Part 6

7.5K 724 13
                                    

Unicode

ရှောင်းကျန့် ကျောင်းစတက်တဲ့နေ့ကတည်းက တစ်ပတ်ကျော်သည်အထိ နေ့ရက်တိုင်းက သူ့အတွက် အရမ်းကိုမှခက်ခဲလှသည်။
ကျောင်းစတက်တဲ့နေ့က ရိပေါ်ပြောခဲ့တဲ့ မင်းအတွက် supriseတွေကြီးလာတော့မှာဆိုတဲ့ စကားက အမှန်တကယ်လက်တွေ့ပင်။
ရိပေါ်လုပ်ခဲ့တဲ့ကိစ္စတိုင်းက အရမ်းကိုမှsuprise ဖြစ်စရာတွေကြီးဘဲ။
ရှောင်းကျန့်စားပွဲခုံကိုကော်တွေကပ်ထားတာမျိုး၊ ဆရာမကိုပြရမယ့်စာအုပ်တွေ ရေစိုကုန်တာမျိုး၊ ထမင်းစားချိန်အတွင်း ဆရာမခေါ်တယ်ဆိုပြီး ရုပ်တည်ကြီးနှင့်လာပြောတာမျိုး နောက်ထပ်မျိုးစုံကို supriseဖြစ်အောင်လုပ်သွားတာတွေကြီးပင်။
အဲ့လိုစိတ်ရှုပ်စရာ supriseတွေထဲက ပိုပြီးစိတ်ရှုပ်စရာကောင်းတာက ဆရာမစာသင်ချိန်ကြီး နှင်းဆီပန်းစည်းကြီး ရောက်လာတာမျိုးနှင့် တစ်နေကုန် ဘေးကနေထိုင်ကြည့်နေခြင်းပင်။

အဲ့လိုကိစ္စတွေကို သည်းခံခဲ့တာ ဒီနေ့နဲ့ဆို ရက်အတိအကျ ၁၄ရက်ရှိပြီ။
တစ်နေ့ပြီးတစ်နေ့ မရိုးရအောင် လုပ်နိုင်လွန်းတဲ့သူကို မျက်နှာကြောမတည့်လွန်းလို့ စိတ်ရှိလက်ရှိသာဆို လက်သီးနဲ့ပိတ်ထိုးပြစ်ပြီ။
စိတ်ရှိလက်ရှိထိုးပြစ်ချင်ပေမယ့် နားနဲ့မဆံ့အောင် ရိပေါ်အကြောင်း ပေါက်ပေါက်ဖောက်ထားတဲ့ ချူလင်းကြောင့်လည်း စိတ်ကိုအတက်နိုင်ဆုံးထိန်းထားရသည်။

" ရှောင်းကျန့် ဒီနေ့အတွက် supriseလေး မင်းဆီရောက်လာတော့မယ်နော်"

"ဝမ်ရိပေါ်!!! မင်းအေးဆေးမနေနိုင်ဘူးလား"

"မနေနိုင်ပါဘူး မင်းရှိလို့ ကျောင်းတက်ရတာ စိတ်ချမ်းသာနေတာပဲ။ အေးအေးဆေးဆေးနေရင် ကျောင်းတက်ရတာ ဘယ်ပျော်စရာကောင်းတော့မှာလည်း မဟုတ်ဘူးလား"

"မင်း......"

မျက်ခုံးတစ်ဖက်ပင့်ကာ မချိုမချင်ရုပ်နဲ့ပြောလာတဲ့ ရိပေါ်ကြောင့် မျက်နှာကိုလက်သီးနဲ့ထိုးဖို့ ချိန်ရွယ်လိုက်ပေမယ့် ရှောင်းကျန့်လက်ကိုဆွဲခေါ်သွားတဲ့ ကွမ်းရှန်းကြောင့် သူ့အနောက်ကိုသာ အသာလိုက်သွားခဲ့သည်။

ဒုန်း

"ဘာဖြစ်လာတာလဲ ရှောင်းကျန့် မျက်နှာကလည်းဆူပုတ်နေတာဘဲ"

SECRET ( Completed)حيث تعيش القصص. اكتشف الآن