Part 22

4.8K 452 4
                                    

Unicode

"  ကျန့်ကော ကျွန်တော်နဲ့တစ်နေရာလိုက်ခဲ့အုန်း"

"ဘယ်လဲ"

"လိုက်ခဲ့ပါဆို"

"ခဏအင်္ကျီလဲလိုက်အုန်းမယ်"

"မလဲနဲ့တော့ ကျန့်ကောက ဒီအတိုင်းနေလည်း ချောတယ်၊ အရမ်းကိုချောတာ၊ ဘာမှပြင်စရာတောင်မလိုဘူး"

" ဝမ်ရိပေါ်!!! ရူးနေလို့ငါက ဆွတ်ကျယ်အင်္ကျီ၊ဘောင်းဘီတိုနဲ့ လိုက်ခဲ့ရမှာလား"

ပြန်ကြားရပြီ အရင်တုန်းကတက်တက်ကြွကြွအသံလေး။မနေ့တုန်းက ပြန်လာကတည်းက မှိုင်ထွေနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ရှောင်းကျန့်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်ပေးရမလဲ စဥ်းစားနေမိသည်။
ယခုတော့ ရုတ်တရက်ဆန်ဆန်ပြောလိုက်မိတဲ့ စကားကြောင့် ရှောင်းကျန့်အော်သံတက်ကြွကြွလေးကို ရိပေါ် ပြန်ကြားရတဲ့အတွက် ရိပေါ်မျက်နှာက အပြုံးတွေပိုမိုဖြစ်တည်လာသည်။

"ရိပေါ် ဘာရီနေတာလဲ"

" အမြဲတမ်းပြုံးနေပေးပါ ကျန့်ကော။ ကျွန်တော့်ရဲ့ပျော်ရွှင်မှုလေးက ပြုံးနေမှ ကျွန်တော်လည်း ပျော်မှာလေ"

"ငါ.....ငါ အင်္ကျီလဲလိုက်အုန်းမယ်"

ရှောင်းကျန့် လဲမယ့်အဝတ်အစားကိုယူပြီး ရေချိုးခန်းထဲအမြန်ဝင်ခဲ့သည်။
ရေချိုးခန်းထဲရောက်တာနဲ့ မျက်ဝန်းထဲကစီးကျလာတဲ့ မျက်ရည်တွေကို ရှောင်းကျန့် မထိန်းနိုင် ရိပေါ်မကြားအောင် အသံတိတ်ငိုကြွေးနေမိသည်။
ငိုရမယ့်အကြောင်းပြချက် ကောင်းစွာမရှိဘဲနှင့်ကို ရှောင်းကျန့်ရင်ဘတ်တွေအောင့်တက်လာတဲ့အထိ ငိုနေမိသည်။
ရိပေါ်ရဲ့မျက်ဝန်းတွေကို ကောင်းစွာရင်မဆိုင်ရဲလောက်တဲ့အထိတောင် ရှောင်းကျန့်ကြောက်နေမိသည်။
သူ့မျက်ဝန်းထဲက လိမ်ညာမှုတွေကို ရိပေါ်ရိပ်မိသွားရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အသိနဲ့တင် ရှောင်းကျန့်ကြောက်တာကြောင့် မနေ့ကတည်းက ရိပေါ်မျက်ဝန်းတွေကို သေချာမကြည့်ရဲခဲ့ပေ။

"ကျန့်ကော ကြာနေပြီ.....အဲ့လောက်ထိပြင်စရာမလိုဘူးနော်။ ကျန့်​ကောကို ကျွန်တော်တစ်ယောက်တည်းကြည့်မှာ"

SECRET ( Completed)Where stories live. Discover now