Chapter 3.2 [ Unicode ]

521 72 3
                                    

လှေကားရင်းရောက်တော့ ဘယ်သူမှမရှိတာသေချာခါမှ Xu Chuan ဟာ Kou Chen ကိုပြောလိုက်တယ် ။

" ဘာလို့ မင်း အဲ့လိုပြောလိုက်ရတာလဲ ။ Liang Mulan က မင်းရှင်းပြတာကိုမယုံတဲ့အချိန် Huo Ran က ကြမ်းက သူဟာသူ ပေါက်သွားတာပါဆိုပြီး မင်းဘက်က ရှင်းပြပေးခဲ့တာကို အဲ့လိုပြောလိုက်ဖို့မသင့်ဘူး "

" သူက ငါ့အဖေလို့ပြောလိုက်တဲ့ဟာရဲ့ တန်ရာတန်ကြေးပဲလေ "

Kou Chen က ပြောလိုက်တယ် ။

" အိုကေ ဟုတ်ပြီ ဒါနဲ့ကျေလိုက်တော့နော် ထပ်ပြီး မင်းလက်က ပြသာနာသွားမရှာနဲ့တော့ " ဟု Xu Chuan က မှာလိုက်သည် ။

Kou Chen က အောက်သို့ သုံးလေးထပ်ကျော်ဆင်းလိုက်ပြီး ပြောလိုက်တယ် ။

" သူ့ပုံစံကလေ လူတွေကို သူ့ကို လာစပါ လာစပါ ဆိုပြီး ဆွဲဆောင်နေသလိုပဲ "

[ TN : Eng Translator ရဲ့ Note ကတော့ လာစတာကို tease ဆိုပြီးသုံးထားပေမဲ့ အဓိပ္ပါယ်က Flirt တာပါ ။ ဆိုလိုတာက Huo Ran ပုံစံက အရမ်း ဖလက် ချင်စရာလေးဆိုတဲ့ သဘော ]

Xu Chuan မှာ အနည်းငယ် စိတ်ရှုပ်သွားလျက် ။

" ဘာပြောတယ် "

" သူ့ပုံစံက Lu Huan နဲ့ တူတယ်လို့ မင်းမထင်ဘူးလား " , Kou Chen က မေးလိုက်တယ် ။

" Lu Huan ? "

Xu Chuan က နောက်ကိုလှည့်ကြည့်လိုက်တယ် ။ တကယ်တော့ Kou Chen ကျောင်းပြောင်းလာပြီး ဒုတိယရက်မှာ Lu Huan ရဲ့ နာမည်ကို မေးဖူးတယ် ။ Kou Chen ကြည့်ရတာ Lu Huan ကိုသဘောကျတဲ့ပုံပေါ်ပေမဲ့  သူနားမလည်တာက အရင်ရက်တုန်းက တစ်တန်းလုံးရှေ့မှာ Lu Huan က သူမနာမည်ကိုမိတ်ဆက်ခဲ့သည်ပင် ။ Kou Chen မကြားလိုက်တာလား ။

Xu Chuan ဟာ Kou Chen ရဲ့ ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာကို တကယ်မခန့်မှန်းနိုင်ခြေ ။

" သူတို့နှစ်ယောက်ကြားမှာ တခုခုဆက်နွယ်မှု့မျိုးရှိလို့လား " , Xu Chuan ဟာ ထပ်မေးလိုက်တယ် ။

" မသိဘူးလေ " , Kou Chen ဟာ နောက်ဆုံးလှေကားထစ်ကို ကျော်ဆင်းလိုက်ပြီး ပြောလိုက်တယ် ။ " ညကျရင် ငါတို့ Ghost Building ကိုသွားကြည့်ရအောင် "

[ TN : ခုကစပြီး သရဲဆောင်ကို Ghost Building လို့ပဲရေးတော့မယ်နော် ။ သရဲဆောင်ကျခေါ်ရတာ တမျိုးကြီးဖြစ်နေလို့ ]

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now