Chapter 3 . 1 [ Unicode ]

563 93 2
                                    

" မြန်မြန်လာ "

Kou Chen အတန်းထဲကိုဝင်လာတော့ Wei Chaoren ဟာ သူ့နောက်ကိုလိုက်ခဲ့ဖို့ လှမ်းခေါ်လိုက်တယ် ။

" ရုံးခန်းကို မြန်မြန်သွားရအောင် ငါတို့ကို Priest Liang Mulan က ရေနှစ်ဖို့စောင့်နေတယ် "

Kou Chen က ခနလေးအတွင်းမှာ အရာအားလုံးကို ဆုံးရှူံးလိုက်ရတဲ့ပုံစံနဲ့ ပြောလိုက်တယ် ။

" အခုလား "

Wei Chaoren က ပြောလိုက်သည် ။

" အေး ဒီအမှု့ရဲ့ အဓိကတရားခံလဲသွားနှင့်ပြီ ။ Xu Chuan လဲသွားနှင့်ပြီ ။ တကယ်ဆို Chuan က သွားစရာတောင်မလိုဘူး ဒါပေမဲ့ သူပြောတာက လိုက်သွားပြီး သူတို့ဘာပြောမလဲဆိုတာ နားထောင်လိုက်မယ်တဲ့ "

Kou Chen က အတန်းအပြင်ကို ထွက်လာရင်းမေးလိုက်တယ် ။

" တခြား ဘယ်သူတွေပါသေးလဲ "

" Xhu Zhifan နဲ့ မင်းရဲ့ Daddy ပေါ့ " ; Wei Chaoren က နောက်ကိုလှည့်ကြည့်ပြီးဖြေလိုက်သည် ။
[ TN : အိုမို ဒယ်ဒီတဲ့ရှင် 👀 ]

Kou Chen က ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီးထပ်မေးသည် ။

" ဘယ်သူ "

Wei Chaoren က အားပါတရ ရယ်မောပြမှ ပြန်ဖြေသည် ။

" မင်းရဲ့ Daddy ပါဆို "

" အရိုက်ခံချင်လို့လား "

" ငါမှားသွားတယ် " ; Wei Chaoren ကသူ့အမှားကိုသိတာနဲ့ ချက်ချင်း ဝန်ခံလိုက်တယ် ။

Kou Chen က " အသုံးမဝင်တော့ဘူး မင်း Underwear မပါပဲ ဒီတိုင်းနေချင်လား ဒါမှမဟုတ် underwear ကို အပြင်ထုတ်ဝတ်ချင်လား ကြိုက်တာရွေးလိုက် " ဟုပြောကာ ဆက်လျှောက်သွားသည် ။

သူ့ရဲ့နောက်တွင်တော့ ရယ်မောသံများကျန်ခဲ့လျက်
Wei Chaoren ရဲ့ " Fuck " ဆိုသော ကျိန်ဆဲသံကိုလဲ ကြားလိုက်ရသေးသည် ။

Kou Chen လှေကားပေါ်ကဆင်းလာပြီး အတန်း ၃ ရှေ့က ဖြတ်လျှောက်သွားတော့ ထိုအတန်းထဲကိုလှမ်းကြည့်လိုက်သေးသည် ။ ကြမ်းပြင်တွင်မျက်နှာကြက်မှကျလာသော ဖုန်မှုန့်များကို သန့်ရှင်းရေးလုပ်နေကြသည် ။ သို့သော် မျက်နှာကြက်အပေါက်မှတဆင့် ဖုန်မှုန့်များကျနေဆဲပင် ။ ကျောင်းသူများကတော့ ကြမ်းတိုက်အဝတ်ဖြင့် ကြမ်းတိုက်နေကြပြီး မျက်နှာကြက်အပေါက်ကလဲ ထင်သာမြင်သာရှိလွန်းသည် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now