Part 5

7.6K 701 2
                                    

Unicode

ပါးစပ်ကလေးဟကာ မျက်တောင်တစ်ချက်တောင်မခက်စိုက်ကြည့်နေသော ရှောင်းကျန့်ကြောင့် ရိပေါ်ပြုံးလိုက်မိသည်။

"ကလေးတို့အားလုံး အရှေ့ကိုကြည့်ပါ ဆရာမစာသင်တော့မယ်နော်"

ဆရာမအသံကြားမှ ရှောင်းကျန့်လည်း ခေါင်းငုံ့ချလိုက်ကာ စာအုပ်ထုတ်ပြီး ဆရာမစာသင်တာကိုလိုက်နားထောင်နေလိုက်သည်။
ရေစက်ဆိုတာကလည်း ကြောက်စရာကောင်းလိုက်တာ သူမျက်နှာကြောမတည့်တဲ့သူနဲ့မှလာပြီး တစ်ကျောင်းထဲ၊တစ်တန်းထဲ၊တစ်ခုံထဲအတူတူလာကျရတယ်လို့။

နေ့လည်အတန်းချိန်တွေပြီးတော့ ရှောင်းကျန့်လည်း မုချင်နှင့်အတူတူ စားသောက်ဆောင်ဘက်ကိုထွက်လာခဲ့သည်။
မုချင်နဲ့ ပညာသင်ဆုစာမေးပွဲဖြေကတည်းက ရင်းနှီးပြီးသားဆိုတော့ သူ့အတွက်ဒီကျောင်းမှာ သူငယ်ချင်းအသစ်တစ်ယောက်ရှိတဲ့အတွက် စိတ်ချမ်းသာရတယ်။
ကိုယ်စားမယ့်ဟင်းတွေပန်းကန်ထဲထည့်ပုံပြီး လူနည်းနည်းရှင်းတဲ့ဘက်ကိုနှစ်ယောက်သားထွက်လာခဲ့သည်။

" ရှောင်းကျန့် အနောက်နားလေးမှာထိုင်နေတဲ့သူကို မင်းသိလား"

"ဟမ် ဘယ်သူလည်း"

"လှည့်မ....."

မုချင် စကားမဆုံးသေး လှည့်ကြည့်လိုက်တဲ့ရှောင်းကျန့်ကြောင့် မုချင် ရှောင်းကျန့်ကို တုံးလိုက်တာဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ရှောင်းကျန့်ထမင်းငုံ့စားနေတုန်း တိုးတိုးလေးလာပြောတဲ့မုချင်ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့အနောက်က ခုံမှာထိုင်ပြီး ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ သူကြည့်မရတဲ့လူကြောင့် လန့်သွားသည်။
အရှေ့ပြန်လှည့်ပြီး မုချင်ကိုကြည့်တော့လည်း နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်နေတာကြောင့် မေးလိုက်၏။

" မုချင် ငါ့ကိုဘယ်လိုကြီးကြည့်နေတာလည်း"

"မင်းက ဘာလို့အနောက်လှည့်ကြည့်တာလည်း"

"မင်းပဲ မင်းနောက်ကလူကိုသိလားဆို အဲ့ကြောင့်မို့လှည့်ကြည့်တာလေ"

SECRET ( Completed)Where stories live. Discover now