Chapter 28(Part 1)

9.3K 2K 114
                                    

《UNICODE》
နောက်လည်းဒီလိုPart 1,2နဲ့ပဲသွားပါတော့မယ်နော်၊ ကိုယ်အများကြီးအလုပ်ကြိုးစားနေလို့ပါ🤧😝 Happy Thadingyut pr my beloved readers🥰

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

ဒုတိယမင်းသား-မုထျန်းကျောင်/ကွေ့ဖေးရဲ့သားတော်

တတိယမင်းသား-မုထျန်းမင်

ကျင်ဝမ်က ဖန်ပုလင်းလေးကို ထုတ်လိုက်တဲ့အချိန် သူ့နောက်သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ဝမ်ရှီကရှေ့ထွက်လာပြီး ကျင်ဝမ့်စားပွဲလေးပေါ် သန္တာကျောက်တွေနဲ့ အလှဆင်ထားတဲ့ငါးကန်အသေးလေးကို ချပေးတယ် ။ ရေကလည်း အဆင်သင့်ပြင်ဆင်ထားပြီးသား။ဒီတော့ ကျင်ဝမ်အင်္ကျီလက်ခေါက်တင်လိုက်ပြီး ငါးကိုရေထဲကိုယ်တိုင်ထည့်ပေးကာ ငါးလေးလွတ်လွတ်လပ်လပ် ကူးခတ်နေတာကို ခဏစိုက်ကြည့်နေတယ် ။

ကျင်ဝမ် ဝမ်ရှီကိုလှမ်းကြည့်လိုက်ပြီး ငါးကိုအစာကျွေးဖို့ပြင်လိုက်တယ် ။

ဝမ်ရှီက သဘောပေါက်ဟန်နဲ့ ငါးစာထည့်ထားတဲ့ ဝါးဘူကိုထုတ်ယူလိုက်ကာ ကျင်ဝမ်ကိုလှမ်းပေးလိုက်တယ် ။ ပြီးတာနဲ့ နောက်ကိုလှည့်သွားပြီးတော့ သူ့နောက်မှာအခစားပြုဖို့စောင့်နေတဲ့ အစေခံအမြောက်အမြားကို အချက်ပြလိုက်တယ် ။ အစေခံတွေက ကျင်ဝမ်အိမ်တော်ကနေမှ အဆာပြေမုန့်တွေအများကြီးကို တစ်လမ်းလုံးသယ်ယူလာခဲ့တာဖြစ်ပြီး မုန့်တွေကို ငါးကန်လေးရှေ့ တစ်ခုပြီးတစ်ခုလာချပေးတယ် ။

ကျင်ဝမ်က ငါးစာနှစ်ခုကိုယူလိုက်ပြီး ငါးကန်လေးထဲထည့်လိုက်တယ် ။ ပြီးရင် ပထမဆုံးမက်မွန်ပွင့်ကိတ်ကို တစ်ဝက် ပိုင်းလိုက်ပြီးတော့ ရှောင်ယွီအတွက်‌ အပိုင်းသေးသေးလေးတွေ ချေပေးတယ် ။ ကိုယ်တိုင်ကကြတော့ ဘာမှမဖြစ်သလိုပဲ ကျန်တဲ့တစ်ဝက်ကို ယူစားလိုက်တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now