Part 28

4.7K 433 6
                                    

"ကော အထက်လူကြီးတွေက ဘာတဲ့လဲ"

"ဟူး အဆင်မပြေပါဘူး ရှောင်းကျန့်ရာ။ ကိုယ်တို့သက်သေကမခိုင်လုံဘူးတဲ့။ ဖမ်းဆီးထိန်းသိမ်းထားခွင့်ကို ရက်ပိုတောင်းတော့လည်း ၅ရက်ပဲ ပေးလိုက်တယ်။အဲ့၅ရက်ထဲနှင့် ကောတို့ကဘယ်လိုသက်သေရှာရမှာလည်း"

ရှောင်းကျန့် စိတ်ကျဥ်းကျပ်သွားရသည်။
ဒီအမှုကိုမြန်မြန်ဖော်ထုတ်နိုင်လေ
သူဒီမြို့ကနေ မြန်မြန်ထွက်သွားရလေပဲမလို့ ရှောင်းကျန့် သက်သေရနိုင်မည့်နည်းလမ်း စဥ်းစားနေသည်။

"ကော ဝမ်သူဌေးကိုသေချာစစ်ဆေးထားလိုက်ပါ။
နောက်ပြီး တကယ်လို့ဝမ်သူဌေးကမဖြေဘူးဆိုရင်လည်း ဖိအားမပေးနဲ့။
အဲ့မြေကွက်ကို သူပိုင်ဆိုင်တယ်ဆိုတဲ့သက်သေရယ်။
အဲ့မြေကွက်ကို ဘယ်နှခုနှစ်က ဝယ်ထားတာလဲဆိုတာရယ် ကျန်တဲ့ဟာတွေကို ကောရှာထားလိုက်။
ကျွန်တော် နေရာတစ်နေရာသွားလိုက်အုန်းမ်"

"အင်း ဂရုစိုက် ရှောင်းကျန့်"

"ဟုတ်ကဲ့ ကော"

ရိဝူ ရှောင်းကျန့်ရဲ့ ချောင်ကျနေသည့်မျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။
ရိပေါ်နှင့်သူ ဘယ်လိုပတ်သတ်နေလဲဆိုတာ သိသိချင်းတုန်းက ရိဝူ အရမ်းအံ့သြခဲ့သည်။
အဲ့တုန်းက မျက်ရည်တွေသာစီးကျရင်း ဘာစကားမှမပြောသည့်
ရှောင်းကျန့်ကို ကြည့်ပြီး စိတ်မကောင်းပေမယ့် ဘာမှမလုပ်ပေးနိုင်။
ကံကြမ္မာကိုက သူတို့နှစ်ယောက်ကို ယခုလို ဆုံစည်းပေးခဲ့သည်မလား။

🐰

ရှောင်းကျန့် ယခုရောက်နေသည့်နေရာက ကျောင်းရဲ့အဆောင်ရှေ့
တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အခြေအနေရယ်
ညနေစောင်းနေပြီမလို့ မှောင်မဲနေပြီဖြစ်သည့်
အဆောင်ကြီးရယ်
ကျောချမ်းစရာကောင်းနေပေမယ့် သက်သေရဖို့က အရေးကြီးသည်မလို့ ရှောင်းကျန့် အဆောင်ဝန်းထဲဝင်ခဲ့သည်။
အဆောင်ဝန်းထဲ ခြေတစ်လှမ်းချယုံသာ ရှိသေးသည် တိုက်ခတ်လာသည့်
လေညှင်းလေးတွေကြောင့် ကြက်သီးထလာရသည်။

ကိုယ့်ကိုယ်ပြန်အားတင်းပြီး လက်ထဲက ဓာတ်မီးကိုကျစ်နေအောင်
ဆုပ်ကိုင်ကာ အဆောင်ထဲဝင်ခဲ့သည်။
အဆောင်ထဲရောက်ရောက်ချင်း ရလိုက်သည့်ရနံ့ကြီးက
ပုပ်သိုးသိုးအနံလို၊ စိမ်းရွှင်ရွှင် အနံကြီးပါ ရနေတာ​ကြောင့်
ရှောင်းကျန့် အဆောင်အထဲထိ မဝင်ဘဲ တံခါးပေါက်နားမှာဘဲ ရပ်နေလိုက်သည်။

SECRET ( Completed)Where stories live. Discover now