Chapter - 1.2 [ Unicode ]

908 122 3
                                    

Wei Chaoran က စီးကရက်ကိုခဲလိုက်ရင်း လက်ထဲက ဖဲချပ်ကိုဆက်ပွတ်နေသည် ။

Xu Chuan ဟာစိတ်မရှည်စွာဖြင့် ခုံကိုခေါက်လိုက်ရင်း " မင်းပွတ်နေတာ ဖဲချပ်အဖြူရောင်က အမည်းရောင်ဖြစ်တော့မယ် မြန်မြန်လုပ်ပါဟ " ဟုပြောလိုက်သည် ။

Xu Chuan က ရယ်လျက် " Ah တကယ်ကြီးအဖြူရောင်ဖြစ်နေခဲ့တာပဲကွ " ဟုပြောရင်း ဖဲချပ်ကို စားပွဲပေါ်ပစ်ချလိုက်သည် ။

Kou Xiao က ဖဲချပ်ကိုချလိုက်ရင်း " ပွဲသိမ်းပြီ " ဟုပြောလိုက်သည် ။

" အစ်မ တကယ်ကြီးလား " ဟု Wei Chaoren က မေးလိုက်သည် ။
[ TN : ဒီနားနည်းနည်းရွှီးထားတယ် အရဲက ဖဲမကစားဖူးတော့ အယူအဆတွေသိပ်နားမလည်လို့ ]

" စီးကရက် မီးသတ်လိုက် "
Kou Chen က ပြောလိုက်သည် ။ Wei Chaoren က သူ့အားလှည့်ကြည့်လိုက်ရင်း ပြန်မေးသည် ။

" ဘာလို့တုန်း "

Kou Chen က တစ်ချက်ကြည့်လိုက်ရင်း " ဆေးလိပ်ငွေ့တွေ မမြင်ဖူးလား ကန်းနေတာလား "

Wei Chaoren ဒေါသကိုထိန်းရင်းမေးလိုက်သည် ။
" နေပါအုန်း ဆေးလိပ်နဲ့ ငါ့ကိုအကန်းလို့ပြောတာနဲ့ ဘာဆိုင်လို့တုန်း "

" မင်း ငါ့အစ်မရှိနေတာကို မမြင်ဘူးလား "

ထိုအခါ Wei Chaoren လဲ Kou Xiao အရိုအသေပေးလျက် တောင်းပန်တော့သည် ။

" တောင်းပန်ပါတယ်နော် အစ်မ ကျွန်တော် တမင်ရည်ရွယ်လုပ်တာမဟုတ်ပါဘူး နည်းနည်းသတိလက်လွတ်ဖြစ်သွားတယ် "

" ကိစ္စမရှိပါဘူး ရပါတယ် ဒါနဲ့ မင်းတို့အတန်းခွဲတဲ့စာရင်းထွက်ပြီဆို " ဟု Kou Xiao က အခန်းထဲလေထုသက်သာစေရန်အလို့ဌာ စကားလမ်းကြောင်းလွှဲလိုက်သည် ။

" အင်း " ; Kou Chen က ခေါင်းငြိမ့်ရင်းဖြေသည် ။

တစ်ချိန်လုံးအသံတိတ်နေတဲ့ Xu Chuan ပါ စကားဝိုင်းထဲဝင်လာသည် ။

" ငါသွားကြည့်ပြီးသွားပြီ ။ အထွေအထူးမရှိပါဘူးကွာ ဒါပေမဲ့ Huo Ran လဲ တို့တွေနဲ့တစ်ခန်းထဲကွ ငါက သူတို့ကို သိပ္ပံဘာသာတွဲယူမယ်မှတ်နေတာ "

" ဟိုရိုင်းတဲ့တစ်ယောက်လား " ဟု Kou Chen က မေးသည် ။

" အဲ့ကောင်က နောက်ဆုံးတစ်ခေါက်ကစားတဲ့ပွဲတုန်းက ငါ့အပေါ်အကြွေးတင်နေတယ် မင်းတောင် သူ့ပုံစံကချစ်စရာလေးလို့ပြောသေးတယ်လေ "

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now