Part 18

5.3K 513 4
                                    

Unicode

"ရိပေါ် မင်းငါ့ကိုပြောစရာရှိတယ်ဆို ပြောလေ ဒီအတိုင်းကြီး ငါ့ကိုထိုင်ကြည့်နေတာ ၁၅မိနစ်လောက်ရှိပြီ ငါစာလုပ်ရအုန်းမှာ ပြောစရာရှိတာမြန်မြန်ပြော"

Hai kuanနဲ့စကားပြောပြီး ပြန်လာကတည်းက ရှောင်းကျန့်ကိုပြောစရာရှိလို့ဆိုပြီး သူနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ ဘာမှမပြောဘဲ စိုက်ကြည့်နေတာက ၁၅မိနစ်လောက်ရှိပြီမလို့ ပြောစရာရှိတာပြောလိုက်ဖို့ ပြောတော့လည်း စိတ်ရှုပ်နေတဲ့မျက်နှာနှင့် သက်ပြင်းအသာချလိုက်တဲ့ရိပေါ်ကြောင့် ဘာများဖြစ်လို့လဲဆိုပြီး စိတ်မောမိရသည်။

"ဟူး...ရှောင်းကျန့် ငါအခုပြောမယ့်စကားကိုသေချာနားထောင်နော်။ ငါပြောမယ့်စကားကမင်းအတွက် အဆင်မပြေမှန်းသိပေမယ့် ငါ့စကားကိုဆုံးအောင်နားထောင်ပြီးတော့မှ မင်းဆုံးဖြတ်ပါ"

"အင်း"

လေးနက်စွာသေချာပြောနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် စိုးရိမ်စိတ်တွေဝင်လာရသည်။
ဘာကိစ္စများပြောမလို့ ဒီလောက်လေးနက်နေရတာလဲ။

"အဆောင်က ကိစ္စကိုဖြေရှင်းဖို့အတွက် haikuanက ဟုန်စဲ့မြို့ကနာမည်ကြီးတဲ့ နတ်ဆရာမဆီကိုသွားခဲ့တယ်။ နည်းနည်းရူးကြောင်ကြောင်နိုင်ပေမယ့် ငါတို့လောက ကမဟုတ်တဲ့တခြားလောက ကအရာတွေကို ဖြေရှင်းဖို့အတွက် ဒီနည်းလမ်းတစ်ခုဘဲ ရှိတယ်။ ဒီနေ့ haikuan ဟုန်စဲ့မြို့ကပြန်လာတယ် နတ်ဆရာမနှင့်အတူတူ။ နတ်ဆရာမက အဆောင်ကိုခဏဝင်ကြည့်ပြီး သူလူတစ်ယောက်ကို ရှာခိုင်းတယ်။ အဲ့လူက ရှောင်းကျန့် မင်းပဲ"

"ဟမ်"

"သူက မင်းနဲ့ခဏလောက်တွေ့ချင်တယ်တဲ့"

ရှောင်းကျန့် မတွေ့ချင်ပေမယ့် ရိပေါ်ရဲ့အကြပ်ရိုက်နေတဲ့မျက်နှာ​ကြောင့် တွေ့ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ရိပေါ်ကို စိတ်မညစ်စေချင်ပါ၊ သူက ကိုယ့်ကိုကောင်းမွန်စွာဆက်ဆံတဲ့လူတစ်ယောက်မလို့ ရိပေါ်စိတ်ညစ်မှာကိုမလိုလားပါ။
ဒါကအကြောင်းပြချက် သပ်သပ်ဘဲဆိုသည်ကို ရှောင်းကျန့်ကိုယ့်ဘာသာသိသည်။

SECRET ( Completed)Where stories live. Discover now