Chapter 25(Part 2)

9.2K 2K 45
                                    

《UNICODE》
အရင်ပိုင်းရဲ့အဆက်မလို့တိုသွားပါလိမ့်မယ်🙆‍♀️😘

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

ရှုန်ဖုန်း-ယဲ့ချင်းဟွမ်ရဲ့​ခွေးနက်ကြီး

ယဲ့ချင်းဟွမ်ကို အိမ်တော်အပြင်မောင်းထုတ်ဖို့ ဝမ်ရှီအမိန့်ပေးလိုက်တယ် ။ ယဲ့ချင်းဟွမ်သေတော့မယ့်အတိုင်း ရုန်းကန်နေရှာတယ် " နေပါအုံး ၊ ငါ့ကိုမောင်းထုတ်ရင် ဘယ်သူက စာပို့တဲ့သူကို ရှာမှာလဲ ? "

" ဒါက သိသာနေပြီ‌လေ ယဲ့သခင်လေး " ဝမ်ရှီရယ်ကာပြောလိုက်တယ် " အရှင့်သားက ဒီအစေခံအိုကြီးကို မေးခိုင်းပါတယ်၊ သခင်လေး မောင်းအထုတ်ခံချင်လား ၊ ဒါမှမဟုတ် ကိုယ်တိုင်ဖွင့်ပြောမလားတဲ့ ? "

" တကယ့်ကို လက်ခံအောင်ပြောတာပဲ " ယဲ့ချင်းဟွမ်ဟန်ဆောင်မှု မရှိဘဲရယ်ကာ ကျိန်ဆဲလိုက်တယ် ။ အကြင်နာတရားကို မရှိဘူး ဆိုပြီး သူကိုယ်တိုင် ဘယ်လိုရှာမလဲဆိုတာကို အရင်ထုတ်ပြောလိုက်ရတယ် ။

သူ့နည်းလမ်းက ရှုန်ဖုန်းပဲ ။ စာရေးတဲ့သူက ရှုန်ဖုန်းကိုစာပို့ခိုင်းတာဆိုရင် ရှုန်ဖုန်းက ဒီလူကိုကျိန်သေးပေါက် မြင်လိုက်ရလိမ့်မယ် ၊ သူတို့က ရှုန်ဖုန်းကို ဦးဆောင်လမ်းပြခိုင်းသရွေ့ သူတို့ဒီလူကို သေချာပေါက်ရှာတွေ့နိုင်လိမ့်မယ် ။

ကျင်ဝမ် : " ............ "

လတ်စသတ်တော့ ဒီလိုလည်းရသေးတာပဲ !

ယဲ့ချင်းဟွမ် ခွေးကိုချည်ထားတဲ့ ကြိုးကိုဖြည်ပေးလိုက်ပြီး ရှုန်ဖုန်းကို လူရှာပေးဖို့ တောင်းဆိုနေတယ် ။

ရှုန်ဖုန်းက နားလည်လား မလည်ဘူးလားတော့ မသိဘူး ။ ယဲ့သခင်လေး စကားပြောပြီးတာနဲ့ သူ့လက်ဖဝါးကို လျက်ကာ ပြေးသွားတော့တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now