Chapter 2 . 1 [ Unicode ]

674 108 2
                                    

ကသိကအောက်ဖြစ်စရာ ဒီအခြေအနေကြောင့် တစ်တန်းလုံးထိတ်လန့်သွားကြပြီး အာမေဍိတ်သံများထွက်လာရာကနေ တစ်တန်းလုံးဆူညံသွားတော့သည် ။

" ကြမ်းပြင်က ပေါက်သွားတာလား "

" Fuck ! Kou Chen က ကြမ်းကိုပေါက်အောင်လုပ်လိုက်တာလား "

" သူ့ရဲ့အလေးချိန်ကို ကြမ်းကမခံနိုင်ဘူးလား "

" သူ့ကြည့်ရတာ အဲ့လောက်လေးမဲ့ပုံမပေါ်ပါဘူး "

" အောက်ထပ် အတန်း ၃ ကလူတွေနဲ့ တွေ့ရတော့မယ်ထင်တယ်ဟေ့ "

×××××××××××××

Xu Chuan က ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြမ်းပေါက်ကိုလက်နဲ့ထိကြည့်ကာ မေးလိုက်သည် ။

" ခြေထောက်နှုတ်လို့ရလား "

" ရတယ် " ; Kou Chen လဲ ထိုအခါမှသတိပြန်ဝင်လာကာ ခြေထောက်ကိုနှုတ်လိုက်သောအခါမှ တွေ့ရသည်မှာ ကြမ်းပေါက်မှာ 50 cm လောက်နီးပါးကျယ်သည်။ ထို့ကြောင့် သူ ဟန်ချက်မထိန်းနိုင်ပဲ ယိုင်ကျသွားခြင်းပင် ။

ရုတ်တရက် ဆန်လွန်းတယ် ။

သူဟာ ဘေးနားကခုံစောင်းရဲ့အကူအညီနဲ့ ကြမ်းပေါက်ကျွံနေတဲ့ခြေထောက်ကို ဆွဲထုတ်လိုက်တယ် ။ ထို့နောက် Huo Ran နဲ့မျက်နှာချင်းဆိုင် ပြန်ရပ်လိုက်တယ် ။

ဒီဖြစ်ရပ်ကြောင့် သူတို့နှစ်ယောက်ကြားက ကတောက်ကဆဖြစ်ရပ်ကို ယာယီမေ့သွားကြတယ် ။ အံ့သြစရာက ရုတ်တရက်ရောက်လာသောကြောင့် ထိုအရာကို ဦးစားပေးလိုက်ကြသည် ။ ဟာသအနေနဲ့ပြောရမယ်ဆိုရင် Huo Ran ဟာ မကျေမနပ်ဖြစ်နေသေးပေမဲ့ ကြမ်းပေါက်ကျွံတာနဲ့ပက်သက်ပြီး လန့်သွားတဲ့အမူအရာကိုလဲ မဖုံးဖိနိုင်ချေ ။

Wei Chaoren က " Damn ! ပြောတော့ ဒီအဆောင်ရဲ့ခံနိုင်ရည်က မဆိုးပါဘူးဆိုပြီး ဘယ်လိုဖြစ်လို့  ကြမ်းပေါက်တွေက ဒီလောက်ခြားနေရတာလဲ " ဟု ပြောရင်း အပေါက်ထဲကနေ အောက်ထပ်သို့ချောင်းကြည့်လိုက်လိုက်သည် ။

" မြန်မြန် "

Kou Chen က သူ့ဘောင်းဘီကိုဖုန်ခါလိုက်သည် ။

" လာ အောက်ထပ်ကသူတွေကို နှုတ်ဆက်လိုက်အုန်း "

" FUCK ! "

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now