Chapter 12: ငါးလေးတောင်းပန်ချင်တယ်

10.2K 2K 121
                                    

《UNICODE》
(ခေါင်းစဉ်ကိုပါပြောင်းထားပါတယ်ဖတ်ရလွယ်အောင်🤗)

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ- ကျင်ဝမ်ရဲ့အ​စေခံ

လီယွီသူအမှားကြီးလုပ်မိပြီဆိုတာသိလိုက်ရပြီ ။

တွေးနေစရာကိုမလိုတော့ဘူး ကျင်ဝမ်ဒေါသထွက်ရင်လည်းထွက်လောက်ပါတယ် ။ ဒါတွေအပြင် သူကျင်ဝမ်ကိုရေစိုအောင်လုပ်တယ်၊ ကျင်ဝမ်မရှိတုန်းချန်ချင်းနန်းဆောင်မှာလည်း ပြဿနာရှာခဲ့တယ်၊ အခုဆို ကျင်ဝမ်ကိုရိုင်းပြစော်ကားလိုက်သေးတယ် ၊ လီယွီကိုယ်တိုင်တောင် ကျင်ဝမ်သူ့ကိုနေရာမှာတင် ညှစ်မသတ်ရင် သူ့ဘိုးဘေးတွေက သချိုင်းကနေမီးခိုးထုတ်လွှင့်တော့မယ်လို့ ထင်မိတယ် ။

(ဘိုးဘေးတွေသချိုင်းကမီးခိုးထုတ်တာက ကျိန်ဆဲတာလို့ထင်တာပဲကိုယ်လည်းဒီစကားပုံသိပ်နားမလည်ဘူး😖)

ကျင်ဝမ်လက်ကနေ သူဘယ်လိုလွတ်လာပြီး ငါးကန်ထဲကိုပြန်ရောက်လာတယ် ဆိုတာရော ဘယ်လိုလုပ် ကျောက်တုံးဖြူအိပ်ရာပေါ်ရောက်လာတယ် ဆိုတာရော သူမမှတ်မိတော့ဘူး ။ငါးက မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်သွားခဲ့တယ် ဆိုပေမယ့် ညတစ်ဝက်လောက်မှာ သူအိပ်ချင်စိတ်မရှိတော့ဘဲ လူးလိမ့်နေခဲ့တော့တယ် ။ ပြတင်းပေါက်အပြင်မှာရှိတဲ့ လရောင်က အဖြူနဲ့အပြာစပ်ကြွေအိုးထဲကို ဝင်ရောက်လာတဲ့အချိန်မှာတော့ ရေကန်အောက်ခြေကနေ အလင်းရောင်က လင်းလင်းလက်လက်ရောင်ပြန်ဟပ်နေတော့တယ် ။ လီယွီသူ့ရဲ့စိတ်အခြေအနေ နည်းနည်းပိုကောင်းလာသလို ခံစားလိုက်ရတယ် ။

ဒီလိုဆိုးရွားတာတွေ ဖြစ်ပြီးတဲ့နောက် သူ့မျက်နှာဘယ်လောက်အရေထူထူ တောက်ပတဲ့ပုလဲကို ရအောင်လုပ်နိုင်မှာ မဟုတ်တော့ဘူး ။ အနာဂတ်မှာတော့ သူလူသားအဖြစ်ပြောင်းနိုင်မယ့် တကယ့်အခွင့်အရေးအစစ်ကို ရနိုင်ဦးမှာပါ ၊ အရန်တာဝန်ကိုစွန့်လွှတ်ပြီး အဓိကတာဝန်ကိုပဲအရင်ဆုံး တစ်စိုက်မတ်မတ်လုပ်ဖို့ ကြိုးစားရမယ်

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now