Part 15

5.9K 540 8
                                    

Unicode

"ရိပေါ် မင်းဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ''

"ကျွန်တော်စဥ်းစားထားတာက ကျောင်းသားတွေအားလုံးကို အဲ့အဆောင်မှာမနေခိုင်းဖို့ဘဲ"

"အဲ့လိုလုပ်လို့မရဘူးလေရိပေါ် မင်းပါး ငါ့ဦးလေးက ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လောက်တောင် ကုန်ကျစရိတ်များစွာပြင်ဆင်ထားလည်း။ နောက်ပြီး ဦးလေးကဒီအဆောင်ကိုသေချာ သူကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ပြင်ဆင်ထားတာလေ"

"အဲ့ဆို ကလေးတွေကို အဲ့အဆောင်မှာနေခိုင်းရမှာလား"

Hai kuan ဒေါသထွက်နေတဲ့ရိပေါ်ကိုချော့ပြောဖို့ဆုံးဖြတ်လိုက်သည်။
ဒီကလေးဒေါသထွက်ရင် ဘယ်လောက်ကြောက်စရာကောင်းလည်းဆိုတာသူကိုယ်တိုင်အသိဆုံးမလို့ ချော့ပြောတဲ့နည်းလမ်းကိုသာ hai kuanရွေးချယ်လိုက်သည်။

"ရိပေါ် ဒေါသမထွက်ရဘူး အရင်ဆုံးစိတ်ကိုလျှော့ချလိုက် ကောစဥ်းစားထားတဲ့ နည်းလမ်းကိုနားထောင်ပေး။ကောပြောပြတဲ့အစီအစဥ်ကိုမှမကြိုက်ဘူးဆိုရင် ရိပေါ်ဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးမယ် ဟုတ်ပြီလား"

"အင်း"

ငယ်ငယ်ကတည်းက ညီအစ်ကိုနှစ်ယောက်တည်းရှိကြတာမလို့ တစ်ယောက်နှင့်တစ်ယောက်ခင်တွယ်ကြသလို hai kuanကအသက်ပိုကြီးပေမယ့်လည်း သူငယ်ချင်းပေါင်းပေါင်းတာကြောင့် တစ်ခါတစ်လေမှသာကောလို့ခေါ်ပြီး ကျန်တဲ့အချိန်ဆို သူငယ်ချင်းတွေလို နာမည်သာခေါ်ကြသည်။
ဘယ်လောက်ဘဲဝမ်းကွဲအကိုဖြစ်နေပါစေ ရိပေါ်အတွက်ကတော့ haikuanက သူ့ကိုနားလည်စောင့်ရှောက်ပေးတဲ့အကိုတစ်ယောက်ဖြစ်တာကြောင့် စကားနားထောင်ဖို့ဆုံးဖြတ်လိုက်သည်။

"ကော လူတစ်ချို့ကိုအကူအညီတောင်းပြီးစုံစမ်းထားတယ် ဟုန်စဲ့မြို့မှာ နာမည်ကြီးတဲ့နတ်ဆရာမတစ်ယောက်ရှိတယ် သူကသရဲ၊တစ္ဆေတွေကိုနှင်ထုတ်နိုင်တဲ့အထိအစွမ်းရှိတယ်လို့ပြောကြတယ်။ကောက သူ့ကိုဒီခေါ်ပြီး အဆောင်ကကိစ္စကိုဖြေရှင်းခိုင်းမလို့။"

"ကော တကယ်ကြီးလား မဖြစ်နိုင်တာဗျာ"

"ကောကနတ်ဆရာမတွေကိုမယုံပေမယ့် အခုကိစ္စကကောတို့ကိုယ်တိုင်မဖြေရှင်းနိုင်ဘူးရိပေါ်။ သူကတကယ်လုပ်နိုင်လား မလုပ်နိုင်လားမသိပေမယ့် ကောတို့ကြိုးစားကြည့်ရမှာဘဲ"

SECRET ( Completed)Where stories live. Discover now