part 16

5.5K 526 8
                                    

Unicode

"ကွမ်းရှန်း ရှောင်းကျန့်ကိုကြည့်လိုက် သူဘာဖြစ်နေတာလဲမသိဘူး"

မုချင်ကို မေးထောက်ကာပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ ကွမ်းရှန်းက ချူလင်းရဲ့အသံကြားမှ မုချင်ရှိကအကြည့်လွှဲပြီး ရှောင်းကျန့်ကိုတစ်ချက်ကြည့်ကာ မုချင်ဘက်ကိုပြန်လှည့်ပြီးမေးထောက်ကာ ဆက်ကြည့်နေပြန်သည်။
မုချင်ဘက်ကို မေးကြီးထောက်ပြီး ဆက်ကြည့်နေတဲ့ကွမ်းရှန်းကြောင့် ချူလင်းစိတ်လေသွားကာ ကွမ်းရှန်းခေါင်းကို စာအုပ်နှင့်ပိတ်ရိုက်လိုက်သည်။

"အာ့... နာလိုက်တာ ချူလင်းရာ"

"နင့်လင်ကိုပဲ ကြည့်မနေနဲ့ ငါပြောတာလေးလည်းနားထောင်အုန်း။ တကယ်တည်း မုချင်ကိုစိုက်ကြည့်နေတာ ကြာရင်နင့်မျက်လုံးနှစ်လုံးက ပြူးထွက်လာပြီး မုချင်ကိုသွားကပ်တော့မယ်"

"ချူလင်းရာ နင်ကလေ အေးဆေးမနေဘူး။ ရှောင်းကျန့်ဘာဖြစ်နေလည်း သိချင်တယ်မလား သွားမေးလေသွား။ ငါ့လာပြောလို့ ငါကဘယ်လိုလုပ်သိမှာလဲ။ မြင်နေရတာတောင် ကြည့်မဝလို့ ထိုင်ကြည့်နေပါတယ်ဆိုမှ အာရုံပျက်အောင်လို့။"

"နင်ကလေ မုချင်ကျ လေသံတစ်မျိုး၊ငါ့ကျလေသံတစ်မျိုး။ တက်လည်းတက်နိုင်ပါတယ် အကိုရယ်။ ကျွန်မဘာသာဘဲကျွန်မသွားမေးတော့မှာမလို့ မုချင်ရဲ့မျက်နှာကို မျက်တောင်မခတ်ဘဲ ပြန်ပြီးစိုက်ကြည့်နိုင်ပါပြီရှင့်"

ချူလင်းနှင့်ကွမ်းရှန်းရဲ့ စကားတွေကြား မျက်နှာကြီးနီနေသူက မုချင်ပင်။
မုချင်ရှက်နေတာကို ချူလင်းသိပေမယ့် အားမနာနိုင် ကွမ်းရှန်းကိုသာ ပြောဆိုပြီး ရှောင်းကျန့်ထိုင်တဲ့နားကိုလာခဲ့သည်။

" ရှောင်းကျန့်"

"အင်း"

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး။"

"ငါ့ကိုမှန်မှန်ပြော နင်တစ်ခုခုဖြစ်နေတယ်မလား။ မျက်နှာလည်းမကောင်းဘူး။ စိတ်ညစ်စရာရှိတယ်ဆိုရင်လည်း ငါ့ကိုပြောလေ နင်စိတ်ပျော်အောင်လုပ်ပေးမယ်။အခက်အခဲရှိတယ်ဆိုရင်လည်းပြော ငါကူညီပြီးဖြေရှင်းပေးမယ်"

SECRET ( Completed)Where stories live. Discover now