Chapter 42(Part 2)

9.8K 2.2K 79
                                    

《UNICODE》

လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

မုထျန်းမင်- တတိယမင်းသား

မုထျန်းရှောင်- ဆဌမမင်းသား

တတိယမင်းသားရဲ့ အိမ်တော်

မုထျန်းမင်က ကျင်အိမ်တော်ကို သွားပြီး ငါးဝယ်ဖို့လုပ်ခဲ့တာကို မုထျန်းရှောင်သိသွားတယ် ။ တကယ်တော့ မုထျန်းရှောင်က ဒီဖြတ်လမ်းနည်းနဲ့ လျှောက်တာကို သဘောမတူခဲ့ဘူး ။ ဧကရာဇ်ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားနေမယ့်အစား ဧကရာဇ်ချမှတ်ပေးတဲ့ တာဝန်ဝတ္တရားတွေကိုပဲ ရိုးရိုးသားသားလုပ်တာက ပိုကောင်းတယ် ။ သို့ပေမယ့်လည်း မုထျန်းမင်က သူ့ကိုယုံကြည်ပေမယ့် ကိစ္စတိုင်းမှာတော့ သူ့စကားကိုနားမထောင်ဘူး ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပေးရတဲ့သူက မုထျန်းမင်ကိုယ်တိုင်ပဲဆိုတော့ မုထျန်းရှောင် ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ဘူး ။

အထူးသဖြင် မုထျန်းမင်က ငါးကိုမဝယ်နိုင်ခဲ့တဲ့နောက်မှာ လူလွှတ်ပြီး ငါးကိုခိုးယူဖို့ စေခိုင်းလိုက်တယ်လို့ သူကြားခဲ့တဲ့အခါမှာပေါ့ ။ ဒါနဲ့တင် တော်တော်ကို လုံလောက်နေပြီဆိုပေမယ့် ငါးကိုခိုးတဲ့ကိစ္စကတောင် မအောင်မြင်ခဲ့ဘူး ။ တတိယမင်းသားရဲ့ လူတွေအားလုံးက ကျင်အိမ်တော်ကို ဝင်ဝင်ချင်းမှာပဲ အဖမ်းခံခဲ့ရတယ် ။ မုထျန်းရှောင် အရမ်းကို ဆွံ့အသွားခဲ့တယ် ။ နောက်တနေ့ရောက်ရင် ဧကရာဇ်မေ့သွားနိုင်တဲ့ ငါးတစ်ကောင်အတွက်နဲ့ ဒါတွေအားလုံးကို လုပ်ဖို့လိုအပ်လို့လား ?

" သေချာပေါက် လိုအပ်တာပေါ့ " မုထျန်းမင်က တွင်းတစ်ခုကို ကိုယ်တိုင်တူးပြီးသွားခဲ့ပြီ ။ ကျင်ဝမ်က သူ့ကိုအိမ်တော်ကနေ ရိုင်းရိုင်းပြပြကန်ထုတ်လိုက်ကတည်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ငါးတစ်ကောင်ကိစ္စတင်ပဲ မဟုတ်တော့ဘူး ။ ကျင်ဝမ်က သူ့အတွက် ဘာကကောင်းတယ်ဆိုတာကို မစဉ်းစားနိုင်ဘဲ တမင်ပြဿနာတက်အောင်လုပ်နေတာပဲလို့ တတိယမင်းသားခံစားခဲ့မိတယ် ။ တတိယမင်းသားက အိမ်ရှေ့စံနေရာနဲ့ သိပ်အလှမ်းမဝေးတော့ဘူး ဆိုတာကို သူရှင်းရှင်းလင်းလင်းကြီး သိထားတာတောင်မှပဲ သူက ရန်သူတွေပဲ ဖြစ်ချင်နေခဲ့တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now