Part 9

6.7K 644 11
                                    

Unicode

ရှောင်းကျန့် လိုအပ်မယ့်ပစ္စည်းတွေကိုသေချာသိမ်းဆည်းပြီး အခန်းတံခါးကိုသေချာပိတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။အိတ်တွေနှင့်မလို့taxiကားသာ ငှားစီးပြီး အဆောင်ကိုပြောင်းလာခဲ့သည်။
ရှောင်းကျန့်အဆောင်ပြောင်းဖို့ကို တစ်ပတ်လောက်သေချာပြန်စဥ်းစားဆုံးဖြတ်ပြီးမှပြောင်းခဲ့ခြင်းပင်။
အခုလိုအဆောင်ပြောင်းလိုက်တော့လည်း တစ်မျိုးတော့သူ့အတွက်ကောင်းသွားသည်။
မနက်တိုင်းကျောင်းကိုအစောကြီးထသွားစရာလည်းမလိုတော့သလို၊ အိမ်ပြန်တာမိုးချုပ်တဲ့နေ့များတွင်လည်း သရဲမခြောက်ခံရတော့ပေ။
စိတ်ချမ်းချမ်းသာသာနှင့် သူလုပ်ရမယ့်အလုပ်တွေကောင်းမွန်စွာလုပ်ကိုင်နိုင်တော့မှာမလို့ စိတ်ပျော်ရွှင်နေမိသည်။

အဆောင်ရှေ့ရောက်တော့ ကားမောင်းသမားကိုကျသင့်ငွေရှင်းပြီး တံခါးဆီကိုလျှောက်လာခဲ့သည်။
တံခါးဝရောက်တော့ ဂိတ်စောင့်ဦးလေးကြီးကိုကျောင်းသားကတ်ပြပြီး အထဲဝင်လာခဲ့သည်။ အဆောင်ဝန်းကြီးကကျယ်ဝန်းပြီး သစ်ပင်ပန်းပင်များစွာလည်းစိုက်ပျိုးထားသည်။
အဆောင်ရဲ့ညာဘက်မှာရှိတဲ့ကျောင်းဆောင်ကြီးတွေက အထက်တန်းကျောင်းဆောင်တွေဖြစ်ပြီး၊ ဘယ်ဘက်မှာရှိတဲ့ကျောင်းဆောင်တွေက အလယ်တန်းကျောင်းဆောင်တွေဖြစ်သည်။
ရှောင်းကျန့် မျက်လုံးလေးတွေက တောင်ကြည့်လိုက်မြောက်ကြည့်လိုက်နှင့် ကြည့်ရင်းလမ်းလျှောက်လာတာ အဆောင်အောက်ကိုရောက်လာခဲ့သည်။
အဆောင်အောက်ရောက်တော့ အဆောင်မှုးလို့ထင်ရတဲ့ အသက်၄၀ကျော်လောက်ရှိတဲ့ဦးလေးကြီးက ရှောင်းကျန့်ကိုဝမ်းသာအားရနှင့်လာကြိုတာကြောင့် ရှောင်းကျန့်ကြောင်တောင်တောင်ဖြစ်သွားရသည်။

"တူလေး ရောက်လာပြီကိုလာ...လာ ဦးလေးကတူလေးဒီနေ့ရောက်လာမယ်မှန်းသိလို့ စောင့်နေတာ"

"ဟုတ်ကဲ့"

"ဦးလေး အခန်းလိုက်ပြပေးမယ် ဦးလေးနောက်လိုက်ခဲ့"

"ဟုတ်"

ရှောင်းကျန့်လည်း ဦးလေးကြီးသွားတဲ့နောက်ကို လိုက်ခဲ့ပြီး ဓာတ်လှေကားနှင့်၁၀ထပ်မြှောက်ကိုတက်လာခဲ့သည်။
၁၀ထပ်မြှောက်ရောက်တော့ အဆောင်မှူးကဓာတ်လှေကားထဲကထွက်လိုက်ပြီး တည့်တည့်လျှောက်သွားတာကြောင့် ရှောင်းကျန့်လိုက်သွားလိုက်သည်။
တစ်နေရာရောက်တော့ ရပ်လိုက်တာ​ကြောင့် အခန်းနံပါတ်ကြည့်လိုက်တော့ ၂၃ ။

SECRET ( Completed)Where stories live. Discover now