Part 19

5.3K 532 12
                                    

Unicode

"ရိပေါ် ငါ့ကိုဟိုကော်ဖီဆိုင်ကြီးကိုဘဲ မခေါ်သွားပါနဲ့တော့။"

"ဘာလို့လဲ ကျွန်တော်ကအဲ့ဆိုင်လေးကို အရမ်းချစ်တာ။"

"မင်းချစ်တာလေ ငါချစ်တာမှ မဟုတ်တာ မသွားနဲ့ ငါအဲ့ဆိုင်ကြီးပဲသွားနေရတော့ပျင်းလာပြီ။"

"ကျွန်တော်တို့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာလေးကို။"

"တော်စမ်း တစ်ခြားဆိုင်သွားမယ်။"

"ဟုတ်။အဲ့ဆိုနေ့လည်ကျလောက်ကျမှ တခြားဆိုင်ကိုကျွန်တော်လိုက်ပို့မယ်။ အခု တစ်နေရာခေါ်သွားမယ်"

"အင်း"

ရိပေါ် ရှောင်းကျန့်ကို သူအနှစ်သက်ဆုံးနေရာလေးကို ခေါ်သွားဖို့ဆုံးဖြတ်လိုက်သည်။
မြို့စွန်ဖျားနားက လူနေအိမ်ကျဲတဲ့နေရာလေးအလွန်လောက်မှာ လှပပြီးချစ်စရာကောင်းတဲ့ အိမ်လေးရှေ့ကို ရိပေါ်ဆိုင်ကယ်ရပ်လိုက်သည်။
ဟွန်းသုံးချက်လောက်တီးလိုက်တော့ အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ရိပေါ် ဆိုင်ကယ်ကို အိမ်ရှေ့ထိရောက်အောင်မောင်းလိုက်သည်။

"ဘိုးဘိုး ဘယ်သူမှမရှိဘူးလား"

"ဟုတ်တယ်မြေးလေးရဲ့ သူတို့အပင်မျိုးစေ့တွေအသစ်ရောက်တယ်ဆိုလို့ သွားကြည့်တယ်လေ"

"ဟုတ်လား။အဲ့ဆို ဘိုးဘိုးအိမ်ထဲသွားနားနေလိုက်တော့နော် ကျွန်တော်ခြံတံခါးပိတ်လိုက်မယ်"

"အေးပါကွယ်။​မြေးလေး သူလေးကဘယ်သူလေးလည်း ချစ်စရာကောင်းလိုက်တာ။ ငါ့မြေးရဲ့ရည်းစားလား"

"မ...မဟုတ်ပါဘူး ဘိုးဘိုး သားကသူ့သူငယ်ချင်းပါ"

မျက်နှာလေးနီကာ အထစ်ထစ်လေးငြင်းနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်အသံကျယ်ကြီးနှင့်ရီမိလိုက်တော့ မျက်ထောင့်နီကြီးနှင့်လှမ်းကြည့်လာသည့်ရှောင်းကျန့်ကြောင့် ရီတာကိုအရှိန်သပ်လိုက်ကာ အံ့သြစွာကြည့်နေတဲ့ ဘိုးဘိုးကို ရိပေါ်ရီပြလိုက်သည်။

"ဒီကလေးလေးက မြေးလေးကိုရီအောင်လုပ်နိုင်ပါ့လား"

"ဟီးဟီး ဘိုးဘိုး သွားနားတော့လေ"

SECRET ( Completed)Where stories live. Discover now