Part 33

5K 420 1
                                    

"ဘာလို့ အခုမှပေါ်လာရတာလဲ"

"တောင်းပန်ပါတယ် ကျွန်မ...''

"တောင်းပန်စရာမလိုပါဘူး ။မင်းမလိုချင်လို့ ထားသွားတဲ့သူကို တွေ့ရင်မမြင်ချင်ယောင်ဆောင်သွားပါလား။ အခုတော့ငါစိတ်ရှုပ်သွားပြီ"

ကျင်းရှန်း ခေါင်းငုံပြီးသာ အသံတိတ်ကြိတ်ငိုနေမိသည်။
တစ်ကိုယ်ကောင်းဆန်မိသည့် သူ့အမှားကြောင့်မလို့ ကျင်းရှန်း ခေါင်းမမော့ရဲပါ။
မျက်နှာချင်းတောင်မဆိုင်ရဲ။

"မငိုပါနဲ့ မင်းမှာငိုစရာအကြောင်းတစ်ခုမှမရှိဘူး။မင်းမိသားစုနဲ့မင်း ပျော်ရွှင်နေတာမလား။ ဘာကိစ္စငိုနေရတာလဲ။"

"ဟမ်...ဘာ...ဘာကိုလဲ အကို မိသားစု ကျွန်မနားမလည်ဘူး"

"မင်းမိသားစုလေ သူဌေးယောကျ်ားရယ်၊သားရယ်နဲ့ မင်းမိသားစုလေ"

"ဟမ်...မဟုတ်ဘူး အဲ့ဒါကျွန်မကျေးဇူးရှင်တွေ... ကျွန်မကသူ့သားကိုထိန်းပေးရတဲ့သူပါ"

"အော်...ဟားဟား သူဌေးသားကိုကျတော့ မင်းကထိန်းပေးတယ်ပေါ့။ ငါ့သား...ငါတို့သားကိုကျတော့ ဘာလို့မင်းစွန့်ပစ်ခဲ့တာလဲ"

"တောင်းပန်ပါတယ်...တောင်းပန်ပါတယ် အကို"

"မလိုဘူး။နောက်တစ်ခါငါရှေ့ကို ပေါ်မလာနဲ့ ထွက်သွားတော့"

ရွမ်းမင် ပါးစပ်ကသာပြောနေပေမယ့် နှလုံးသားကနာကျင်နေရသည်။
ချစ်လွန်းလို့ ရယူခဲ့သည့်မိန်းကလေးက အတ္တကြီးစွာ ကိုယ့်သားနှင့်ယောကျ်ားကိုစွန့်ပစ်သွားသည်။
ဆင်းရဲမှုဒဏ်ကို မခံနိုင်တော့ဘူးလို့ ဆိုကာထွက်သွားသည့်သူမကို အပြစ်မဆိုရက်။
ကိုယ်အသုံးမကျလို့သာ ဒိလိုအခြေအနေမျိုးရောက်လာသည်ဟုမှတ်ယူခဲ့သည်။

"သား...သားလေးရော နေကောင်းရဲ့လား အခုဘာလုပ်နေလဲ"

"မင်းသိစရာမလိုဘူး''

"အကို....."

ရွမ်းမင် သူမကိုထားခဲ့ပြီး ထွက်လာခဲ့သည်။
ရိဝူကိုလည်း စောင့်မနေတော့ဘဲ သားဆီကိုပဲပြန်သွားလိုက်သည်။

"ပါးပါး ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ဘူး။အိမ်ပြန်ရအောင် ရိဝူကိုအိမ်ပဲလာခိုင်းလိုက်တော့"

SECRET ( Completed)Where stories live. Discover now