Part 25

4.7K 449 2
                                    

Unicode

ရှောင်းကျန့် ဒီနေရာမှာထိုင်နေခဲ့တာ နေ့လည်ကတည်းကပင်။
ရိပေါ်အိမ်ကနေ ဖိနပ်မပါဘဲပြေးထွက်လာခဲ့သည့်ဒဏ်က ခြေဖဝါးတစ်ခုလုံးစုတ်ပျက်ပြီး သွေးတွေတောင်ထွက်နေသည်။
မြစ်ကမ်းစပ်နားမှာ တစ်နေကုန်လုံးထိုင်ပြီး ငိုနေတာကြောင့် မျက်လုံးတွေလည်းအောင့်လာသလို ခေါင်းတွေပါကိုက်လာရသည်။
မြစ်ကမ်းစပ်နားမလို့ တိုက်ခတ်လာတဲ့လေတွေက အေးစိမ့်စိမ့်နှင့် ရှောင်းကျန့်တစ်ကိုယ်လုံးတုန်ယင်နေပေမယ့် ဒီနေရာကနေမထွက်သွားမိ။

တစ်ကိုယ်လုံး အားအင်တွေကုန်ခမ်းနေပြီး ​ သူဒီနေရာကနေ ဘယ်ကိုမှမသွားချင်။
အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ နှလုံးသားကြောင့် ရှောင်းကျန့်အသက်ရှုတာတောင်မဝတော့ပါ။
ကိုယ့်ကိုချစ်တဲ့သူတွေကို လှည့်စားနေလို့ ကံကြမ္မာကဒဏ်ခတ်တဲ့ အနေနဲ့ ကိုယ်ပြန်ပြီး လှည့်စားခံရပြီ။

ဘာကြောင့်များ ရိပေါ်ကိုချစ်မိခဲ့ရတာလဲ။
ဘာကြောင့်များ ရိပေါ်က ကိုယ့်ညီဖြစ်နေရတာလဲ။
ဘာကြောင့်များ ပထမဆုံးချစ်မိသည့်သူကို ဖွင့်တောင်မပြောရသေးခင် အဆုံးသတ်သွားရတာလဲ။
ဘာကြောင့်များ.....ဘာကြောင့်များ ကိုယ်က ရိပေါ်ကိုမှ နင့်နင့်နဲနဲချစ်မိသွားရတာလဲ။
စွန့်လွှတ်ဖို့မဖြစ်နိုင်လောက်အောင် အရမ်းကိုချစ်မိသွားတာကြောင့် ရှောင်းကျန့် ဘယ်လိုလုပ်ရမလဲမသိတော့ပါ။

You can be my guiding light
Keep me
Company in the night
.......

ဖုန်း ringtoneသံကြောင့် contact nameကိုကြည့်လိုက်တော့ ရိပေါ်။
ဒီတစ်ခါနှင့်ဆို ရိပေါ်ဖုန်းခေါ်တာ အခေါက်ပေါင်း၁၅၀ ကျော်ပြီ တစ်ခါမှမကိုင်တာကြောင့် အဆက်မပြတ်ခေါ်သည့်ဖုန်းကို ရှောင်းကျန့်ဒီတစ်ခေါက်တော့ ကိုင်လိုက်သည်။

"ကျန့်ကော ကျန့်ကော အခုဘယ်မှာလဲ။ ဘယ်မှာလဲလို့"

"ငါ.... ငါမြစ်ကမ်းစပ်မှာ"

"ဘယ်မှမသွားနဲ့...မသွားပါနဲ့။ကျွန်တော် အခုချက်ချင်းလာခဲ့မယ်"

"ရိပေါ်..."

ဖုန်းချသွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်စကားဆုံးအောင်မပြောလိုက်ရပါ။
သူရှိတဲ့နေရာကို ပြောလိုက်တာ မှန်လားမသိပေမယ့် ရှောင်းကျန့် အခုချိန်မှာဘာမှမစဥ်းစားနိုင်။
ရိပေါ်ကိုအရမ်းတွေ့ချင်တာပဲ သိသည်။

SECRET ( Completed)Where stories live. Discover now