Part 14

6K 558 7
                                    

Unicode

" ရှောင်းကျန့်"

"....."

" ရှောင်းကျန့် စိတ်မဆိုးပါနဲ့ကွာ"

"....."

" ရှောင်းကျန့်လို့ "

"မခေါ်နဲ့''

ရှောင်းကျန့် သူ့ကိုလာကိုင်တဲ့ရိပေါ်လက်ကို ပုတ်ထုတ်လိုက်ပြီး အိပ်ယာပေါ်တက်လဲကာ ရိပေါ်ကိုကျောပေးထားလိုက်သည်။
ရိပေါ်ကိုအရမ်းအရမ်းကို စိတ်ဆိုးဒေါသထွက်နေတာကြောင့် ဒီနေ့တစ်ရက်စကားမပြောဖို့ ရှောင်းကျန့်ဆုံးဖြတ်လိုက်သည်။
ရိပေါ်ကသာသူ့ကို အဆောင်လာဖို့မခေါ်ခဲ့ရင် ဒါမှမဟုတ် hai kuanဖုန်းခေါ်တုန်းကသာ ကိုင်လိုက်ရင် ရှောင်းကျန့်သရဲခြောက်ခံရမှာမဟုတ်။
စဥ်းစားလေဒေါသထွက်လေ ဖြစ်လာတာ​ကြောင့် ရှောင်းကျန့်ထပ်ပြီးမစဥ်းစားတော့ဘဲ အိပ်ပျော်အောင်သာအိပ်လိုက်သည်။

" ရှောင်းကျန့် အိပ်သွားပြီလား"

တုံ့ပြန်သံမကြားရတော့ ရိပေါ်ကုတင်ပေါ်တက်ကာ ရှောင်းကျန့်ကိုငုံကြည့်လိုက်တော့ အိပ်ပျော်နေသည်။
ကုတင်ကတစ်ခုတည်းရှိတာမလို့ ရှောင်းကျန့်ဘေးနားကပ်လိုက်သည်။

ရိပေါ်အိပ်နေရင်း နားထဲညည်းသံလိုလိုကြားတာကြောင့် မျက်လုံးဖွင့်ကာ သူ့ဘေးကအသံကြားတဲ့ရှိလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ကမျက်လုံးမှိတ်ကာ မျက်ရည်တွေစီးကျနေပြီး ဗလုံးဗထွေးနှင့်ဘာတွေပြောနေမှန်းမသိ ချွေးစီးတွေလည်းတအားထွက်နေတာကြောင့် ရိပေါ်စိတ်ပူကာအိပ်ာပေါ်ကထပြီး ရှောင်းကျန့်ကိုနှိုးတော့တော်တော်နှင့်မနှိုး။

" ရှောင်းကျန့် ရှောင်းကျန့်"

ဘယ်လိုမှနှိုးမရတာကြောင့် ရိပေါ် ရှောင်းကျန့်ကိုဆွဲထူလိုက်ပြီး ကုတင်နဲ့ကျောနောက်မှာ ခေါင်းအုံးခံကာ မှီထားပေးလိုက်ပြီး အောက်ငိုက်ကျနေတဲ့မျက်နှာလေးကိုဆွဲမော့လိုက်ကာ မျက်ရည်တွေသုတ်ပေးလိုက်သည်။
မျက်နှာလေးကိုလက်နှစ်ဘက်ဖြင့်မော့ကိုင်ထားပြီး ရှောင်းကျန့်လို့ခေါ်လိုက်မှမျက်လုံးလေးဖွင့်လာကာ ရိပေါ်ကိုမြင်တော့လှမ်းဖက်လိုက်သည်။

SECRET ( Completed)Where stories live. Discover now