Chapter 4 . 1 [ Unicode ]

498 71 0
                                    

"  Hu Yi ရယ် ဒီနေ့အရင်ကနဲ့သိပ်မတူဘူးနော်  "

သူတို့ ကျောင်းကနေပြန်လာတော့ Hu Yi က သူတို့ရှေ့က ခပ်သုတ်သုတ်လျှောက်သွားတာကိုကြည့်ရင်း Jiang Lei က ပြောလိုက်တယ် ။

" ဘာ မှားနေလို့လဲ " , Huo Ran ဟာ Hu Yi ရဲ့နောက်ကျောကို စိုက်ကြည့်ရင်း မေးလိုက်တယ် ။ " ကိုယ့်လမ်းကိုယ်သွားနေတာပဲ ငါတော့ အနှောက်ယှက်ဖြစ်တယ်လို့မခံစားရပါဘူး "

Jiang Lei က ပြန်ပြောလိုက်သည် ။

" အဲ့တာကိုပြောတာမဟုတ်ဘူး ဒီနေ့ သူ ငါတို့ကို စကားနည်းနည်းပဲပြောတယ် အဲ့တာပုံမှန်မဟုတ်ဘူး "

" အင်း ငါလဲ အဲ့လိုပဲထင်တယ် ပြီးတော့ သူ မနက်က ကျောင်းလာတာလဲနောက်ကျတယ် " ,  Xu Zhi Fan က ခေါင်းကို ငြိမ့်ပြီးဖြေလိုက်တယ် ။

" ငါတို့ သူ့ကိုမေးသင့်လား " , Huo Ran က မေးလိုက်ခြင်းဖြစ်သည် ။

Xu Zhifan က သေချာတွေးလိုက်ပြီးမှ

" အခုတော့ ငါတို့ မမေးသင့်ဘူးထင်တာပဲ ။ တကယ်လို့ နက်ဖြန်မှ သူ ငါတို့ကို မပြောပြရင်တော့ အဲ့ကျမှ မေးကြတာပေါ့ " ဟု ပြောလိုက်သည် ။

" OKAY ! " , Huo Ran က သူ့အကြံကိုအကောင်အထည်ဖော်ရန် နည်းနည်းတီးခေါက်ကြည့်လိုက်သည် ။ " မင်းတို့ ဒီနေ့ည အားလား "

Xu Zhifan က မေးလိုက်သည် ။

" ဘယ်အချိန်လဲ "

" ည ၁၂ နာရီလောက် " , Huo Ran က ဖြေလိုက်သည်

" ငါလခွမ်း အဲ့အချိန်က အားလားမဟုတ်တော့ဘူး အိပ်ချိန်ရောက်နေပြီ အိပ်ချိန် ငါဆို အဲ့အချိန်လောက်ဆို အိပ်ပျော်လို့ပဲ သုံးရေးလောက်ရနေပြီ ငါ့ကောင်ရ " , Jiang Lei က ပြောလိုက်သည် ။ " အဲ့အချိန်ကြီး ဘာလုပ်မို့လို့လဲ ညဘက် Training လား "

Xu Zhifan လဲ ချက်ချင်းငြင်းဆိုလိုက်သည် ။

" ဟေး ညဖက် Training ဆိုလဲ ငါ မပါဘူးနော် "

Huo Ran လဲ သွားမဲ့နေရာကိုပြောပြလိုက်သည် ။

" Ghost Building ကို သွားမလို့ "

" အဲ့မှာ စာသွားလုပ်မလို့လား ဘာလို့ ရုတ်တရက်ကြီး ရွဲ့ပါ ယောင်ဆောင်ချင်နေရတာလဲကွာ " , Jiang Lei မှ မေးလိုက်သည် ။
[TN : ရွဲ့ပါက စာတော်တဲ့ကျောင်းသားကိုပြောတာနော် ]

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now