Chapter - 1.1[ Unicode ]

3.4K 205 6
                                    

ခါးမှာထိုးထားတဲ့ ဖုန်းက ဒုတိယအကြိမ်အသံမြည်လာပြီး သီချင်းသံထွက်ပေါ်လာတယ် ။

Huo Ran က ရှေ့ကိုလှမ်းကြည့်လိုက်တယ် ။ ပန်းတိုင်ကိုရောက်ဖို့ မီတာ ၅၀ လောက်လိုသေးတာသိလိုက်ရတော့ သူ့ရဲဖုန်းသံကို လျစ်လျူရှုလိုက်ပြီး တောင်ကုန်းထိပ်ကိုရောက်အောင် စက်ဘီးကိုဆက်နင်းလာခဲ့တယ် ။

" ငါတို့သည် ကွဲပြားကြတယ်..... ကွဲပြားကြတယ် "

" ငါတို့သည် ကွဲပြားကြတယ် ..... ကွဲပြားကြတယ် "

" ငါတို့သည် ကွဲပြားကြ ...... "

" Fuck ! " , Huo Ran က ခါးကဖုန်းကိုယူလိုက်ပေမဲ့ လက်နောက်ပြန်ဖြစ်နေပြီးအကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ယူလို့မရဘူး ။ စိတ်မရှည်စွာနဲ့ ခါးမှာချည်ထားတဲ့အိတ်ကို ဆွဲချလိုက်တယ် ။ ပြီးတော့ " ငါတို့က ကွဲပြားကြတယ် " ဆိုတဲ့ ဖုန်းသံ လေးကြိမ်မြောက်ထွက်မလာခင် အလျင်အမြန် ဖုန်းကိုင်လိုက်တယ် ။

" မင်းက **** မို့လို့ ငါ့ဖုန်းသံကိုပြောင်းထားတာလား "

" ဖုန်းကိုင်တုန်းက နာမည်ကိုပဲမကြည့်တာလား ဒါမှမဟုတ် ငါ့နံပါတ်ကိုပဲမှတ်မထားတာလား " ; တဖက်မှ Jiang Lei ရဲ့အသံထွက်ပေါ်လာသည် ။

" မင်းကို မင်းအမေက အသားချောင်းလုပ်ပြီး ဆော့စ်နဲ့တို့စားလိုက်ရင်တောင် မှတ်မိတယ်ကွ " ; ဟု Huo Ran ကပြောလိုက်သည် ။ " **** ဖြစ်လို့ ငါ့ဖုန်းသံက်ို မပြောမဆိုနဲ့ ပြောင်းသွားတာလား ခွေးကောင်ရဲ့ "

Jiang Lei မှ " နွေရာသီကျောင်းပိတ်ရက်မှာ မင်းနဲ့ငါနှစ်ခါပဲတွေ့ရသေး ။ နောက်ဆုံးတစ်ခေါက်တွေ့တာကဖြင့် လဝက်လောက်ရှိနေပြီကို ဘောမို့လို့ မင်းဖုန်းသံကို ငါပြောင်းတာဖြစ်မလား " ဟု ပြန်အော်လိုက်သည် ။

မျက်မှောင်ကြုတ်ရင်း "အဲ့တာဆို ဘယ်သူပြောင်းသွားတာလဲ " လို့ Huo Ran ကမေးလိုက်သည် ။

စိတ်မကောင်းဖြစ်တဲ့အသံနဲ့ Jiang Lei က
" အဲ့တာ ငါက ဘယ်လိုလုပ်သိမှာလဲကွ ! နေပါအုန်း ဖုန်းသံက ဘာပြောင်းသွားလို့ ဒီလောက်ဖြစ်နေတာလဲကွာ "

" မင်း နေ့တိုင်း ဆိုနေတဲ့သီချင်းလေ "

Jiang Lei က ချက်ချင်းပဲမေးလိုက်တယ် " ငါတို့က ကွဲပြားကြတယ် ! အဲ့တာလား "

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now