Chapter 23(Part 1)

11.1K 2.1K 227
                                    

မ​နေ့က​ခေါင်းကိုက်​နေလို့မတင်လိုက်နိုင်လို့sryပါဒီ​နေ့​တော့အပိုင်းကအရမ်းရှည်လို့နှစ်ပိုင်းခွဲလိုက်ပါတယ်​နော်​နောက်တစ်ပိုင်းကိုမနက်ဖြန်တင်​ပေးပါ့မယ်🥺
Take care pr
Love u all 🥰
《UNICODE》

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ- ကျင်ဝမ်ရဲ့အ​စေခံ

နေရာမှာတင် ကျင်ဝမ်ရဲ့ငြင်းဆိုမှုကို ခံခဲ့ရတဲ့ချူယွမ်ရီက ဒီလိုနည်းနဲ့ အိမ်တော်ကိုဝင်လာခဲ့မယ်လို့ လီယွီမသိခဲ့ဘူး ။

ဇာတ်လိုက်နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းကနေ အချစ်မီးပန်းတွေ စတင်ပေါက်ဖွားခြင်းမရှိခဲ့ဘူး ။ ဒါကြောင့် ကျင်ဝမ်ရဲ့အနာဂတ်ကို ထိခိုက်လာနိုင်လားဆိုတာကို လီယွီ ငါးကိုချောက်ချတဲ့Systemကို မေးချင်နေခဲ့တယ် ။

လီယွီဘက်က စတင်ပြီးတော့ ခေါ်လိုက်တယ် : Systemရေ ဇာတ်ကြောင်းက လုံးဝပြောင်းလဲသွားရင် ဘယ်လိုလုပ်ကြမလဲ ?

ကျင်ဝမ်က ချူယွမ်ရီကို မကြိုက်တာနဲ့ ပတ်သက်ပြီး တစ်ခုခုက မှားယွင်းနေတယ်လို့ လီယွီစိတ်ထဲမှာ အမြဲခံစားနေရတယ် ။

သူမေးလိုက်တိုင်း သေချင်ယောင်ဆောင်နေတက်တဲ့ Systemက ရှားရှားပါးပါးပြန်ဖြေလာတယ် " Hostက ကိုယ်နဲ့ဆိုင်တဲ့ ချစ်စရာအိမ်မွေးငါးတာဝန်တွေကိုပဲ လုပ်ဆောင်ရင်ဖြစ်ပါတယ် "

......... အဲ့တော့ပြောရမယ်ဆိုရင် ငါးအဖြစ်တာဝန်ကို ကောင်းကောင်းလုပ်နေသရွေ့ ဇာတ်ကြောင်းက ဘယ်လိုပဲပြောင်းသွားပြောင်းသွား ကိစ္စမရှိဘူးလို့ပြောနေတာလား !

လီယွီနည်းနည်းတော့ စိတ်လှုပ်ရှားသွားတယ် ။ အစတုန်းကတော့ ငါးကိုချောက်ချတဲ့Systemက သူ့ကို ကျင်ဝမ်နဲ့ချူယွမ်ရီကြားဝင် တွဲဖက်လုပ်ပေးခိုင်းမှာကို စိုးရိမ်နေခဲ့တာ ။ ဒါပေမယ့်အခု ဇာတ်ကြောင်းကို ဂရုမစိုက်ဘဲနေလို့ရတယ် ဆိုမှတော့ ကျင်ဝမ်က ချူယွမ်ရီနဲ့ဒီမုန်းလိုက်ချစ်လိုက် ဆက်ဆံရေးကို ကျောခိုင်းလို့ရပြီလေ ။ ဘာပဲဖြစ်ဖြစ် ကျင်ဝမ်က ချူယွမ်ရီကိုမကြိုက်တော့သလို ချူယွမ်ရီကလည်း ကျင်ဝမ်ကို မကြိုက်နိုင်ဘူး ။ ပြီးရင် သူကလည်း ငါးတစ်ကောင်ဆိုတော့ ဒီလူနှစ်ယောက်နီးစပ် ချစ်ကြိုက်သွားအောင် လုပ်ပေးလို့မှမရတာ ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now