part 31

4.9K 423 4
                                    

ရှောင်းကျန့် ရိဝူကောရောက်လာတာနှင့် ဖြစ်စဥ်ကိုအကျိုးအကြောင်း ပြောပြပြီး စခန်းကိုပြန်လာခဲ့သည်။
စခန်းကိုပြန်သည့် လမ်းတစ်လျှောက်လုံး ရှောင်းကျန့်စဥ်းစားနေခဲ့သည်က အမြန်ဆုံး ရိပေါ်အနားကထွက်သွားနိုင်ဖို့ပင်။
အမေတူအဖေကွဲဆိုတဲ့ သွေးသားတော်စပ်မှုကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် အမြန်ဆုံးထွက်သွားရမည်။

"ဝမ်သူဌေးတည်ထောင်ထားတဲ့ ကျောင်းရဲ့ ယောကျ်ားလေးအဆောင်အောက်မှာ မူးယစ်ဆေးဝါး၊လက်နက်၊ရွှေချောင်းတွေပါ တွေခဲ့ရတယ်။ ကျွန်တော်တို့ ရည်ရွယ်ဦးတည်ပြီးရှာနေတဲ့အရာတော့ မတွေ့ပေမယ့် ရှာဖွေတွေ့ရှိခဲ့တာတွေနဲ့ဆိုရင် ဝမ်သူဌေးကိုကြီးလေးတဲ့အပြစ်ဒဏ်ချမှတ်နိုင်မှာပါ။"

" ရှောင်းကျန့် အရင်ဆုံးငါ့ကိုအစအဆုံးသေချာရှင်းပြနိုင်မလား။ ငါ့ကိုဖမ်းရတဲ့အကြောင်းအရင်းရော၊မင်းပြောတဲ့ပြည့်တန်ဆာကိစ္စရော၊ အခုပြောနေတဲ့အကြောင်းရင်းတွေရော သေချာပြောပြ။ ငါတစ်ခုမှနားမလည်တဲ့အတွက် မင်းရှင်းပြနိုင်မလား ရှောင်းကျန့်"

ရှောင်းကျန့် ဝမ်သူဌေးမျက်နှာကိုသေချာစိုက်ကြည့်တော့ တကယ်ကိုနားမလည်တဲ့ပုံစံဖြစ်နေတာကြောင့် အစအဆုံးသေချာရှင်းပြလိုက်သည်။

ဒုန်း!!!

စားပွဲခုံကို လက်သီးနဲ့ထုပြီး ထရပ်လိုက်သည့် ဝမ်သူဌေး

"မဖြစ်နိုင်ဘူး။ ငါကဘာကိစ္စအဲ့လိုယုတ်ညံ့တဲ့ကိစ္စကို လုပ်ရမှာလဲ။လုံးဝအဓိပ္ပါယ်မရှိဘူး။"

"သက်သေတွေကို ငြင်းလို့မရပါဘူး ဝမ်သူဌေး"

ဝမ်သူဌေး စိတ်ကိုလျှော့ချလိုက်ပြီး ရှောင်းကျန့်ကို သေချာပြောပြဖို့ စဥ်းစားလိုက်သည်။ ကြားထဲမှာလွဲနေသည့် ကိစ္စတစ်ခုခုတော့ရှိရမည်။

" ရှောင်းကျန့် အရင်ဆုံး ဦးလေးပြောတာနားထောင်။ အဲ့ဒီပြည့်တန်ဆာကိစ္စရော၊မကောင်းတဲ့အရာတွေရော ဦးလေးဘာမှမလုပ်ခဲ့ဘူး။"

"ဒါပေမဲ့ သက်သေတွေအားလုံးက ဝမ်သူဌေးကိုပြနေတယ်လေ"

"အင်း ငါမသိတဲ့ကိစ္စတစ်ခုတော့ရှိရမယ်"

SECRET ( Completed)Where stories live. Discover now