Chapter 7 . 2 [ Unicode ]

880 81 3
                                    

" အဲ့ဒါကို ကိုင်ထား "

Kou Chen က နောက်ကိုလှည့်မကြည့်ပဲအော်လိုက်ပြီး လှေကားလက်ရန်းကိုကိုင်ခိုင်းလိုက်တယ် ။ ပြီးတော့ Ghost Building ရဲ့ရှေ့မှာ အရိပ်တစ်ခုဖြတ်သွားပြီး အားကစားကွင်းဖက်ကို ပြေးသွားတာကို လှေကားအဆင်းကနေသူတစ်ယောက်တည်း မြင်လိုက်ရတယ် ။ Kou Chen က သူ့ရဲ့ အကျီကိုဆွဲထားတဲ့ Wei Chao Ren ရဲ့လက်ကို လက်ပြန်နဲ့ရိုက်ချလိုက်ပြီးပြောလိုက်တယ် ။

" သူတို့သွားပြီ "

ပြီးတော့ လှေကားထိပ်ကနေ ဒုတိယထပ်ကော်ရစ်တာကို လျှောက်လာလိုက်တယ် ။ သူခြေနင်းလိုက်တာနဲ့ " ဂျွတ် " ဆိုတဲ့အသံက ကြမ်းပြင်ကနေထွက်ပေါ်လာတယ် ။

" မင်း အဆောက်အဦးတစ်ခုလုံးကို ဖျက်ဆီးဖို့များဆုံးဖြတ်ထားတာလားကွာ "

Xu Chuan က ကျိန်ဆဲသလိုလိုနဲ့ သူ့ကိုစလိုက်တယ် ။ တကယ်တော့ Kou Chen က ခုနက ကြောက်ရွံမှု့ကြောင့် ချွေးပြန်နေတာဖြစ်လို့ Ghost Building ရဲ့သက်တမ်းက နှစ်တရာဝန်းကျင်ခန့်ရှိတဲ့ သူတို့ကျောင်းမှာ အကြာဆုံးနဲ့အဟောင်းဆုံးနဲ့ အဆောက်အဦးဖြစ်တယ်ဆိုတာကို မေ့လျော့သွားတာဖြစ်တယ် ။ သူ့ရဲ့စိတ်ထဲမှာ မနေ့တုန်းကလဲ ဒုတိယထပ်က ကြမ်းပြင်ကို ပျက်ဆီးအောင်လုပ်လိုက်မိတာကို သတိရသွားတယ် ။ ပြီးတော့ သူခုန်လိုက်လို့ မပျက်ဆီးတာဆိုလို့ ပထမထပ်က တမံသလင်းနဲ့လုပ်ထားတဲ့ကြမ်းပြင်ပဲရှိတော့တာကိုလဲ တွေးမိသွားတယ် ။ ဒါပေမဲ့ ခုနကလူရိပ်ကတော့ ဘာသဲလွန်စမှမချန်ခဲ့ပဲ ပျောက်ကွယ်သွားလေပြီ ။

Kou Chen က အားကစားကွင်းကိုလှမ်းမြင်ရတဲ့နေရာမှာ ရပ်လိုက်ပြီး အချိန်တစ်ခုကြာအောင်စောင့်ကြည့်နေခဲ့တယ် ။ ထွက်ပြေးသွားတဲ့လူကိုတွေ့ဖို့နေနေသာသာ လုံခြုံရေးဦးလေးကြီးရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရဘူး ။ သူ့စိတ်ထဲမှာ ထိုလူကို အနည်းဆုံးတော့ လုံခြုံရေးက မိသွားမယ်လို့ ထင်နေခဲ့တာ ။

Xu Chuan က Kou Chen ရဲ့ဘေးမှာလာရပ်ပြီးတော့ ပြောလိုက်တယ် ။

" အဲ့တာ မိန်းကလေးပဲ "

" အင်း ငါလဲ ခန့်တော့ခန့်မှန်းမိတယ် " Kou Chen က ခေါင်းငြိမ့်ပြတယ် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now