Chapter 24

10.1K 2.1K 161
                                    

《UNICODE》
Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

ရှုန်ဖုန်း-ယဲ့ချင်းဟွမ်ရဲ့​ခွေးနက်ကြီး

ကျင်ဝမ်အပြင်ထွက်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ လီယွီလူငယ်လေးအဖြစ်အသွင်ပြောင်းလိုက်တယ် ။

ဒါက Systemပြင်ပမှာ သူပထမဆုံးအကြိမ် အသွင်ပြောင်းအစွမ်းကိုသုံးပြီး အသွင်ပြောင်းခဲ့တာပဲ ။ သူမလွဲမသွေ စိတ်လှုပ်ရှားပြီး ရင်တွေတဒုတ်ဒုတ်ခုန်နေပေမယ့် သူ့မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်ရအုံးမယ်ဆိုတာကို သိလို့ ဒီခံစားချက်တွေကို ခဏတာထိန်းချုပ်ထားလိုက်တယ် ။

လူအဖြစ်ပြန်ပြောင်းပြီးတဲ့နောက် သူ့ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှရှိမနေဘူး ၊ ဒါပေမယ့် ဘာဖြစ်လဲ ။ လီယွီဗီရိုထဲကနေ အတွင်းဝတ်အင်္ကျီနဲ့ဘောင်းဘီအသစ်ကို ယူလိုက်တယ် ။ အသွင်ပြောင်းအစွမ်းက သိပ်ကြာကြာမခံတော့ သူအပြင်ကိုထွက်လို့မရဘူး ။ ပြီးရင် သူကယဲ့ချင်းဟွမ်ဆီကို စာရေးပြီးတော့ပို့ဖို့ပဲလုပ်မှာ ဆိုတော့ အဆင်ပြေသလိုပဲ ကောက်ဝတ်လိုက်တယ် ။

အဝတ်ဝတ်တုန်း အင်္ကျီလက်ရှည်ကြီးတွေကို လီယွီခေါက်တင်လိုက်ရတော့ ဖြူဖွေးနေတဲ့ လက်မောင်းအတွင်းသားလေးတွေက ပေါ်လာတယ် ။ သူဂရုတစိုက်နဲ့ စားပွဲပေါ်က အပြင်အဆင်ထားရှိတဲ့ပုံကို ကြည့်လိုက်တယ် ။ ကျင်ဝမ်ရဲ့စုတ်တံနဲ့မှင်ရေက အဆင်သင့်ပြင်ပြီးသားဆိုပေမယ့် သူတဇွတ်ထိုးသွားသုံးလိုက်လို့ မရသေးဘူး ။ ခြေရာလက်ရာတစ်ခုခုထားခဲ့မိလို့ ကျင်ဝမ်သာရှာတွေ့သွားရင် သူ့အားထုတ်မှုတွေအားလုံးကို ဆုံးရှုံးရလိမ့်မယ် ။

လီယွီ ခဏလောက် ပျင်းပျင်းရိရိနဲ့ စဉ်းစားလို့အပြီးမှာတော့ အခန်းသန့်ရှင်းရေးလုပ်နေကြ အစေခံက ဘာပစ္စည်းတွေကို သန့်ရှင်းထိန်းသိမ်းတက်လဲ ဆိုတာကို သတိရသွားတယ် ။ သူ့မှတ်ဉာဏ်ထဲမှာရှိတဲ့ အတိုင်းလမ်းလျှောက်သွားပြီး စုတ်တံနဲ့မှင်အပိုတွေရှိနေတဲ့ အလယ်က အံဆွဲကိုဆွဲဖွင့်လိုက်တယ် ။ လီယွီ စုတ်တံတစ်ခု စာရွက်တချို့နဲ့ တစ်ဝက်လောက်ထိ အသုံးမပြုရသေးတဲ့ မှင်တုံးအသစ်တစ်ခုကို အံဆွဲထဲကနေ ထုတ်ယူလိုက်တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now