Part 4

8.1K 710 7
                                    

Unicode

ကျောင်းဝင်းထဲ ခြေလှမ်းစပြီးလှမ်းလိုက်ပါပြီဆိုကတည်းက ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက အရောင်တောက်လာပြီး ပျော်ရွှင်မှုတွေက ရင်ထဲမှာအတိုင်းအဆမရှိပေါ်ထွန်းလာသည်။
ပျော်ရွှင်မှုကြောင့် ခြေလှမ်းတွေက တက်ကြွစွာနှင့် ကျောင်းအုပ်ကြီးရဲ့ရုံးခန်းကိုလိုက်ရှာလိုက်သည်။
စာသင်ဆောင်တွေကများလွန်းပြီး လမ်းတွေကလည်း မြွေလိမ်မြွေကောက်လိုပုံစံမျိုးတွေကြောင့် ရှောင်းကျန့် ရုံးခန်းကိုလိုက်ရှာရင်းမျက်စိလည်လာသည်။

တောင်ကြည့်မြောက်ကြည့်နဲ့ ကြည့်နေတုန်း ပခုံးကိုလာပုတ်တဲ့လက်တစ်ဖက်ကြောင့် လှည့်ကြည့်လိုက်တော့ ကျောင်းသားတစ်ယောက်။

"ဒီက ကျောင်းသားကဘာလုပ်နေတာလည်းခင်ဗျာ"

"ဟို ကျောင်းအုပ်ရုံးခန်းသွားချင်လို့ လိုက်ရှာရင်းလမ်းပျောက်နေလို့ပါ"

"ကျွန်တော်လိုက်ပို့မယ် ကျွန်တော့်နောက်လိုက်ခဲ့ပါ"

"ဟုတ်ကဲ့"

ရှောင်းကျန့် အဲ့ကျောင်းသား နောက်ကနေဘဲလိုက်သွားလိုက်သည်။

"ဒီက နာမည် ဘယ်သူလည်းမသိဘူး"

" ရှောင်းကျန့်ပါ"

"ကျွန်တော့်နာမည်က ကျင်းကွမ်းရှန်းပါ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ပါ ရှောင်းကျန့်က အခုမှကျောင်းပြောင်းလာတာလား"

"ဟုတ်ပါတယ် ကျွန်တော်က ပညာသင်ဆုနဲ့ ဒီနှစ်မှကျောင်းပြောင်းလာတာပါ"

" ပညာသင်ဆုနဲ့ကျောင်းပြောင်းလာတာဆိုတော့ ရှောင်းကျန့်ကအရမ်းတော်တာဘဲ ဒီကျောင်းရဲ့ပညာသင်ဆုကို အောင်မြင်ဖို့မလွယ်ဘူး မေးခွန်းတွေကအရမ်းခက်တာ"

"မေးခွန်းခက်တာတော့ အရမ်းမှန်တယ် ကျွန်တော်ဆို မေးခွန်းတွေမြင်မြင်ချင်း လက်ဖျားတွေတောင်အေးစက်လာရတာ ငါဖြေနိုင်ပါ့မလားဆိုပြီး"

"ဟားဟား ဒီကျောင်းမှာတက်ပြီဆိုတော့ လပတ်စာမေးပွဲတွေအတွက် အားမွေးထားပါအုန်း"

SECRET ( Completed)Where stories live. Discover now