Chapter 6 . 2 [ Unicode ]

427 69 0
                                    

Huo Ran က နဖူးကြောကိုတွန့်လိုက်ပြီးတော့ လက်ဖျောက်တီးနေတယ် ။ " ဖျောက် " ဆိုတဲ့အသံက ကားနောက်ခန်းကနေထွက်ပေါ်လာတယ် ။ သူ ဒုတိယအကြိမ် လက်ဖျောက်တီးဖို့လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ဘေးကနေ လက်ဖျောက်တီးတဲ့အသံက ထွက်လာတယ် ။

Huo Ran က ဒီကောင်ရူးနေတာလားဆိုတဲ့အကြည့်နဲ့ Kou Chen ကို ကြည့်လိုက်တယ် ။ Kou Chen ကို စိုက်ကြည့်နေရင်းနဲ့ လက်ဖျောက်ထပ်တီးတယ် ။

Kou Chen ကလဲ လိုက်တီးတယ် ။

" အဲ့ဒီစားသောက်ဆိုင်က ...... " , Xu Zhi Fan က နောက်ကိုလှည့်ပြီးစကားပြောလိုက်ပေမဲ့ အဆုံးထိမပြောလိုက်နိုင်ပေ ။

နောက်ခန်းမှာ Kou Chen နဲ့ Huo Ran က လက်ဖျောက်တီးပြိုင်နေကြပြီး ' ဖျောက် ...... ဖျောက် ' ဆိုတဲ့အသံတွေက ဆက်တိုက်ထွက်ပေါ်နေသည် ။

Xu Zhi Fan က သူတို့နှစ်ယောက်ရဲ့မရိုးနိုင်တဲ့ရန်ပွဲကိုကြည့်ရတာပျင်းရိလာတာနဲ့ ရှေ့ကိုပြန်လှည့်လိုက်ပြီး ပြောလိုက်တယ် ။

" မင်းတို့နှစ်ယောက်လုံးက မူကြိုတက်နေတဲ့ကလေးတွေလဲမဟုတ်တော့ပဲနဲ့ ကလေးဆန်နေကြတုန်း "

ပြိုင်ပွဲကတော့ ဆက်ကျင်းပနေတုန်းပဲ ။

ဒီပြိုင်ပွဲက အဓိပ္ပါယ်မရှိပြီး ကလေးဆန်တာကိုတော့ Huo Ran ကိုယ်တိုင်လဲသိပါတယ် ။ ဒါပေမဲ့ သူမရှုံးချင်ဘူး ။ သူရေထားတာ ဒီအခေါက်နဲ့ဆို လက်ဖျောက်တီးတာ ၁၉ ခါရှိပြီ ။ စိတ်မကောင်းစွာနဲ့ပဲ အခါ ၂၀ မြောက်အသံက ထွက်မလာတော့ဘူး ။
Kou Chen လဲ အတူတူပဲ ။

Huo Ran က ချက်ချင်းပဲဝမ်းသာအားရဖြစ်သွားတယ် ။ သူ့လက်က်ိုမြှောက်လိုက်ပြီး Kou Chen ရဲ့မျက်နှာနားမှာကပ်ပြီးလက်ဖျောက်တီးလိုက်တယ် ။

Kou Chen က ဘာအမူအရာမှမရှိပဲ Huo Ran ကိုပဲကြည့်နေတယ် ။

ဒါပေမဲ့ လက်ဖျောက်သံက ထွက်မလာဘူး ။

" ဒီတစ်ခုကိုထည့်မတွက်ဘူး " , Huo Ran က ပြောလိုက်တယ် ။

" Fuck " , Kou Chen က တိတ်တိတ်လေးဆဲလိုက်ပြီး သူ့လက်ကိုကြည့်နေတယ် ။ ထို့နောက် လက်ဖျောက်တီးလိုက်တယ် ။

" ဖျောက် "

နောက်ဆုံးတော့ လက်ဖျောက်တီးပြိုင်ပွဲမှာ Kou Chen က နိုင်သွားလေသည် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now