Chapter 29

10.1K 2.1K 69
                                    

Sorry for the long wait pr
《UNICODE》
Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

ရှုန်ဖုန်း-ယဲ့ချင်းဟွမ်ရဲ့​ခွေးနက်ကြီး

ဒုတိယမင်းသား-မုထျန်းကျောင်/ကွေ့ဖေးရဲ့သားတော်

တတိယမင်းသား-မုထျန်းမင်

ယဲ့ချင်းဟွမ် အေးစက်တည်ငြိမ်နေတဲ့မျက်နှာနဲ့ ကျင်ဝမ်ရဲ့ရှေ့မှာ လျို့ဝှက်အစီရင်ခံစာတွေ တစ်ပုံလိုက်ကြီးကို ပုံချလိုက်တယ် ။

ယဲ့သခင်လေးက အမြဲတမ်းတက်ကြွတဲ့ကြက်ဖဖြစ်နေတက်ပြီး သူ့မှာဒီလိုသုန်မှုန်နေတဲ့ပုံစံရှိတဲ့အချိန်က အလွန်ရှားတယ် ။ လျို့ဝှက်အစီရင်ခံစာကို ဖွင့်လိုက်တာနဲ့ ငါးကန်ထဲမှာ ရေပတ်ကူးနေတဲ့ လီယွီလည်း အာရုံမစိုက်မိဘဲ သတင်းကိုမသိလိုက်မှာ ကြောက်လို့ ကူးနေတာကနေ ရပ်လိုက်တော့တယ် ။

တိုင်းပြည်ရေးရာ စားသောက်ပွဲပြီးတာနဲ့ ဧကရာဇ်က ယဲ့ချင်းဟွမ်နဲ့ သူ့အဖေချန်အန်းအိမ်တော်သခင်ကြီးကို နန်းတော်မှာ ခဏကျန်နေရစ်စေတယ် ။ စားသောက်ပွဲမှာ ယဲ့ချင်းဟွမ်က သတိအပြည့်ထားပြီးတော့ ငြင်းပယ်ချင်တဲ့ပုံစံနဲ့ ထိုင်နေခဲ့ပေမယ့် အခုတော့သူသိပ်မအောင်မြင်ဘူးဆိုတာကို သိလိုက်ရတယ် ။ နောက်ဆုံးမှာတော့ သူ့ကို ကျင်းကျွယ်မင်းသမီးနဲ့ လက်ထပ်ပေးဖို့ ဧကရာဇ်စီစဉ်တာကို ခံခဲ့ရတာပဲလေ ။ မဖြစ်နိုင်ဘူးဆိုပြီး စိတ်ကူးထဲမှာ တွေးတောင်မတွေးခဲ့တဲ့ စကားလုံးတွေက တဖြည်းဖြည်းနဲ့ မှန်ကန်လာခဲ့ပြီ ။

ဧကရာဇ်က ယဲ့ချင်းဟွမ်ကို မင်းသမီးလေးနဲ့ လက်ထပ်ပေးချင်တယ် ။ သူက ချန်းအန်းအိမ်တော်ရဲ့ သဘောထားကို မေးမြန်းနေပေမယ့်လည်း လက်ထပ်ပွဲက တိုင်းပြည်နဲ့ဆိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ် ။ သူ့ဖခင် ချန်အန်းအိမ်တော်သခင်ကြီးက ဧကရာဇ်ကိုအရမ်းသစ္စာစောင့်သိပြီးတော့ ဘယ်တော့မှဆန့်ကျင်ဘက်အရာကို အာခံမှာမဟုတ်ဘူးဆိုတာကို ယဲ့ချင်းဟွမ်ကောင်းကောင်းကြီး သိနေခဲ့တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now