Chapter 7 . 1 [ Unicode ]

451 60 0
                                    

တကယ်တမ်းတွင် ဘူဖေးက လူများလေစားရတာလေတန်လေဖြစ်သည် ။ Kou Chen တို့အုပ်စု ဒီကိုလာစားတဲ့အခါတိုင်းထက် ဒီနေ့ Xu Chuan နှင့် Wei Chao Ren မှာ ခါးပတ်တောင်မတပ်နိုင်တော့တဲ့အထိကို အားပါးတရစားကြသည် ။ သူတို့အုပ်စု တက်စီဌားရန်လမ်းဘေးမှာရပ်စောင့်နေတဲ့အချိန်မှာပဲ Kou Chen ထံဖုန်းဝင်လာလေသည် ။ မကိုင်လျှင်မဖြစ်သောကြောင့် ရွေးချယ်စရာမရှိပဲ အင်တင်တင်မျက်နှာပေးဖြင့် ဖုန်းကိုင်လိုက်ရသည် ။

" မမ "

" Yo ! အသံကဘယ်လိုဖြစ်နေတာလဲ စိတ်ပျက်အားငယ်နေတဲ့အသံနဲ့ "

တဖက်မှ Kou Xiao ၏အသံကထွက်ပေါ်လာသည် ။

" ဒီအစ်မက နင့်ကိုဖုန်းခေါ်နေတာ အခါ ၁၂၀ လောက်ရှိနေပြီ "

" ကျွန်တော် ခုလေးတင် မမတို့ဟိုတယ်မှာဘူဖေးစားပြီးပြန်လာတာ အတော်လေးစားလိုက်မိသွားတယ် "

" ဒီတပတ်ပိတ်ရက်ကျရင် မမနဲ့ Lao Yang တို့ ဈေးဝယ်ထွက်ကြမလို့ အဲ့တာ မင်းသူငယ်ချင်းတွေဖို့ တခုခုဝယ်ခဲ့ပေးမလို့ ဘာလိုချင်လဲ မေးပေးပါအုန်း "

" နက်ဖြန်ကျ အကြောင်းပြန်မယ်လေ " , Kou Chen က Huo Ran ကို လှမ်းကြည့်လိုက်ပြီးပြောလိုက်တယ် ။
" သူတို့တွေက အကုန်ပြည့်စုံပြီးသားကို ဘာယူမလဲဆိုတာ သေချာအောင်မေးရအုန်းမှာ ဒါနဲ့ မမက Lao Yang နဲ့အတူတူသွားမှာဆိုရင် ကျွန်တော်လိုက်စရာမလိုတော့ဘူးမလား မဟုတ်ရင် Third wheel လေးဖြစ်နေမှာပေါ့ "

" ပွဲတော်ရက်ကျရင် အပြင်မှာပဲနေမှာလား ဒါမှမဟုတ် မြက်ခင်းလွင်ပြင်ကိုသွားမှာလား တကယ်လို့သွားဖြစ်ရင် သူငယ်ချင်းတွေခေါ်သွားလဲရတယ်နော် "

" မမ နောက်တခေါက်ထပ်ပြောပါအုန်း တကယ်လား "

Kou Xiao ရဲ့အသံက ရပ်နေတဲ့သူအားလုံးကြားနိုင်လောက်တဲ့အထိ ကျယ်လောင်စွာထွက်ပေါ်လာတယ်။

[TN : Kou Chen က speaker ဖွင့်လိုက်တာထင်တယ် ]

" အင်း သူငယ်ချင်းတွေကိုသာ လိုက်မလိုက်သေချာအောင်မေး သူတို့လိုက်မယ်ဆိုရင် သေချာပြင်ဆင်ပြီးမှသွားနော် "

" ကျွန်တော်ဘာလုပ်ရမလဲဆိုတာ ကိုယ်ဟာကိုယ်သိပါတယ် မမသာဂရုစိုက် ဒါနဲ့ ကျွန်တော်ကိုမလိုတာသေချာလား တကယ်မလိုက်ခဲ့ရဘူးလား "

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now