Part 26

4.7K 429 7
                                    

Unicode

"ကျန့်ကော ကျောင်းမသွားဘူးလား"

"အင်းငါနားမလို့''

"အဲ့ဆို ကျွန်တော်လည်းမသွားတော့ဘူး"

"မရဘူး သွား စာမေးပွဲနီးနေပြီကို"

"ကျန့်ကောမှမရှိတာ မသွားချင်ဘူး"

"ဝမ်ရိပေါ်"

မျက်မှောင်ကြုတ်ကာ ဆူပုတ်ပုတ်လေးစိုက်ကြည့်လာတာ​ကြောင့် ရိပေါ် အူယားပြီး ရှောင်းကျန့်နားသွားကာ ​ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
မျက်လုံးမှိတ်ကာ ငြိမ်ခံနေတဲ့ရှောင်းကျန့်ရဲ့မျက်နှာနားလေးကို ရိပေါ်တိုးကပ်လိုက်ပြီး ရှောင်းကျန့်ရဲ့ပါးအိအိလေးကို ရိပေါ်ဖိနမ်းပြစ်လိုက်သည်။

" ကျန့်ကော သွားပြီ"

ရိပေါ် ရှောင်းကျန့်ကိုနမ်းပြီး နှုတ်ဆက်ကာ အမြန်အခန်းထဲကပြေးထွက်လာခဲ့သည်။
အပြင်ရောက်တော့ အိစက်နေတဲ့ပါးလေးကိုနမ်းခဲ့တဲ့ နှုတ်ခမ်းကိုကိုင်ပြီး ရိပေါ်မျက်နှာကြီးပြုံးဖြီးလာရသည်။

ရှောင်းကျန့် ကိုယ့်ပါးကနူးညံ့တဲ့အထိအတွေ့လေးထိသွားတာကို သဘောကျနှစ်သက်ပေမယ့် မျက်ဝန်းကမျက်ရည်တွေဟာ ထိန်းမရအောင်စီးကျလာသည်။
ရိပေါ်ရဲ့အနမ်းက သူတို့နှစ်ယောက်အတွက် နှုတ်ဆက်ခြင်းပဲ။

ရှောင်းကျန့် အင်္ကျီအဝတ်အစားလဲပြီး ရိပေါ်ဝယ်ပေးတဲ့ဖုန်းရယ်၊သူ့ကိုယ်ပိုင်ဖုန်းရယ်၊ နောက်ထပ်ရိပေါ်ပါးပါးကိုဖမ်းလို့ရတဲ့သက်သေတချို့ရယ်ကိုယူပြီး ရဲစခန်းကိုလာခဲ့သည်။
ရဲစခန်းရောက်တော့ ရိဝူကောက ဖမ်းဆီးမိန့်စာရွက်ရယ် ရဲအချို့ရယ်ကို ခေါ်ထားပြီး ရှောင်းကျန့်ကိုစောင့်နေသည်။

" ရှောင်းကျန့် ဘာလို့ချက်ချင်းကြီး ဖမ်းခိုင်းတာလဲ။ဘာလဲ ဝမ်သူဌေးက ထွက်ပြေးမလို့လား"

"မဟုတ်ဘူးကော၊ ကျွန်တော်ကိစ္စတချို့ရှိလို့ မြန်မြန်ဖမ်းတော့လည်း ပိုမကောင်းဘူးလား ကောကလည်း"

"အင်းပါ အဲ့ဆို ကောသွားတော့မယ် ရှောင်းကျန့်က ဒီမှာဝမ်သူဌေးကိုစစ်မေးဖို့ သေချာစီစဥ်ထားလိုက်"

SECRET ( Completed)Where stories live. Discover now