Chapter 4 . 2 [ Unicode ]

410 66 0
                                    

Huo Ran ဟာ ဒုတိယထပ်ရဲ့လှေကားဇောင်းတန်းအလယ်မှာရပ်နေပြီး နောက်ပြန်သွားနေတယ် ။ ဒါမှ တခုခုဆိုတာနဲ့ သူတန်းပြေးလို့ရမှာဖြစ်တယ် ။ နောက်ပြန်လျှောက်နေရင်း လူတစ်ယောက်ရဲ့ အရိပ်က သူနဲ့နီးကပ်လာတယ်လို့ခံစားလိုက်ရတယ် ။ ဒါပေမဲ့ မှောင်မိုက်နေသောကြောင့် သဲသဲကွဲကွဲမမြင်ရ။ သူရဲ့ဖုန်းကို ထုတ်လိုက်တဲ့အချိန်မှာပဲ Kou Chen ရဲ့အသံကို ခပ်လှမ်းလှမ်းကနေကြားလိုက်ရတယ် ။

" ဒီကိုလာ "

" မလာဘူး " , Huo Ran က ရိုးစင်းစွာနဲ့ပြန်ဖြေလိုက်တယ် ။

" အဲ့တာဆို ငါသွားတော့မှာနော် " , Kou Chen က ပြန်ပြောလိုက်တယ် ။

" မင်း ဘယ်နားမှာလဲ " , Huo Ran က ချက်ချင်းပြန်မေးလိုက်ပြီးတော့ သူ့ဖုန်းက Flash မီးကိုဖွင့်လိုက်တယ် ။

" ဒီမှာ " , Kou Chen ရဲ့ခေါင်းက ကော်ရစ်တာထောင့်ကနေထွက်လာပြီး Huo Ran ကို လက်ယမ်းပြနေတယ်

Huo Ran က ကော်ရစ်တာကိုလျှောက်လာရင်း ဖုန်းမီးကိုပိတ်လိုက်ပြီး အိတ်ထဲကိုပြန်ထည့်လိုက်တယ် ။

အဲ့တာကို မြင်တော့ Kou Chen ကမေးလိုက်တယ် ။

" ဘာလို့ မင်း Flash မီး ဖွင့်မထားတာလဲ "

" ဟမ် " , Huo Ran က သူကြားသာရုံအသံနဲ့ခပ်တိုးတိုးပြောတယ် ။

Kou Chen က ပြောလိုက်တယ် ။

" အနံ့တစ်ခုရတယ် "

Kou Chen က ချက်ချင်းဆိုသလို လက်နဲ့နှာခေါင်းကိုကာလိုက်ပြီးတော့ ပြောလိုက်တယ် ။

" မင်းလေလည်လိုက်တာလား ။ အရမ်းကလေးကလားနိုင်တာပဲ "

" ငါပြောတာက သစ်သားကိုမီးလောင်နေတဲ့အနံ့ရတယ်လို့ပြောတာ မင်းဖင်ကြီးကိုလေလည်ရမှာလား "

Huo Ran ခနတုံ့ဆိုင်းသွားပြီး ပတ်ဝန်းကျင်ကို နည်းနည်းအနံ့ခံကြည့်လိုက်တော့ တကယ်ပဲ သစ်သားကိုမီးလောင်တဲ့အနံ့ရနေတယ် ။

" တစ်ယောက်ယောက်က ထင်းတွေကိုမီးရှို့ထားတာထင်တယ် ။ သိပ်တော့မထူးဆန်းပါဘူး " , Huo Ran ဟာ ခပ်တိုးတိုးပြောလိုက်တယ် ။ " ငါ့အထင် ဒီအနံ့က ညနေလောက်ကမှ ထင်းတွေကိုရှို့ထားတာဖြစ်လောက်တယ် ။ နာရီအနည်းငယ်လောက်ပဲရှိအုန်းမယ် "

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now