Part 12

6K 594 6
                                    

Unicode

"ရိပေါ် Jian guoလေးကို ခေါ်လာတာအဆင်ပြေပါ့မလား။"

"ကိစ္စမရှိဘူး။"

" သေချာရဲ့လားရိပေါ်ရာ"

"ဒီကျောင်းကိုငါပိုင်တာ ငါလုပ်ချင်သလိုလုပ်လို့ရတယ်။နောက်ပြီး အခုငါတို့လုပ်နေတာကလည်း မကောင်းတဲ့ဟာမှမဟုတ်တာ။ကြောင်လေးတစ်ကောင် အခန်းထဲခေါ်လာတာပဲကို ဘာမှမဖြစ်ဘူး။"

"အေးပါ"

နှစ်​ယောက်လုံးတစ်နေကုန်လျှောက်လည်ပြီး ည၈နာရီလောက်ကြမှ အဆောင်ကိုပြန်လာကြသည်။ရိပေါ်က ဝမ်မျိုးရိုးရဲ့ဆက်ခံသူမလို့ ဘယ်သူမှသူအပြင်ထွက်လည်တာကိုမပြောရဲကြပေ။တခြားကျောင်းသားတွေကတော့ ကျောင်းပိတ်ရက်လည်း အပြင်ထွက်လည်ခွင့်မရှိ ၂ပတ်ကိုတစ်ခါလောက်ပဲ အပြင်ထွက်ခွင့်ရကြသည်။
ဘယ်သူမှအပြင်မထွက်ရလို့ ပုံမှန်ဆို ဆူညံနေရမယ့်အဆောင်ကတိတ်ဆိတ်နေသည်။
ယောက်ျားလေးအဆောင်ဖြစ်တာမလို့ ခါတိုင်းလိုအော်ဟစ်သံတွေမကြားရ တိတ်ဆိတ်မှုကသာကြီးစိုးနေသည်။

"ရိပေါ် အဆောင်ကတိတ်ဆိတ်နေသလိုဘဲ"

"အကုန်လုံးအခန်းထဲမှာနေမှာပေါ့ "

"အင်း"

ရှောင်းကျန့် ရိပေါ်ကိုဘာမှထပ်မမေးတော့ဘဲ အပေါ်ထပ်ကိုဓာတ်လှေကားနဲ့တက်လာခဲ့သည်။
အပေါ်ထပ်ရောက်တော့ ရိပေါ်ကအရှေ့ကသွားပြီး ရှောင်းကျန့်ကအနောက်ကလိုက်လာခဲ့သည်။
တိတ်ဆိတ်နေတဲ့အခြေအနေကြီးကို ရှောင်းကျန့်သဘောမကျပေ။
အရမ်းကိုတိတ်ဆိတ်လွန်းအားကြီးနေပေမယ့် အရှေ့ကနေပေါ့ပေါ့ပါးပါး သွားနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် သူအတွေးလွန်နေတာနေမှာပါလေဆိုပြီး တွေးလိုက်မိသည်။
အခန်းရှေ့ရောက်တော့ ရိပေါ်ကတံခါးအရင်ဖွင့်ပြီးဝင်သွားသည်။
ရှောင်းကျန့် တံခါးကိုသေချာပိတ်ပြီး ကုတင်နားလာကာ jian guoလေးကို သူ့ကုတင်ပေါ်မှာချမလို့လုပ်တုန်း ရိပေါ်က jian guoလေးကိုယူပြီးအောက်မှာချထားလိုက်တာကြောင့် ရှောင်းကျန့်မျက်နှာအနည်းငယ်ဆူပုတ်သလိုဖြစ်သွားသည်။

"မျက်နှာဆူပုတ်မနေနဲ့ ကြောင်ကိုအရင်ရေချိူးပေးအုန်း ကြောင်ကဖြင့်အရောင်ကအမဲဖြစ်နေပြီ"

SECRET ( Completed)Where stories live. Discover now