ်းရောင်က မှိုနဲ့ဟင်းသီးဟင်းရွက်အရသာဖြစ်ပါတယ် ၊ ဒီအစေခံအိုကြီးလေ့လာရသလောက်တော့ ငါးလေးက အနီကိုပိုကြိုက်ပုံပေါ် ပါတယ်။ "

Mu Tian Chi : " ............. "

Mu Tian Chi သေချာပြန်စဥ်းစားမိတယ် တကယ့်ကို ငါးလေးက ငါးစာအနီကိုမြင်ရင် ပိုပြီးသွပ်သွပ်လက်လက် ရေကူးလာတယ် ။

Mu Tian Chiအနီရောင်ငါးစာဘူးကို ဘာမှမပြောဘဲလှမ်းယူလိုက်တယ် ။ ဝမ်ရှီ မျက်လုံးတွေ လခြမ်းလို ကွေးသွားတဲ့အထိ အားရပါးရပြုံးလိုက်မိပြီး ကျင်ဝမ်ကို အစာအများကြီးမကျွေးမိဖို့မှာတယ် ။ပြီးတာနဲ့ အကြောင်းပြချက်တစ်ခုရှာပြီး အခန်းထဲကထွက်လာခဲ့တော့တယ် ။

Mu Tian Chi ငါးစာကိုကိုင်ပြီး ခဏတုန့်ဆိုင်းနေတယ် ဘာပဲပြောပြောသူအရင်က ဒါမျိုးမလုပ်ဖူးဘူးဆို‌တော့ ၊ Li Yuစောင့်ပြီးရင်းစောင့်တယ် ဝမ်ရှီအခုထိ သူ့ကိုအစာဆက်မကျွေးသေးဘူး ။ ဗိုက်မဝသေးတဲ့ ငါးကြင်းလေးတစ်ကောင် မနေနိုင်တော့ဘဲနဲ့ ရေမျက်နှာပြင်အထိတက်ပြီး တက်တက်ကြွကြွ စောင့်မျှော်ဖို့လုပ်လိုက်တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now