Chapter 5 . 1 [ Unicode ]

449 78 2
                                    

Kou Chen ဟာ သူတို့ပြိုင်ပွဲရဲ့ရလဒ်ကိုကြေညာလိုက်ပြီး အချိန်အနည်းငယ်ကြာတဲ့အချိန်ထိ Huo Ran မှာ အခြေအနေကိုနားမလည်နိုင်သေးပေ ။ အင်မတန် ရှော့ရသွားတဲ့အပြင် သူ ခုနကတွေ့လိုက်ရတဲ့ အဖြူရောင်အရိပ်က အစစ်လား အတုလား ဆိုတာကို မခွဲခြားနိုင်ဖြစ်နေသည် ။

" မင်းက Building ရဲ့အပြင်က်ို အရင်ဆုံးထွက်သွားခဲ့တာလေ " , Kou Chen က လှေကားပေါ်က တစ်ထစ်ကျော်ဆင်းလိုက်ပြီး ပြောလိုက်တယ် ။ " ဒီ Building ရဲ့အပြင်က်ို အရင်ဆုံးထွက်သွားတဲ့သူက အရှုံးဆိုပြီးသတ်မှတ်ခဲ့တာမှန်ပေမဲ့ မင်းက ငါ့ကိုကူညီခဲ့တာဆိုတော့ အနိုင်အရှုံးကို အဲ့လိုမသတ်မှတ်လိုက်ချင်ဘူး "

Huo Ran ကသူ့ကိုကြည့်လိုက်တယ် ။

" မင်းပြောတာက နောက်တကြိမ်ထပ်ပြိုင်မယ်လို့ဆိုလိုချင်တာလား "

" ဟုတ်တယ် "

" အဲ့တာ စည်းမျဥ်းမဟုတ်ဘူး "

" မင်းက ရှုံးခဲ့တယ်လေ " , Kou Chen က ရယ်လိုက်ပြီးတော့ စကားကို အဆုံးသတ်လိုက်တယ် ။ ထို့နောက် လေချွန်လိုက်ပြီး Huo Ran ဆီကိုလျှောက်လာတယ် ။
" တကယ်လို့ မင်းရဲ့အရှုံးကိုလက်မခံနိုင်ရင် 3 Round 2 Wins ဆိုရင်ရော ဘယ်လိုလဲ နောက်ထပ် ၂ ရက် ထပ်ပြိုင်ကြမယ် "

" မလိုဘူး အရှုံးကိုလက်ခံတယ် " , Huo Ran က ပြောလိုက်တယ် ။ ' ဘယ်သူ့ကိုလာပြီး အရဲစွန့်ခိုင်းနေတာလဲ ။ ဒီထဲမှာ ထပ်နေရတာထက်စာရင် အရှုံးကိုပဲလက်ခံလိုက်မယ် '

[ TN : ' ...... ' က စိတ်ထဲကပြောတဲ့စကားနော် ]

Kou Chen က သူ့ကိုတချက်ကြည့်လိုက်တယ် ။ ဘာစကားမှတော့မပြော ။

××××××××××××××××

ဘောလုံးကွင်းဘက်ကနေ ဓာတ်မီးလင်းလာတာကိုတွေ့လိုက်ရတော့ Kou Chen နဲ့ Huo Ran က လန့်သွားပြီး နံရံရဲ့ထောင့်မှာပုန်းလိုက်ကြတယ် ။ မကြာခင်မှာပဲ ဓာတ်မီးရဲ့အလင်းရောင်က ပျောက်သွားပြီး ဘတ်စကတ်ဘောခန်းမဘက်ကို ရောက်သွားတာတွေ့လိုက်ရမှ Huo Ran ဟာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ် ။ ကျောင်းရဲ့လုံခြုံရေးက မထင်ရပဲစည်းကမ်းအလွန်ကောင်းတာပဲ ။ တကယ်လို့သာ လုံခြုံရေးဆီမှာမိသွားရင် နက်ဖြန်ကျ Lao Yuan ဆီကို တန်းသတင်းရောက်မှာပဲ ။ အဲ့လိုဆို သူ့ရဲ့စံပြကျောင်းသား image မှာ အနှောင့်အယှက်ဖြစ်လာလိမ့်မယ် ။ ပြီးတော့ ကျောင်းပြန်ဖွင့်ဖွင့်ချင်းမှာပဲ ဆရာရုံးခန်းကို ခနခန ဝင်လိုက်ထွက်လိုက်လုပ်မနေချင်ပါဘူး။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now