Part 20

5.3K 492 6
                                    

Unicode

" တွေ့ပြီလား"

"....''

"အဲ့ဆို မနက်ဖြန်တွေ့မယ်။"

".....''

"အင်း ဒါဘဲ"

ရှောင်းကျန့် ဖုန်းပြောပြီး အနောက်လှည့်ကြည့်လိုက်တော့ ရိပေါ်ရောက်နေတာကြောင့် လန့်သွားသည်။

"လန့်တာ ရိပေါ်ရာ အသံမပေးဘဲ အနောက်မှာဘာရပ်လုပ်နေတုန်း"

"ဘယ်သူ့ဖုန်းလဲ။ဘယ်သူနဲ့ပြောနေတာလဲ။ ဘာတွေပြောနေတာလဲ။"

မျက်မှောင်ကြုံကာ တစ်ခုချင်းမေးနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရီပြီး ပြန်ဖြေပေးလိုက်သည်။

"Hai kuanဖုန်းနဲ့ပြောနေတာ။ဘယ်သူလဲဆိုတော့ ငါ့အသိ။ ဘာပြောနေတာလဲဆိုတော့ ငါလုပ်ရမယ့်ကိစ္စ"

"မနေ့ညတုန်းက အကြောင်းငါ့ကိုပြောပြဖို့စိတ်ကူးမရှိဘူးလား"

"အခန်းထဲသွားနှင့် ငါလာခဲ့မယ်။ hai kuanကိုဖုန်းသွားပေးမလို့"

"အင်း"

ရိပေါ် ရှောင်းကျန့်ကို အခန်းထဲမှာထိုင်စောင့်ရင်း ပွင့်ပွင့်လင်းလင်းမပြောတဲ့ရှောင်းကျန့်ကြောင့် အခက်တွေ့နေရသည်။
တအားပိုတယ်လို့ပဲ ပြောပြော ရှောင်းကျန့်အကြောင်းသူအကုန်သိချင်သည်။
ခံစားရတဲ့နာကျင်မှုတွေ၊ပျော်ရွှင်မှုတွေ၊ဝမ်းနည်းမှုတွေကစ အကုန်သိချင်သည်။

ရှောင်းကျန့်အခန်းထဲဝင်လာတာကြောင့် ရိပေါ် အတွေးတွေရပ်လိုက်သည်။
ရှောင်းကျန့်က ခုံမှာထိုင်လိုက်သည်နှင့် ရိပေါ်ပြောစရာရှိတာပြောလိုက်သည်။

"မနေ့တုန်းကအကြောင်း ပြောဖို့အဆင်သင့်ဖြစ်ပြီဆိုရင် ပြောတော့"

"မနေ့တုန်းက hai kuanပြောတဲ့အခန်းထဲ ငါဝင်သွားတယ်။ နတ်ဆရာမက ငါ့ကိုမကြောက်နဲ့လို့ပြောပြီး ခဏလောက်ကြာတော့ နားနားလေးကိုကပ်ပြီး တိုးတိုးလေးပြောလာတဲ့မိန်းကလေးတစ်ယောက်အသံကြားလိုက်ရတယ်။ သူကသူ့မိဘတွေကို သွားတွေ့ခိုင်းပြီး သူအသက်ရှင်တုန်းက သူဖွက်ထားခဲ့တဲ့ပိုက်ဆံတွေကို သူ့မိဘတွေပေးခိုင်းတယ်။သူ့ကိုကူညီရင် အဆောင်မှာမနှောင့်ယှက်တော့ပါဘူးတဲ့။''

SECRET ( Completed)Where stories live. Discover now